ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အသိသာအထင်ရှားဆုံးပြုလုုပ်တဲ့နိုင်ငံတွေကို ကမ္ဘာ့ဘဏ်က ချီးမြှင့်တဲ့ အမြင့်ဆုံးဆုအမျိုးအစားဖြစ်တဲ့ Star Reformers Award ကို မြန်မာအစိုးရက ၂၀၁၇အတွက် ရလိုက်ပါသည်။
Star Reformers Award ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာအောင် ဆွဲဆောင်နိုင်ခြင်း၊ ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများလွယ်ကူရှင်းလင်းအောင် ဆောင်ရွက် နိုင်ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ နည်းပညာများ ပြည်တွင်းလုပ်ငန်းများသို့ လွှဲပြောင်း ရရှိစေခြင်း နှင့် ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာမှ အသိအမှတ်ပြုရလောက်အောင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း အစရှိသည့် အချက်များကို အခြေခံပြီး Star Reformers Award ကို ချီးမြှင့်ခဲ့တယ်လို့ သိရပါသည်။
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ မှ ၂၇ ရက်နေ့ထိ ကျင်းပပြုလုပ်တဲ့ Investment Competitiveness Forum မှာ ကမ္ဘာ့ဘဏ်အုပ်စု ( The World Bank Group) က မြန်မာအစိုးရကို ဆုပေးအပ်ပြီး ဆုကို မြန်မာအစိုးရကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက တက်ရောက်လက်ခံရယူခဲ့ပါသည်။
ကမ္ဘာ့ဘဏ်အုပ်စုဟာ Star Reformers Award, Strong Reformers Award နဲ့ Aspiring Reformers Award ဆုအမျိုးအစား(၃)မျိုး ချီးမြှင့်တဲ့အနက် Star Reformers Award က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အသိသာအထင်ရှားဆုံးပြုလုပ်နိုင်တဲ့ နိုင်ငံတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံးဆုအမျိုးအစား ဖြစ်တယ်လို့ သိရပါသည်။
၂၀၁၇ နှစ်အတွက် Star Reformers Award ကို မြန်မာနိုင်ငံနဲ့ အီသီယိုးပီးယားနိုင်ငံတို့က ရရှိပါသည်။