စတားဘတ် ကိုရီးယား နိုင်ငံခြားသားများကို အဖျော်သမားအဖြစ် ပထမဆုံးအကြိမ် စတင်အလုပ်ခန့်


07 September, 2023

စတားဘတ် ကိုရီးယား နိုင်ငံခြားသားများကို အဖျော်သမားအဖြစ် ပထမဆုံးအကြိမ် စတင်အလုပ်ခန့်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ယခုအခါ နိုင်ငံခြားသားများသည် Starbucks Korea တွင် အဖျော်သမား ဖြစ်လာနိုင်ပြီဖြစ်သည်။
 
ကုမ္ပဏီသည် ၎င်း၏ နှစ်စဉ် အဖျော်သမားများ  အလုပ်ခန့်သည့် အစီအစဉ်တွင်  ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားသားများထံမှ လျှောက်လွှာများကို စတင်လက်ခံနေပါသည်။
လျှောက်ထားသူများသည် အချိန်ပိုင်း အလုပ်လုပ်ခွင့် ရှိသည် ဗီဇာ ရှိသူ ဖြစ်ရပါမည်။

ကိုရီးယားဘာသာ ကျွမ်းကျင်မှု စာမေးပွဲ Test of Proficiency in Korean  (Topik) တွင် အဆင့် ၃  နှင့် အထက်ရှိသူကို ဦးစားပေးမည် ဖြစ်သည်။
 စက်တင်ဘာလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရမည် ဖြစ်သည်။ ရွေးချယ်ခံရသူများကို အောက်တိုဘာလ ၂၃ ရက်နောက်ပိုင်းတွင် အလုပ်ခန့်ထားမည် ဖြစ်သည်။

ကိုရီးယားနိုင်ငံတစ်လွှားရှိ ဆိုင်ခွဲ ၁,၈၀၀ တွင် အလုပ်ခန့်မည် ဖြစ်ပြီး ဦးရေ ရာဂဏန်း အလုပ်ခန့်မည် ဖြစ်သည်။


Starbucks Korea အဆိုအရ  နိုင်ငံခြားသားများကို အဖျော်သမားအဖြစ်  ပထမဆုံးအကြိမ် အလုပ်ခန့်ခြင်း ဖြစ်ပါသည်။
 
လျှောက်ထားသူများသည် အလုပ်ဆင်းရမည့် အဆိုင်း ပုံစံ ၃ မျိုးအနက် နှစ်သက်ရာကို ရွေးချယ်နိုင်ပါသည်။

• စနေတနင်္ဂနွေ အပါအဝင် တရက် ၅ နာရီ အလုပ်ချိန်ကို တပတ်လျှင် ၅ ရက် အလုပ်လုပ်ပြီး တစ်ပတ်လျှင် စုစုပေါင်း၂၅ နာရီ အလုပ်လုပ်ရမည်

• စနေတနင်္ဂနွေ အပါအဝင် တရက် ၃ နာရီ အလုပ်ချိန်ကို တပတ်လျှင် ၅ ရက် အလုပ်လုပ်ပြီး တစ်ပတ်လျှင် စုစုပေါင်း ၁၅ နာရီ အလုပ်လုပ်ရမည်

• စနေတနင်္ဂနွေတွင်သာ အလုပ်လုပ်ရမည်။ တရက် ၈ နာရီ စနေနှင့် တနင်္ဂနွေ အလုပ်လုပ်ပြီး တစ်ပတ်လျှင် စုစုပေါင်း ၁၆ နာရီ အလုပ်လုပ်ရမည်

Source koreajoongangdaily
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Labour Affairs Read 582 times