ပွင့်သစ်စ လုပ်ငန်းများရဲ့ ခြေလှမ်းများ


30 July, 2018

စိတ်ကူးအသစ်တွေနဲ့ ခြေလှမ်းတွေ လှမ်းနေတဲ့ လုပ်ငန်းအသစ်တွေဟာ လုပ်ငန်းပြုတ်ကိန်း မြင့်မားသလို အမြတ်မြင့်မြင့်မားမား ရဖို့လည်း ဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံဟာ ကြီးမားတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နံှသူအချို့ကတော့ ဆုံးရှုံးမယ့်အရေး များလွန်းတယ်လို့ ယူဆထားကြပေမဲ့ ယခုအခါမှာ အရွယ်ငယ်ပေးမယ့် ကြီးထွားနှုန်း မြန်ဆန်တဲ့ နည်းပညာအခြေပြု လုပ်ငန်းငယ်များ ထွန်းကာရာနေရာ ဖြစ်လာနေပါတယ်။ အိမ်ချက် အစားအစာ ပေးပို့တဲ့ လုပ်ငန်းမှအစ် ကာတွန်းအက်ပ်အဆုံး အမျိုးစုံ လုပ်ကိုင်နေကြပါတယ်။ အခုလို လုပ်ငန်းအသစ် အငယ်စားလေးတွေက လုပ်ကိုင်နေကြပေမဲ့ဆဲ ဖြစ်ပါတယ်။

ဖေ့စ်ဘုတ်က အင်တာနက်အစား နေရာအပြည့်နီးပါး ရယူထားပြီး SIM ကတ်တွေ ပေါပေါလောလော ရနေတဲ့အတွက် မိုဘိုင်းဖုန်း ကိုင်ဆောင်သုံးစွဲသူ များသည်ထက် များလာနေတယ်။ နိုင်ငံသား ၅ ယောက်မှာ ၄ ယောက်ထံ၌ စမတ်ဖုန်း ရှိနေတာမို့ ဒစ်ဂျစ်တယ်စီးပွားကို တွန်းတင်ပေးဖို့ အခြေခံ ရှိနေစေပါတယ်။

အဲဒီအတွက် အရှိန်မြှင့်တင်ပေးဖို့ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတစ်ခုကတော ဖန်တီးရာ ဖြစ်ပါတယ်။ နည်းပညာ ဆုံချက်အဖြစ် ရပ်တည်ပြီး နည်းပညာဆိုင်ရာ ပြိုင်ပွဲတွေ အခါအားလျော်စွာ ကျင်းပပေးလျေက် ရှိပါတယ်။ ပြီးတော အရှိန်တင် အစီအစဉ် accelerator programme ကိုလည်း လုပ်ငန်းအသစ် စလုပ်ဖို့ စိတ်ကူးရှိသူတွေအတွက် ပြိုင်ပွဲကျင်းပပေးပါတယ်။

ပြိုင်ပွဲမှာ အောင်နိုင်တဲ့ အဖွဲ့တွေကို အမေရိကန်ဒေါ်လာ နှစ်သောင်းခွဲအား မျိုးစေ့ရန်ပုံငွေအဖြစ် ချီးမြှင့်ပေးပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်က တတိယအကြိမ်မြောက် Startup Accelerator ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

ပွင့်သစ်စ start-up လုပ်ငန်း တစ်ခု ဖြစ်တဲ့ Shwe Bite က ရုံးဝန်ထမ်းတွေ နေ့လည်စာ ထမင်းဘူး စီစဉ်ပေးတဲ့ အလုပ်ကို လုပ်ကိုင်ပါတယ်။ အိမ်ချက် ထမင်းဟင်းတွေကို ဘူးအကြည်နဲ့ ထည့်ပြီး ပို့ပေးတယ်။

Shwe Bite အစီအစဉ်မှာ ပါဝင်လိုတဲ့ အိမ်ရှင်မတွေကိုလည်း ဖိတ်ခေါ်ပါတယ်။

၎င်းရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလို ကြေညာပေးထားပါတယ်။

လက်ရာကောင်းမွန်သော အိမ်ရှင်မများ Shwe Bite မှ ခေါ်ယူနေပြီနော်......

အိမ်မှာနေပြီး ဟင်းချက်တတ်ရုံနဲ့ ဝင်ငွေရရှိမှာဖြစ်ပါတယ်....

- လခနဲ့ မဟုတ်တဲ့အတွက် လကုန်မှာစောင့်နေစရာမလိုပါ

မိမိကို order မှာတဲ့ အခါမှ ချက်ပေးရမှာဖြစ်ပါတယ်...

မိမိရဲ့လုပ်အားခကိုတော့ နေ့လည် ၃နာရီနောက်ဆုံးထားပြီး

CB Bank ကငွေလွှဲပေးမှာဖြစ်ပါတယ်....

မှတ်ချက် (ဘူးအများကြီးချက်နိုင်ဖို့တော့လိုမယ်နော် . . )

- ဟင်းလျာများကို ပုံမှန်အားဖြင့်မနက် ၉နာရီတွင်အပြီးချက်ပြုတ်

ပေးရမှာဖြစ်ပြီး Shwe Bite မှ ပေးသော ပစ္စည်းများနှင့် အပြီး

ထုပ်ပိုးထားရမှာဖြစ်ပါတယ်... ထို့နောက် Delivery

Service မှယူပြီး Customers များထံသို့ သွားရောက်ပို့

ဆောင်ပေးမှာဖြစ်ပါတယ်...

- သင်ဟာ တိုင်းရင်းသားအစားအစာ သို့မဟုတ် အခြားသော

အစားအစာများကို ချက်ပြုတ်နိုင်ရင်တော့Shwe Bite အတွက်

အသင့်တော်ဆုံးဖြစ်မှာပါ.....

လာရောက်လျှောက်ထားလိုပါက

၁၀လွှာ, Royal River View Condo, အမှတ်.၆၂၈/၆၃၆ ကုန်သည်လမ်းမကြီး ( ၂၉လမ်းနှင့် လမ်း၃၀ ကြား)

ပန်းဘဲတန်းမြို့နယ်, ရန်ကုန်မြို့

သို့လာရောက်လျှောက်ထားရမှာဖြစ်ပါတယ်

အသေးစိတ်သိရှိလိုပါက

ဖုန်းနံပါတ် ၀၉၉၆၄၆၄၇၈၇၈ ဆက်သွယ်မေးမြန်းနိုင်ပါသည်

Shwe Bite ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ အစပြုခဲ့ပါတယ်။ တစ်ဘူး ကျပ် ၂၀၀၀ ဖြင့် နေ့လည်စာထမင်းဘူးတွေ ရောင်းချပေးတယ်။ တစ်လစာ ယူရင် ကျပ် ၂၀၀၀ အောက်မှာ ရတယ်လို့ သိရပါတယ်။

ရုံးဝန်ထမ်းအတွေ့အကြုံ ရှိခဲ့သူ ပူးတွဲထူထောင်သူ မိုးထက်ကျော်က Shwe Bite ကို သူ ထူထောင်ဖို့ ဆုံးဖြတ်ရတာ ရုံးဝန်ထမ်းတွေအနေဖြင့် ချက်ပြုတ်ဖို့ အချိန်မရတာ၊ အရသာကောင်းမွန်တဲ့ ဟင်းလျာတွေကို မချက်တတ်တာကြောင့် နေ့လည်စာ ထမင်းဘူးအတွက် အခက်အခဲ ရှိနေတယ်။ ယခုအခါ အမျိုးသမီးအများစုက အိမ်ထောင်ဝင်ငွေအတွက် တစ်ဖက်တစ်လမ်းမှ ဝင်အောင် အလုပ်လုပ်နေကြတယ်။

Shwe Bite အိမ်မှာ ထမင်းဟင်းချက်တဲ့သူတွေနဲ့ အလုပ်များတဲ့ ဝန်ထမ်းတွေအကြား ချိတ်ဆက်ပေးတယ်။ ချက်ချင်းမှာ ချက်ချင်းပို့တော့ မရနိုင်ဘူး။ နောက်တစ်နေ့အတွက် ယနေ့ ညနေ ၄ နာရီမထိုးခင်မှာ ကြိုမှာဖို့ လိုမယ်။ www.shwebite.com နဲ့ Shwe Bite မိုဘိုင်း အက်ပ်တို့ကနေ မှာကြားလို့ ရတယ်။ တချို့ ပွဲတွေမှာ နေ့လည်စာကို ကရိကထ သိပ်မများဘဲ ကျွေးမွေးဖို့အတွက် Shwe Bite မှာ ဘူး တစ်ရာ နှစ်ရာ စသဖြင့် မှာယူပြီး ကျွေးမွေးတာတွေလည်း ရှိပါတယ်။

Shwe Bite က မြန်မာပြည်မှာသာမက ပြည်ပမှာပါ တိုးချဲ့လုပ်ကိုင်ဖို့ မျှော်မှန်းထားတယ်။ ဥပမာ စင်ကာပူလို မြန်မာဝန်ထမ်းတွေ အများအပြား ရှိနေတဲ့ မြို့ကြီးတွေမှာ လုပ်ကိုင်မှာ ဖြစ်ပါတယ်လို့ ပူးတွဲထူထောင်သူက ပြောပြပါတယ်။

နောက်ထပ် အောင်မြင်မှု ရရှိနေတဲ့ start-up ပွင့်သစ်လုပ်ငန်းငယ်ကတော့ White Merak Comic Studios ဖြစ်ပါတယ်။ သူက ကာတွန်းအက်ပ်ဖြင့် ကာတွန်းတွေ ရောင်းချပေးတာ ဖြစ်ပါတယ်။ အရင်းအနှီးအဖြစ် ကန်ဒေါ်လာ ၁၄၀, ၀၀၀ ကို ပြည်တွင်းမှ အရဲစွန့် ရင်းနှီးမြှုပ်နှံသူတွေက ၂၀၁၇ ခုနှစ်မှာ ထည့်ဝင်ပေးခဲ့ပါတယ်။ ဝန်ထမ်း ၂၀ ဦး ဖြင့် လုပ်ကိုင်လျက် ရှိပါတယ်။

မိုဘိုင်းအက်ပ်ကို ၂၀၁၆ ခုနှစ်မှာ အစပြုခဲ့ပါတယ်။ မိုဘိုင်းအက်ပ်ဖြင့်ဖြစ်စေ၊ ၎င်းရဲ့ ဝက်ဘ်ဆိုက် www.whitemerakcomics.com မှာ ဖြစ်စေ သုံးစွဲနိုင်ပါတယ်။

ယခုအခါ စာရင်းဝင်သူ တစ်ထောင် ဝန်းကျင် ရှိပါတယ်.။ သူတို့က လစဉ်ကြေး ကျပ်တစ်ထောင် ပေးသွင်းပြီး ကာတွန်းဖတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ တစ်အုပ်ချင်း ဝယ်ယူတာတွေလည်း ရှိပါတယ်။

ဖန်တီးရာရဲ့ chief executive ဖြစ်သူ Jes Kaliebe Petersen က စမတ်ဖုန်း သုံးစွဲသူ ဦးရေ များပြားတာမို့ နည်းပညာအခြေပြု လုပ်ငန်းသစ် အငယ်စားတွေဟာ မြို့ပြနေ လူလတ်တန်းစားတွေအတွက ်ဝန်ဆောင်မှုတွေကို လုပ်ကိုင်ဖို့ အခြေအနေပေးနေတယ်လို့ သုံးသပ်ပါတယ်။ အဲဒါက ပထမ လှိုင်းဖြစ်ပါတယ်။ အလုပ်အကိုင် ရှာဖွေရေး၊ အိမ်ခြံမြေ ရောင်းဝယ်ရေး စတာတွေကို လုပ်ကိုင်ကြတယ်။

ဒုတိယလှိုင်း အသစ်ကတော့ ဒစ်ဂျစ်တယ် သုံးစွဲတဲ့ မျိုးဆက်သစ်ကို ဦးတည်တယ်။ ရန်ကုန်မှာ နေနေ၊ မန္တလေးမှာ နေနေ ဘယ်မှာနေနော စမတ်ဖုန်းရှိပြီး အခုလို ဝန်ဆောင်မှုတွေ သုံးစွဲဖို့ တတ်နိုင်တဲ့သူတွေကို ဦးတည်ပါတယ်။

အဓိက အခက်အခဲ ဖြစ်နေပြီး ဆင်ပြောင်ကြီး အမြီးကျမှတစ်ဆိုသလို ဖြစ်နေတာကတော့ အွန်လိုင်းငွေပေးစနစ် မရှိသေးတာ ဖြစ်ပါတယ်။ အခုလို လုပ်ငန်းသစ်တွေ အနေဖြင့် ငွေပေးငွေယူစနစ် မရှိသေးတာကြောင့် အလှမ်းကျယ်ကျယ် လှမ်းဖို့ ခက်နေစေတယ်။ အလှမ်းကျယ် အလယ်လတ်နေတဲ့ အွန်လိုင်းငွေချေစနစ် မရှိခြင်းကြောင့် ငွေပေးချေခြင်းကို SIM ကတ်ထဲက ငွေနဲ့ပဲ ပေးချေနေကြရတယ်။ ဒီတော့ မှန်းသလောက် ခရီးမပေါက်ကြတဲ့အပြင် ခရီး စမထွက်နိုင်တာတွေလည်း နည်းပညာအခြေပြု ဝန်ဆောင်မှု စိတ်ကူးတွေမှာ တွေ့နေရဆဲ ဖြစ်ပါတယ်။

BBC

Tips Read 679 times