ဖန်တီးရာ၏ တတိယအကြိမ် Startup Accelerator ပြိုင်ပွဲ


၁၁၁
29 July, 2018

နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်လုပ်ငန်းများကို မြေတောင်မြှောက်ပေးနိုင်ရန်အတွက် ဖန်တီးရာ(Phandeeyar)က ကြီးမှူးစီစဉ်သည့်ှStartup Accelerator ပြိုင်ပွဲကို တတိယအကြိမ်အဖြစ်ဇူလိုင် ၂၁ ရက်မှ ဇူလိုင် ၂၉ ရက်အထိ ကိုးရက်ကြာ ကျင်းပခဲ့သည်။

အဆိုပါStartup Challenge သည် စွန့်ဦးတီထွင်သူများက အဖွဲ့ဖွဲ့၍ မိမိတို့၏ စိတ်ကူးအကြံဉာဏ်များကို အလားအလာအကောင်းဆုံး နည်းပညာဆိုင်ရာစီးပွားရေးလုပ်ငန်းများဖြစ်လာစေရန် ကြိုးစားယှဉ်ပြိုင်တင်ပြရသည့်ပြိုင်ပွဲဖြစ်သည်။

Startup Challenge ပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ နည်းပညာစီးပွားရေးလုပ်ငန်းများ ပိုမိုများပြားလာစေရန်အတွက်တွန်းအားပေးရန်ဖြစ်ပြီး ဖန်တီးရာ၏ CEO Jes Kaliebe Petersen က ‘’ကျွန်တော်တို့Startup Challenge ကိုလုပ်တာ အခု ၂၀၁၈ ခုနှစ်ပွဲနဲ့ဆိုရင် သုံးကြိမ်ရှိပြီဖြစ်ပါတယ်။ လုပ်တဲ့အကြိမ်တိုင်းမှာလည်း တစ်နှစ်ထက်တစ်နှစ် ပြိုင်ပွဲဝင်တွေ ပိုမိုများပြားလာပြီး သူတို့လုပ်ချင်တဲ့ နည်းပညာအခြေပြု စီးပွားရေးလုပ်ငန်းတွေရဲ့အိုင်ဒီယာတွေလည်း ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။

အခုပွဲက ပြိုင်ပွဲလုပ်ပြီး အနိုင်ရရှိတဲ့အသင်းကို ဆုပေးရုံတင်မဟုတ်ဘဲ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကို တကယ်စတင်လုပ်ကိုင်နိုင်အောင် ပြုလုပ်ပေးမယ့် Pre-Accelerator အစီအစဉ်ကိုလည်း ပါဝင်ခွင့်ရမှာဖြစ်လို့ ကိုယ်ပိုင်လုပ်ငန်း စတင်ချင်တဲ့သူတွေ၊ အကြံဉာဏ်ရှိပြီးသားသူတွေအတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်ပါတယ်’’ဟု ပြောသည်။

ယခုနှစ် Pre-Accelerator တွင် မြန်မာနိုင်ငံတွင် အဓိကလိုအပ်နေသော ကဏ္ဍများဖြစ်သည့် နည်းပညာဆိုင်ရာ စီးပွားရေးကဏ္ဍကြီးသုံးခုဖြစ်သည့်Tech for Farm (လယ်ယာစီးပွားရေးအတွက် နည်းပညာ)၊Tech for Life (လူနေမှုအတွက် နည်းပညာ)နှင့်Tech for Company (ကုမ္ပဏီများအတွက် နည်းပညာ)ဟု ကဏ္ဍသုံးခုဖြင့် ယှဉ်ပြိုင်သည်။

ဖန်တီးရာ၏ Entrepreneurship Manager ကိုအာကာဖြိုးက ‘’ဒီပွဲမှာ နည်းပညာကိုအသုံးပြုပြီး မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းကို မြင့်မားအောင် ဆောင်ရွက်ပေးမယ့် စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့ အကြံဉာဏ်ရှိသူတွေကဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။

စွန့်ဦးတီထွင်လုပ်ငန်းလုပ်ချင်သူတွေ လိုအပ်မယ့် အရည်အသွေးတွေကို စာတွေ့သာမက လက်တွေ့မှာ အကောင်အထည်ဖော်နိုင်အောင် လေ့ကျင့်သင်ကြားပေးမှာဖြစ်လို့ ဆုရရှိသည်ဖြစ်စေ၊ ဆုမရသည်ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတွေအကုန်လုံး အကျိုးရှိမှာ ဖြစ်ပါတယ်။ အနိုင်ရရှိတဲ့အသင်းက ဆုကြေးငွေကို ရရှိမယ့်အပြင် ကိုယ်ပိုင်ကုမ္ပဏီတစ်ခု တည်ထောင်နိုင်တဲ့အထိ လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်’’ဟု ပြောသည်။

ကဏ္ဍတစ်ခုချင်းစီအလိုက် အနိုင်ရရှိသောအသင်း (ပထမရသောအသင်း)တွေက ဆုကြေးငွေ ဒေါ်လာ ၃၀၀၀ ရရှိမည်ဖြစ်ပြီး ဒုတိယ ရရှိသောအသင်းတွေက ဆုကြေးငွေဒေါ်လာ ၂၀၀၀ ကိုရရှိမည်ဖြစ်သည်။

သက်ဆိုင်ရာ ကဏ္ဍအလိုက် အနိုင်ရှိတဲ့ အသင်းများမှာ

Tech for Company

ပထမ - Brocode

ဒုတိယ - Dhobi.co

Tech for Life

ပထမ - လမ်းကြုံ (Lan Kyone)

ဒုတိယ - Fashion Geeks

Tech for Farm

ပထမ - Hydro Plant

ဒုတိယ - Myanmar Young Agripreneurs

တို့ ဖြစ်ကြသည်။

Local News Tips Read 926 times