ဖြစ်ပေါ်နေသော ဆန်ဈေးကွက်အခြေအနေနှင့် ဆန်ဈေးနှုန်းများ


03 August, 2018

ရန်ကုန်ဈေးကွက်တွင် သင်္ကြန်ပိတ်ရက်အလွန် သုံးလကျော် ကာလအတွင်း ဆန်ကြမ်း တစ်အိတ်လျှင် အကြမ်းဖျင်း ကျပ် ၂၀၀၀ ဝန်းကျင်၊ဆန်ချော တစ်အိတ်လျှင် ကျပ် ၅၀၀၀ ဝန်းကျင် ဈေးမြင့်လာသည်ဟု ဘုရင့်နောင်ပွဲရုံ ဆန်လုပ်ငန်းရှင် တစ်ဦးမှ ပြောကြားခဲ့ပါသည်။

၂၀၁၇ – ၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် နွေစပါး၊ မိုးစပါး စိုက်ဧကမှာ ၁၇၉ သိန်းကျော်ရှိရာ ပေါ်ဆန်းမွေး စပါးဧက ၁၃ သိန်းကျော် စိုက်ပျိုးခဲ့သည်ဟု သိရပါသည်။ ၎င်းနှစ်တွင် မိုးစပါးဧကမှာ ၁၅၀ သိန်း ဝန်းကျင်ရှိကာ နွေစပါး စိုက်ပျိုးမှုမှာ ဧက ၂၉ သိန်းဝန်းကျင်ရှိသည်ဟု သိရပါသည်။ ၂၀၁၈ ခုနှစ် မိုးရာသီ ရေကြီး ရေလျှံမှုဖြစ်စဉ်ကြောင့် မိုးစပါးစိုက်ဧက နှစ်သိန်းဝန်းကျင် ရေနစ်မြုပ်ခဲ့ပြိး ဧက ၈၀၀၀၀ ကျော် ပျက်စီးခဲ့သည်။

ဇူလိုင်လ ဒုတိယပတ်အတွင်းထိ ၎င်းပျက်စီးခဲ့သည့် ဧကထက်ဝက်ကျော် ပြန်လည်စိုက်ပျိုးခဲ့ပြီးဟု သိရပါသည်။

ရေကြီးမှုကို စပါးပင်များအနေဖြင့် ခံနိုင်ရည်ရှိရာ ရက်အနည်းငယ်အတါင်း ရေပြန်ကျပါက လယ်အပျက်အစီးနည်းသည်ဟု ကျောင်းကုန်းနယ်မှ စပါးကုန်သည်တစ်ဦးက ပြောကြားခဲ့ပါသည်။ ပြည်တွင်းတါင် အများစားသုံးမှုများသော ဆန်ကြမ်းမှာ စိုက်ပျိုးမှုများ သကဲ့သို့ ဈေးကွက်တွင် ဝယ်လိုအား၊ ရောင်းလိုအား များသော်လည်း ဈေးနှုန်းမြင့်တက်မှုသည် စိုက်ပျိုးမှုနည်းပြီး ငွေကြေးတက်နိုင်သူများသာ စားသုံးခြင်းများသော ပေါ်ဆန်းဆန်စေးျနှုန်းမြင့်တက်မှုနှုန်း၏ တစ်ဝက်ပင်မရှိဟု ဈေးကွက်မှ သိရသည်။

ယခုစိုက်ပျိုးနေသော မိုးစပါးတွင် စပါးကြမ်း အမျိုးအစားသည် စက်တင်ဘာလကုန် ဝန်းကျင် ပြည်တွင်း ဆန်ဈေးကွက်သို့ စတင်ဝင်ရောက်နိုင်သည့် ဆန်ကြမ်းအသစ်များ ရရှိမည့် စပါးများဖြစ်သည်။ သို့သော် ပေါ်ဆန်းဆန်မှာမူ ပေါ်ဆန်းယဉ်အနေဖြင့် ကောက်စောစပါးကြမ်းအသစ်ထက် နှစ်လဝန်းကျင် နောက်ကျမှ ရိတ်သိမ်း၊ ကြိတ်ခွဲ၊ ဈေးကွက်သို့ ရောက်နိုင်မည်ဖြစ်ရာ ဆန်ဈေးကွက်တွင် ပေါ်ဆန်းစပါးများသည် ဆန်ကြမ်း အုပ်စုများထက် ဈေးနှုန်းအမြင့်တွင် အချိန်ကာလ ပိုကြာမြင့်စွာ ရှိနိုင်သည်။

ရန်ကုန်ဆန်ဈေးကွက်တွင် ဆန်ကြမ်းဈေးနှုန်းမှာ သုံးလတာအတွင်း အတက်၊ အကျ ဖြစ်နေရာ ကွာခြားမှုမှာ ပျမ်းမျှ တစ်အိတ်လျှင် ကျပ် ၅၀၀၀ ဝန်းကျင် ဈေးနှုန်းအတက်သာရှိနေသည်။ ဆန်ကြမ်းများသည် အသစ်စတင်ထွက်ပေါ်ရန် ရက်ပေါင်း ၆၀ ဝန်းကျင်သာ လိုအပ်ရာ လှောင်လက်များအနေဖြင့် စပါးကြမ်းများကို ပေါ်ဆန်းစပါးထက် အချိန်စောကြိတ်ခွဲ၍ ဈေးကွက်သို့ တင်ပို့ရန် ရှိနေသည်။ ပြည်ပတင်ပို့ရာတွင် ပင်လယ်ရေကြောင်းဖြင့် တင်ပို့သော်ဆန်ထက် နယ်စပ်ပို့ဆန်ကြမ်း အမျိုးအစားဈေးနှုန်းသည် ဆန်ဈေးကွက်တွင် အရေးပါသည်။

လက်ရှိအနေအထားတွင် နယ်စပ်ဈေးကွက်အနေအထားသည် ပုံမှန်အနေအထားအတိုင်းသာ ရှိနေသဖြင့် ရန်ကုန်ဆန်ကြမ်းဈေးကွက်တွင် ဆန်ကြမ်းဈေးနှုန်းသည် ဆန်ချောဈေးနှုန်းကဲ့သို့ ဈေးမတက်သေးဘဲ ဈေးငြိမ်နေဆဲရှိသည်ဟု သိရပါသည်။

ဆန်ဈေးနှုန်းများ

ဆန္အမ်ိဳးအစား

အနိမ့်ဆုံးဈေး

အမြင့်ဆုံးဈေး

ဖျာပုံပေါ်ဆန်းသစ်

၄၀၀၀၀

၄၃၀၀၀

ဒေးဒရဲ ပေါ်ဆန်းသစ်

၄၀၀၀၀

၄၃၀၀၀

မြောင်းမြ/ ပုသိမ်ပေါ်ဆန်းသစ်

၄၂၀၀၀

၄၆၀၀၀

ပေါ်ဆန်းနယ်စုံသစ်

၄၀၀၀၀

၄၂၀၀၀

ဧည်မထ

၂၂၅၀၀

၂၃၀၀၀

ငစိန်

၂၂၀၀၀

၂၃၀၀၀

မြီးဒုံ

၃၈၀၀၀

၃၉၀၀၀

ဧည့်မထဆန်ကွဲ [2,3,4]

၁၈၀၀၀

၁၈၅၀၀

ဧည့်မထဆန်ကွဲ [1,2]

၁၈၅၀၀

၁၉၀၀၀

ပေါ်ဆန်းချောဆန်ကွဲ

၂၁၅၀၀

၂၃၀၀၀

ရွှေဘိုပေါ်ဆန်း

၅၄၀၀၀

၅၆၀၀၀

မိုးသုခရှယ်

၂၄၅၀၀

၂၆၀၀၀

ဧည့်မထ ၂၅% သစ်

၂၀၅၀၀

၂၀၈၀၀

ပေါ်ဆန်းသစ်ရှယ်

၄၁၅၀၀

၄၃၀၀၀

ရက် ၉၀ သစ်ရှယ်

၂၃၅၀၀

၂၄၀၀၀

ကြမ်းသစ်ရှယ်

၂၂၀၀၀

၂၃၀၀၀

ကြားပျံသစ်ရှယ်

၄၅၀၀၀

၄၆၀၀၀

နှံကားသစ်ရှယ်

၂၂၅၀၀

၂၂၈၀၀

Source: the farmer / pissaya

Local News Read 3115 times