အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းမျ ား ဖွံ့ဖြိုးတိုးတက်ရေးအတွက် Master Plan, Action Plan များ ရေးဆွဲဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရပါသည်။
ထို့ပြင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ မှတ်ပုံတင်ခြင်းကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာစွာချေးငွေစီစဉ်ပေးရေး၊ လုပ်ငန်းအကြံပေး ဝန်ဆောင်မှု Consultancy ပေးစွမ်းနိုင်ရန် Service Center များ တည်ထောင်ရေး၊ ထုတ်ကုန်အဆင့်မြှင့် နည်းပညာများနှင့် လုပ်ငန်းစီမံခန့်ခွဲမှုသင်တန်းများ ပေးအပ်ရေး ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
အာဆီယံဒေသတွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းမျ ားဆိုင်ရာ မဟာဗျူဟာမြောက်လုပ်ငန်းစီမံကိန်း (ASEAN Strategic Action Plan for SMEDevelopment ASEAN SAP SMED) ၂၀၁၆-၂၀၂၅ အရ အာဆီယံဒေသတွင်း မြန်မာ့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ရှင်သန်ရပ်တည်နိုင်ရေးနှင့် အရည်အသွေးမျ ားကို ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးတို့အတွက် ရေးဆွဲထားသည့် ASEAN Strategic Action Plan ကို အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ညှိနှိုင်းအကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် များစွာအခြေခံသည်။
တစ်နိုင်ငံလုံး၏ စီးပွားရေးလုပ်ငန်း ၉၉ ရာခိုင်နှုန်းသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍများ ဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံဖြစ်သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမျ ား တိုးမြင့်လာစေပြီး SME လုပ်ငန်းများ၏ ငွေကြေးလည်ပတ်မှု အားကောင်းလာစေရန် ငွေကြေး အရင်းအနှီး ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော် ၏ဘဏ္ဍာငွေမှ ချေးငွေထောက်ပံ့မှုမျ ားအပြင် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများထံမှ ချေးငွေများကို ရယူဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးအား သက်သာသော အတိုးနှုန်းဖြင့်ရရှိမှသာလျှင် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေးနှင့် သွင်းကုန်အစားထိုးလုပ်ငန်းဖြစ်စေရေးအတွက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ခေါင်းစဉ်အောက်၌ လုပ်ငန်းကဏ္ဍ ပေါင်းစုံတိုးတက်စေရေးအတွက် ချေးငွေများ
ထုတ်ချေးပေးခြင်းဖြစ်သော်လည်း အခြားတစ်ဖက်တွင် နည်းပညာအားနည်းချက်များ၊ နိုင်ငံတကာဈေးကွက်ချဲ့ထွင်နိုင်မှု၊ စွန့်ဦးစီးပွားပညာရပ်များ မြှင့်တင်ပေးနိုင်မှု၊ အသေးစားလုပ်ငန်းများ၏ စိတ်ဝင်စားမှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် ဖြစ်သည်။
ထို့ပြင် စတင်တည်ထောင်မည့် SME လုပ်ငန်းများ ရှင်သန်ရေးအတွက် အချိန်ကာလတစ်ခုသတ်မှတ်ကာ အခွန်သက်သာခွင့်ရရှိစေရန်လည်း လိုအပ်ကြောင်း၊ သွင်းကုန်အစားထိုး ထုတ်လုပ်မှုလုပ်ငန်းများ အသုံးပြုနေသည့်စက်များ၊ယန္တရားမျ ား တင်သွင်းခြင်းအပေါ် အကောက်ခွန် ကင်းလွတ်ခွင့်ရရှိရေးကိုလည်း ကုန်သည်စက်မှုအသင်းချုပ် တာဝန်ရှိသူတစ်ဦးက ဒုတိယသမ္မတ (၁) နှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် တင်ပြခဲ့ပါသည်။
Eleven