နိုင်ငံခြားငွေလဲနှုန်း အတက်ကြမ်းခြင်းကြောင့် သကြားနှင့် စက်သုံးဆီတို့ကို Re – export စနစ်ဖြင့် တင်ပို့ခွင့်လိုင်စင် ထုတ်ပေးခြင်းအား သြဂုတ် ၁၇ ရက်မှ စတင်ရပ်ဆိုင်းလိုက်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“Re – export ပိတ်လိုက်ပါတယ်။ သကြား၊ ဒီဇယ်ကြောင့်မို့ ငွေဈေးတက်တယ်ဆိုပြီး ပြောကြတယ်။ သုံးသပ်ကြတယ်။ အဲဒီအတွက် Re – export လိုင်စင်ထုတ်ပေးတာကို ပိတ်ခိုင်းတယ်။ ဒါတွေကို ပို့ကုန်သွင်းကုန် လိုင်စင်ဌာနမှာ တရားဝင်ကြေညာထားပြီ ဖြစ်ပါတယ်။ သြဂုတ် ၁၇ ကစပြီး Re – export လိုင်စင်ထုတ်ပေးခြင်း မပြုဘူး။ အရင်ထုတ်ပေးပြီးသား ဥစ္စာတွေကတော့ သူ့ Process အတိုင်း ဆောင်ရွက်ခွင့်ရှိတ
ယ်။ အသစ်သာ မပေးတော့တာ”
ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ယင်းကဲ့သို့ Re – export တင်ပို့ခြင်းကို ၂၀၁၅ ခုနှစ် သြဂုတ်မှ စတင်ကာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကာ Re – export စနစ်ဖြင့် တင်ပို့နိုင်ရန် သကြား၊ ကွမ်းသီး၊ နှမ်း၊ ဝါဂွမ်းတို့ကို ခွင့်ပြုပေးထားကြောင်း သိရသည်။
“လောလောဆယ်မှာ သကြားနဲ့ဒီဇယ်နဲ့ကို ပိတ်လိုက်တယ်။ အမျ ားဆုံးဖြစ်တဲ့ အမျိုးအမည်တွေကို ပိတ်လိုက်တယ်”
ဟု ညွှန်ကြားရေးမှူး ချ ုပ်ဦးရန်နိုင်ထွန်းက ဆိုသည်။
လက်ရှိ Re-Export ပါမစ်ဖြင့် တင်သွင်းခွင့်ပြု ထားသည့် သကြားတန်ချိန် ၇ သိန်းကျော်ထိ ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“Re – export လုပ်ကိစ္စကို ကန့်သတ်တယ်လို့ ကျွန်တော်တို့ ကြားပါတယ်။ စက်သုံးဆီရယ် သကြားရယ် နှစ်ခုပေါ့နော် ။ အဲဒီနှစ်ခု Re–export လုပ်တဲ့ ကိစ္စကို ကန့်သတ်တယ်လို့ ကြားတာပါ”
ဟု မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြန်စိစစ်ရန် လိုအပ်
*************
“အဓိကကတော့ နိုင်ငံခြားငွေသုံးစွဲမှုတွေ မျ ားတယ်ဆိုပြီး ပိတ်တယ်လို့ ယူဆတယ်၊ အဲတော့ Re – export သွားတဲ့အခါမှာ ငွေကြေးသုံးစွဲရတာ ရှိတာပေါ့။ ငွေကြေးသုံးစွဲတယ်ဆိုတာ နိုင်ငံခြားက ဝယ်တယ်။ ဝယ်ပြီးတော့ မှ Re – export ပြန်လုပ်ရတာပေါ့နော် ။ အဲဒီကြားထဲမှာ ငွေကြေးလည်ပတ်မှုတစ်ခုတော့ သွားရတာပေါ့။ သွားတဲ အခါ သုံးရတဲ့ ငွေကြေးနဲ့ ကျွန်တော်တို့နိုင်ငံက ပြန်ရတဲ့ကိစ္စ ရှိတာပေါ့နော် ။ သုံးရတဲ့ ငွေကြေးပမာဏက ဘယ်လောက်ရှိလဲ။ ကျွန်တော် တို့နိုင်ငံက အလကား ဒါကြီးကလုပ်နေတာ မဟုတ်ဘူးလေ။ အားလုံးနိုင်ငံခြားက တင်သွင်းပြီဆိုတာနဲ့ မော်တော်ကားမောင်းတဲ့သူတွေ တင်သွင်းတဲ့သူတွေက ပထမဦးဆုံး အကျိုးအမြတ် အထိုက်အလျောက်ရတာပေါ့လေ။ ပြီးရင် အလုပ်သမားတွေ အလုပ်ရတာပေါ့လေ။ နိုင်ငံတော်ကလည်း အကျိုးအမြတ် ရပါတယ်။ အခုတော့ ငွေကြေးဈေးတက်တယ်ဆိုတာ ဒါကြောင့် ဆိုပြီးပြောတာ ဟုတ်မ ဟုတ်ဆိုတာတော့ သေသေချာချာပြန်ပြီး စိစစ်ဖို့လိုလိမ့်မယ်လို့ ထင်ပါတယ်”
ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရှောင်တာနဲ၏ သုံးသပ်ချက်
***********
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးစီးပွားရေး အတိုင်ပင်ခံ ပါမောက္ခ ရှောင်တာနဲက Re-export နှင့် ပတ်သက်၍ ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့ဖူးသည်မှာ ဤသို့ သုံးသပ်ထားသည်။
လတ်တလော ကျပ်ငွေတန်ဖိုး ကျဆင်းစေသော လုပ်ငန်းဆိုင်ရာ အချက်အလက်အချို့လည်း ရှိနေသည်။ ဥပမာဆိုရပါက တရုတ်နိုင်ငံသို့ သကြား၊ ဒီဇယ် တစ်ဆင့်ခံ တင်ပို့ခြင်း စတင်နေချိန်ဖြစ်သည်။ ထို့ကြောင့် သကြားနှင့် ဒီဇယ်ကို တင်သွင်းသောအခါ မြန်မာနိုင်ငံမှ နိုင်ငံခြားငွေများ စီးထွက်သွားပြီး ပြန်လည်တင်ပို့သောအခါ ထိုနိုင်ငံခြားငွေကို ပြန်လည်မရရှိပါ။ အကြောင်းမှာ ထိုလုပ်ငန်းမှ ကုန်သည်များသည် ၎င်းတို့ရရှိသောငွေကို နယ်စပ်တစ်ဖက်ရှိ ရောင်းဝယ်နိုင်ခြင်း မရှိသော တရုတ်ငွေစာရင်းများတွင် အများအားဖြင့် သိမ်းထားကြသည်။ ပြည်တွင်းဘဏ်များသည်လည်း အလားတူ ပြဿနာ ရှိသည်။ ၎င်းတို့၏ လက်ခံရရှိထားသည့် အမေရိကန်ဒေါ်လာများကို ပြည်ပဘဏ်ရှိ ၎င်းတို့၏ စာရင်း nostro accounts မှ တကယ် ပြန်မလွှဲသောကြောင့် နိုင်ငံခြားငွေ လက်ကားဈေးကွက်တွင် အသုံးပြုနိုင်သော အမေရိကန်ဒေါ်လာကို အကန့်အသတ်ဖြစ်စေသည်။
တင်သွင်းမှု ပမာဏ
***********
ယခုဘဏ္ဍာနှစ်ကြားကာလ နှစ်လခွဲအတွင်း ပြည်ပမှ စက်သုံးဆီတင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် တန်ချိန်ကိုးသောင်းကျောf ပိုမိုတင်သွင်းထားကာ အမေရိကန်ဒေါ်လာသန်း ၂၅၀ ကျော် တန်ဖိုးအထိ ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
စက်သုံးဆီ
*********
၂၀၁၈ ခုနှစ် ဇွန် ၁၅ ရက်အထိ ပြည်ပမှ စက်သုံးဆီတင်သွင်းမှုသည် တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၈၈၅ ဒသမ ၃၁၀ သန်းအထိ တင်သွင်းထားပြီး ယခင်နှင့်ကာလတူက တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၆၂၉ ဒသမ ၅၃၀ သန်းသာတင်သွင်းထားသည့်အတွက် ယခုဘဏ္ဍာနှစ်ကြားကာလ နှစ်လခွဲအတွင်း စက်သုံးဆီတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၂၅၅ ဒသမ ၇၈၀ သန်းအထိ ပိုမိုတင်သွင်းထားခြင်း ဖြစ်သည်။
ဓာတ်ဆီ
******
၂၀၁၈ ခုနှစ် ဇွန် ၁၅ ရက်အထိ ဓာတ်ဆီတန်ချိန် ၄၂၀,၇၉၈ ဒသမ ၆၀၈ အထိ တင်သွင်းထားပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၂၉၄ ဒသမ ၃၀၇ သန်းအထိရှိပြီး ယခင် နှစ်ကာလတူက တန်ချ ိန် ၃၉၆,၀၆၂ အထိသာ တင်သွင်းထားကာ တန်ဖိုးအမေရိကန်ဒေါ်လာ ၂၁၈ ဒသမ ၆၈၉ သန်းအထိသာရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဒီဇယ်ဆီ
*****
၂၀၁၈ ခုနှစ် ဇွန် ၁၅ ရက်အထိ ဒီဇယ် ၄၉၀ ဒသမ ၉၂၀ သန်းအထိတင်သွင်းထားပြီး ယခင်နှစ်ကာလတူတွင်မှု တန်ဖိုးအမေရိကန်ဒေါ်လာ ၃၃၅ ဒသမ ၉၆၃ သန်းအထိသာ တင်သွင်းထားပြီး ယခုဘဏ္ဍာနှစ်ကြားကာလနှစ်ခွဲတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅၅ သန်းနီးပါးအထိ ပိုမိုတင်သွင်းထားကြောင်း သိရသည်။
Eleven Media Group