ကားချစ်သူတို့ အကြိုက်တွေ့စေမယ့် Suzuki ကားအသစ်


16 October, 2018

မြန်မာနိုင်ငံမှာ ပထမဆုံး ထုတ်လုပ်တဲ့ ဆူဇူးကီးရဲ့ Suzuki All New Swift ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စတင် ဖြန့်ဖြူး ရောင်းချပေးနေပါပြီ။ 

နောက်ဆုံးပေါ် ခေတ်မီ ဆန်းသစ်တဲ့ ဒီဇိုင်းပုံစံ ဖန်တီးထားပြီး အရည်အသွေးမြင့် မောင်းနှင်စွမ်းရည် ပါရှိတယ်၊ လုံခြုံရေးအတွက်လည်း အဆင့်မြင့် နည်းပညာတွေ ထည့်သွင်းထားတာကြောင့် ကားချစ်သူ တို့အတွက် အကြိုက်တွေ့စေမှာပါ။ GL နဲ့ GLX ဆိုပြီး အမျိုးအစား နှစ်မျိုး ရရှိနိုင်ပြီး ဈေးနှုန်းကတော့ နှစ်မျိုးစလုံး မြန်မာငွေ ၂၂,၉၀၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ 

ဆူဇူးကီးရဲ့ မန်နေဂျင်းဒါရိုက်တာ Mr. Keiichi Asano က " အဆင့်မြင့်ထားတဲ့ Fuel Efficiency စတိုင်ကျပြီး ပိုပေါ့ပါး တက်ကြွတဲ့ဒီဇိုင်း အသွင်အပြင်နဲ့ အရည်အသွေးမြင့် စွမ်းဆောင်ရည် ပါဝင်တဲ့အတွက် ဒီ All New Swift ကားက မြန်မာနိုင်ငံ မော်တော်ကား ဈေးကွက်ထဲမှာ ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်လာမှာပါ " လို့ ပြောပါတယ်။

ဧရာဝတီဘဏ်နဲ့ ပူးပေါင်းပြီး ၇ နှစ် အရစ်ကျ ဝယ်ယူနိုင်မယ့် " AYA Super Suzuki FInance " အစီအစဉ်ကိုလည်း မိတ်ဆက်ထားပါသေးတယ်။ ပထမဆုံး ၂၀ ရာခိုင်နှုန်း သို့ ၂၅ ရာခိုင်နှုန်း ပေးသွင်းရုံနဲ့ ကားလှလှလေးတစ်စီး ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးမှာ ဆူဇူးကီး အရောင်းပြခန်းနဲ့ ဝန်ဆောင်မှု စင်တာ ၃၉ ခု ရှိပြီး ကားဝယ်ချင်ရင်ပဲဖြစ်ဖြစ်၊ ကားအပိုပစ္စည်း လိုချင်ရင်ပဲ ဖြစ်ဖြစ် ဆက်သွယ် မေးမြန်း ဝယ်ယူလို့ ရပါတယ်။

S.M.O

Export, Import Local News Read 609 times