ထိုင်ဝမ်သင်္ဘောအမျိုးမျိုးကိုနွားထိုးကြီး မြို့နယ် ထန်းဇင်ရွာအနီး၌ သုည ဒသမ ၇၀ ဧကတွင် အပင် ၂၀ဝ ကျော် စတင်စိုက်ပျိုးခဲ့ရာ အောင်မြင်နေပြီး သင်္ဘောသီးဈေး ကွက်နာမည်ရနေကြောင်း ရွှေစကားဖြူ သင်္ဘော ခြံပိုင်ရှင်တစ်ဦးကက ပြောခဲ့ပါသည်။
မြေအဓိကမကျဘဲ နည်းပညာအရ စိုက်ပျိုးခဲ့ရာ ၁၀ လအတွင်း ရွေနီ ၁၆၈ ထိုင်ဝမ်သီး မျိုးတစ်ပင် အလုံး ၁၀ဝ ကျော်သီးပြီး တစ်လုံး ကျပ် ၁၅၀ဝ မှ ကျပ် ၂၀ဝ၀ ဈေးဖြင့် ဈေး ကွက်တင်ရောင်းနိုင်ခဲ့ကြောင်း ၎င်းက ဆက် လက်ပြောဆိုသည်။ ပျိုးပင်သက်နှစ်လအတွင်း အသီးစသီးပြီး ခူးဆွတ်ပြီး နှစ်ပတ်ကြာထိ အထားခံကြောင်း၊ စိုက်ခင်းတွင်းရေစွတ်စိုမှု ရှိစေရန်ရေမပြတ်ပေးထားရကြောင်း၊ နည်း ပညာသာ အဓိကကျကြောင်း၊ စိုက်ပျိုးသီးနှံ ဖြင့် စီးပွားဖြစ်ချင်ရင် စနစ်ကျဖို့လိုကြောင်းဖြင့် ၎င်း၏ သင်္ဘောစိုက်ပျိုးခြင်း အတွေ့အကြုံကို ပြောပြခဲ့ပါသည်။
နွားထိုးကြီးမြို့နယ်တွင် သရက်သီး၊ ဖရဲသီး၊ သခွားသီးဈေးကွက်ထဲ သင်္ဘောသီးဝင်လာ၍ နိုင်ငံခြားရောင်းတမ်းဝင်အသီးအနှံ တိုးလာခြင်းဖြစ်သည်။
အပင်များတွင် ကျရောက်တတ်သော ရောဂါလေးမျိုးကိုလေ့လာပြီး ကြက် ချေး၊ နွားချေးသုံးပြီးနိုက် ထရိုဂျင်၊ ဖော့စဖရိတ်၊ ချက်လိုကော်စီယမ်၊ အာမိုတို့ကိုသုံးခဲ့ရာ အပင် ၂၅၀ ရှင်သန်ဖြစ်ထွန်းနေခြင်းမှာ မျက်မြင်ဖြစ်သည်ဟု သင်္ဘောခြံပိုင်ရှင်က ဆက်လက်ပြောကြားခဲ့ပါသည်။
စောမူဝါ သင်္ဘောစိုက်နည်း၊ အော်ဂဲနစ် သီးသန့်၊ ဂျပန်၊ မလေးရှားနည်းများဖြင့် ဘက် ပြန်မျိုးပွားနည်းကိုစမ်းသပ်ခဲ့ရာမှ အောင်မြင်ခဲ့ခြင်းဖြစ်ပြီး အညာတွင် နွေရာသီစားသုံးသီးနှံအဖြစ် သင်္ဘောသီးမှာ ဈေးကွက်ဝင်လာသော နောက်ဆုံးသီးနှံဖြစ်သည်။
Source: Myanmar Times