စိုက်ပျိုးထားသော ကျွန်းပင်များအား ပိုင်ဆိုင်ခွင့်ပြုပြီ


24 October, 2020

ပုဂ္ဂလိကစိုက်ခင်းများ အပါအဝင် စိုက်ပျိုးထားသည့် ကျွန်းပင်များကို မှတ်ပုံတင်၍  ပိုင် ဆိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဖေချစ်က ဆင်ဟွာသို့ အောက်တိုဘာ ၂၃ရက်တွင်ပြောသည်။

“ပိုင်ဆိုင်ခွင့်ပြုတဲ့အတွက်ထုတ်ယူခွင့်ပြုလို့ရတာပေါ့။ သစ်တောဥပဒေပုဒ်မ ပုဒ်မ၁၈ ပုဒ်မခွဲ(ဂ)မှာဆိုရင် ပုဂ္ဂလိကသစ်တောစိုက်ခင်းတွေရယ် ဒေသခံပြည်သူ အစုကိုယ်ပိုင်သစ်တောလုပ်ငန်းများ မှထွက်တဲ့သစ်တောထွက်ပစ္စည်းတွေကို ထုတ်ယူမယ်ဆိုရင် ဈေးပြိုင်စနစ်ကို မကျင့်သုံးဘဲ သူတို့ထုတ်ယူနိုင်တယ်။’’ ဟု၎င်းကရှင်းပြသည်။

စိုက်ပျိုးထားသော ကျွန်းပင်များအား ပိုင်ဆိုင်ခွင့်ပြုသည့်အခါ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၂၉) သစ်တော ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)အရ စိုက်ပျိုးထားသော ကျွန်းပင် များကို စိုက်ပျိုးလုပ်ကိုင်သည့် သက်ဆိုင်ရာ ကုမ္ပဏီ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ ပိုင်ဆိုင်ခွင့်ပြုကြောင်း၊ ၎င်းတို့မှာ သစ်တောနယ်မြေအတွင်း ခွင့်ပြုချက်ရယူပြီး တည်ထောင်ထားသော ပုဂ္ဂလိက ကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊သစ်တောနယ်မြေပြင်ပတွင်တည်ထောင်ပြီး သစ်တောဦးစီးဌာနတွင် မှတ်ပုံတင် ထားသော ပုဂ္ဂလိကကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအဖြစ် တည်ထောင်ထားသည့် နယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ၊နေအိမ်ခြံဝန်းများအတွင်းစိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ၊ပုဂ္ဂလိကပိုင်ဆိုင်သည့်မြေ၊ အများပိုင်မြေ၊ သာသနာ့မြေ၊ ဌာနဆိုင်ရာပိုင်မြေနှင့် တပ်ရင်းတပ်ဖွဲ့ပိုင်မြေများတွင်စိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီး ဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များကိုဆိုလိုခြင်းဖြစ်ကြောင်း သိရသည်။

ဥပဒေအရတည်ထောင်ခွင့်ပြုထားသော ပုဂ္ဂလိကကျွန်းစိုက်ခင်းများအား ပိုင်ဆိုင်ခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ပိုင်ဆိုင်ခွင့်ပြုရန် သစ်တောဥပဒေပုဒ်မ၈၊ ပုဒ်မခွဲ(က) နဲ့ (ခ) မှာပြဌာန်းထားကြောင်း ၎င်းကဆိုသည်။

  (Xinhua)

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သယံဇာတနှင့် 

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး

အမိန့်ကြော်ငြာစာအမှတ် ၁၁၃/၂ဝ၂ဝ ပြည်ထောင်စုဝန်ကြီးရုံး

၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၄ ရက် 

 

စိုက်ပျိုးထားသော ကျွန်းပင်များအား ပိုင်ဆိုင်ခွင့်ပြုကြောင်း ကြေညာခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် (၂၉) သစ်တောဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ခ) အရ အောက်ဖော်ပြပါနေရာဒေသများတွင် စိုက်ပျိုးထားသော ကျွန်းပင်များကို စိုက်ပျိုးလုပ်ကိုင်သည့် သက်ဆိုင်ရာ ကုမ္ပဏီ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ ပိုင်ဆိုင်ခွင့်ပြုကြောင်း ကြေညာလိုက်သည် - 

(၁) သစ်တောနယ်မြေအတွင်း ခွင့်ပြုချက်ရယူပြီး တည်ထောင်ထားသော ပုဂ္ဂလိက ကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊ 

(၂) သစ်တောနယ်မြေပြင်ပတွင်တည်ထောင်ပြီး သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ပုဂ္ဂလိကကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊ 

(၃) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအဖြစ် တည်ထောင်ထားသည့် နယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသောကျွန်းပင်များ 

(၄) နေအိမ်ခြံဝန်းများအတွင်းစိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသောကျွန်းပင်များ၊ 

(၅) ပုဂ္ဂလိကပိုင်ဆိုင်သည့်မြေ၊ အများပိုင်မြေ၊ သာသနာ့မြေ၊ ဌာနဆိုင်ရာပိုင်မြေနှင့် တပ်ရင်းတပ်ဖွဲ့ပိုင်မြေများတွင်စိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီး ဌာနတွင် မှတ်ပုံတင်ထားသောကျွန်းပင်များ၊

 

(ပုံ) အုန်းဝင်း

ပြည်ထောင်စုဝန်ကြီး သယံဇာတနှင့်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

teak_permission.jpg

Local News Read 1121 times