မြန်မာမှ အထွက်ခက်ခဲ့သဖြင့် အာရှမှာ အစီအစဉ် ပြန်ချဖြစ်စေခဲ့ဟု တယ်လီနော ပြောကြား


17 April, 2023

မြန်မာမှ အထွက်ခက်ခဲ့သဖြင့် အာရှမှာ အစီအစဉ် ပြန်ချဖြစ်စေခဲ့ဟု တယ်လီနော ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

မြန်မာမှ ခက်ခက်ခဲခဲ ပြန်ထွက်ခဲ့ရခြင်းကြောင့် အာရှတစ်ခွင် စီးပွားရေးကို အစီအစဉ် ပြန်ချဖြစ်စေခဲ့သည်ဟု တယ်လီနောက ပြောကြားသည်။

နော်ဝေလုပ်ငန်းစု တယ်လီနော၏ သုံးစွဲသူ ၉၅ ရာခိုင်နှုန်းခန့်သည် အာရှတိုက်တွင် ရှိ‌‌ေနသည်။

အာရှဒေသတွင်း၌ ၎င်း၏လုပ်ငန်းအများစုကို လုပ်ဆောင်နေရာ၌ ယခုအခါ အရောင်းအဝယ်လုပ်ရန် လမ်းဖွင့်ထားသည်။

.

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ တယ်လီနော အထွက် ခက်ခဲခဲ့ခြင်းသည် ၎င်း၏ အာရှမှ ပိုင်ဆိုင်မှုများအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ အမြင်ကို ထိခိုက်စေခဲ့သည်ဟု နော်ဝေ နိုင်ငံပိုင် တယ်လီကွန်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Sigve Brekke က Financial Times ကို ပြောကြားသည်။

 ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ထိုင်းနှင့် မလေးရှားတို့ ပါဝင်သော အာရှမှ ပိုင်ဆိုင်မှုများကို သီးခြားစီ ခွဲလိုက်ပြီး ရှင်းထုတ်ရန် ကြိုးပမ်းသည်။  ပြည်တွင်းကုမ္ပဏီနှင့် ပေါင်းစည်းသည့် မဟာဗျူဟာကိုလည်း နည်လးမ်းတစ်သွယ်အဖြစ် အသုံးပြုသည်။

.

“တယ်လီနောရဲ့ စျေးကွက်အရင်းအနှီးမှာ မြန်မာနိုင်ငံဟာ အတော်လေး အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော်တို့ရဲ့ အာရှပိုင်ဆိုင်မှုများအပေါ်  ရင်းနှီးမြှုပ်နှံသူများရဲ့ အမြင်ကို ထိခိုက်‌ေစခဲ့ပါတယ်။အဲဒါက ကျွန်တော်တို့ အာရှမှာ မတူကွဲပြားစွာ ရပ်တည်ရတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုပါပဲ။ ကျွန်တော်တို့က  ရှေ့ဆက်မယ့် ဆုံးရှုံးနိုင်တဲ့ အရေးကိစ္စများကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပါမယ်" ဟု Brekke က ပြောကြားသည်။

မြန်မာနိုင်ငံမှ ထွက်ခွာ၍ မရ ဖြစ်နေသည့် အခြေအနေထဲ တယ်လီနော ရောက်ရှိနေစဉ် ဖုန်းဆက်သွယ်မှုများကို နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ကြားဖြတ်နားထောင်သည့် စက်ကိရိယာများ သုံးစွဲဖို့ ညွှန်ကြားခံရသည်။ ပြည်ပဝန်ထမ်းများ မြန်မာပြည်မှ ထွက်ခွာခွင့်ကို ခွင့်မပြုခဲ့ချေ။ တစ်ချိန်တည်းမှာပင် တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက တယ်လီနော နုတ်ထွက်မှုသည် ကုမ္ပဏီကို ဝကွက်အပ်ပြီး  နော်ဝေနိုင်ငံမှ  လက်လွတ်စပယ် စွန့်ပစ်သွားခြင်းဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံမှ ထွက်မှ ဖြစ်တော့မယ်ဆိုတာ ကျွန်တော် သိရတဲ့အခါ စိတ်မကောင်း ဖြစ်မိပါတယ်။ မြန်မာနိုင်ငံမှာ အမြတ်အစွန်း ရနေပြီး ကျွန်တော်တို့ တစ်မူထူးခြားအောင် လုပ်လို့ရမယ်ဆိုတာ ကျွန်တော်တို့ မြင်နေရပါတယ်"ဟု သူက ပြောသည်။

စစ်အစိုးရ၏ တောင်းဆိုချက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ၎င်း၏ အလုပ်သမားများနှင့် ဖောက်သည်များ၏ လုံခြုံရေးကို စောင့်ရှောက်ပေးဖို့မှာ  စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ဟု  ၎င်းက ပြောသည်။

.

“ခင်ဗျားမှာ ကိုယ်ပိုင်မူတွေ ရှိရင် အဲဒီမူတွေအတွက် ပေးဆပ်ရပါတယ်။ ကျွန်တော်တို့ရဲ့ လူတွေ၊ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲသူတွေ ဘေးကင်းအောင် ထားရမယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့မှု ကျွန်တော်တို့မှာ ရှိနေလို့ ကြားဖြတ်နားထောင်တဲ့ စက်တွေကို ကျွန်တော်တို့ ဘယ်တော့မှ မဖွင့်ဘူး" ဟု သူက ပြောသည်။

.

ပြည်တွင်း မိတ်ဖက်လုပ်ငန်းများနှင့် ဖက်စပ်လုပ်ကိုင်ခြင်းမှလွဲ၍ တယ်လီနောသည် အာရှတွင် ငါးနှစ်တာကာလတွင် ရှိနေဦးမည်‌လော ဆိုသည်ကို “မခန့်မှန်းချင်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

.

 မလွဲမရှောင်သာ ဆုတ်ခွာသွားကြရသည့်  BT နှင့် Telia ကဲ့သို့သော အနောက်တိုင်းမှ ဆက်သွယ်ရေး အော်ပရေတာများအဖို့ အာရှသည် ခက်ခဲသော စားကျက်နေရာတစ်ခု ဖြစ်‌ေနသည်။ လေ့လာဆန်းစစ်သူအချို့က တယ်လီနောကို အာရှမှ ဆုတ်ခွာဖို့ တိုက်တွန်းကြသည်။ စကင်ဒီနေဗီးယားနိုင်ငံများကိုသာ စူးစိုက်စေလိုကြသည်။

.

တယ်လီနောသည် အာရှတွင် ရောက်ရှိနေခဲ့သည်မှာ နှစ်အစိတ် ရှိပြီ ဖြစ်သည်။

တယ်လီနောသည် အာရှမှ အမြတ်ဝေစု ထုတ်ယူသည့်နည်းတူ ရင်းနှီးမြှုပ်နှံမှုများလည်း ပြုသည်။ ကန်ဒေါ်လာ ၆.၃ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားသည်။

အာရှလုပ်ငန်းကဏ္ဍတစ်ခုလုံးကို မလေးရှားမှ Axiata နှင့် ပေါင်းစည်းရန် ၂၀၁၉ တွင် ကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့ချေ။ သို့ဖြစ်ရာ နိုင်ငံအလိုက် လုပ်ငန်းက‌ဏ္ဍ အသီးသီးကို ပြည်တွင်းလုပ်ငန်းနှင့် ပေါင်းစည်းသည်။

တယ်လီနောသည် မကြာသေးမီကမှ မလေးရှားနှင့် ထိုင်းနိုင်ငံနှစ်ခုစလုံးတွင် ပြည်တွင်း ကုမ္ပဏီနှင့် ပေါင်းစည်းမှုပြီးစီးခဲ့ပြီး နံပါတ်(၁) ဆက်သွယ်ရေးအော်ပရေတာ နေရာကို ရယူထားသည်။ 

ဘင်္ဂလားဒေ့ရှ်တွင်လည်း အလားတူအနေအထား ရရှိထားသည်။ ဘင်္ဂလားဒေ့ရှ်တွင် အကြီးဆုံး မိုဘိုင်း အော်ပရေတာ Grameenphone တွင် တယ်လီနောက ရှယ်ယာ ၅၅.၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ 

ပါကစ္စတန်မှာ Telenor Pakistan သည် ဒုတိယအကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည်။ ပါကစ္စတန်မှ  လုပ်ငန်းကဏ္ဍကို ရောင်းချဖို့ စီစဉ် ဆောင်ရွက်နေသည်။  Pakistan Telecommunication Company Limited (PTCL)  က Telenor Pakistan ကို အပြီးအပြတ် ဝယ်ယူရန် ဆောင်ရွက်နေသည်။ 

Source ft

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Investment/Divestment Read 494 times