စက်မှုဝန်ကြီးဌာနမှ Server နဲ့ ဆက်စပ်ပစ္စည်းများ ဝယ်ယူဖို့ တင်ဒါခေါ်ယူခြင်း


14 March, 2019

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနကနေ ၎င်းတို့ဌာနမှာ အသုံးပြုဖို့အတွက် Server နဲ့ ဆက်စပ်ပစ္စည်းတွေကို ဝယ်ယူဖို့ အိတ်ဖွင့်တင်ဒါ ခေါ်ယူလျက် ရှိပါတယ်။

တင်ဒါပုံစံတွေကို မတ်လ ၁၃ ရက်နေ့က စတင် ရောင်းချနေတာ ဖြစ်ပြီး လာမယ့် မတ်လ ၂၉ ရက် ညနေ ၄ နာရီမှာ တင်ဒါပိတ်မှာ ဖြစ်ပါတယ်။

အဆိုပါ Server နဲ့ ဆက်စပ်ပစ္စည်းတွေကို စက်မှုဝန်ကြီးဌာနကနေ မြန်မာကျပ်ငွေနဲ့ ဝယ်ယူသွားမှာ ဖြစ်ပြီး စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ပေးပို့ လျှောက်ထားနိုင်ပါတယ်။

တင်ဒါတင်သွင်းရမယ့် လိပ်စာကတော့ စာချုပ်စာတမ်းများ စိစစ်ရေးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် ( ၃၀ )၊ နေပြည်တော် ဖြစ်ပါတယ်။

တင်ဒါပုံစံနဲ့ သက်ဆိုင်ရာ အချက်အလက်တွေကို နေပြည်တော်မှာရှိတဲ့ စက်မှုဝန်ကြီးဌာနကို ရုံးချိန်အတွင်း သွားရောက် စုံစမ်းပြီး ဝယ်ယူနိုင်ပါတယ်။

အသေးစိတ် ထပ်မံ သိရှိလိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ဖုန်းနံပါတ် ၀၆၇-၄၀၅၃၃၆ ကို ဆက်သွယ် မေးမြန်းလို့ ရသလို  စက်မှုဝန်ကြီးဌာန (Ministry of Industry )  တွင်လည်း ဝင်ရောက် ကြည့်ရှုလို့ ရပါတယ်။

Ministry of Industry

Local News Read 349 times