ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ထိုင်းဘတ် ပြန်မာလာ


16 November, 2022

ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ထိုင်းဘတ် ပြန်မာလာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မငြိမ်မသက်ဖြစ်နေသော ထိုင်းဘတ်ငွေသည် အားနည်းနေသည့် အမေရိကန် ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ပြင်းထန်စွာ ပြန်တက်လာပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တွင် အစိမ်းနှင့် ငွေလဲနှုန်း 35.93 သို့ တိုးလာသည်ကို တွေ့ကြရသည်။
.
လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က ဘတ်ငွေသည် တစ်ဒေါ်လာလျှင် 38.35 သို့ ကျဆင်းသွားခဲ့သည်။

.
အမေရိကန်တွင် ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရန် ရည်ရွယ်သည့် US Federal Reserve System (Fed) မှ အတိုးနှုန်း ပြင်းထန်စွာ မြင့်တက်နေချိန်တွင် ထိုင်းဘတ်ငွေသည် စက်တင်ဘာလကုန်တွင် ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် အမေရိကန်တစ်ဒေါ်လာ 38 ဘတ်သို့ ကျဆင်းသွားခဲ့သည်။
.
နောက်သီတင်းပတ်များအတွင်း ဘတ်ငွေသည် ဒေါ်လာနှင့်ယှဉ်လျှင် ပို၍ပင် ထိုးကျသွားခဲ့သည်။
.
အောက်တိုဘာလ ၁၉ ရက်နေ့တွင် တစ်ဒေါ်လာ 38.31 ဘတ် ပေါက်ဈေး ဖြစ်ခဲ့သည်။
နိုဝင်ဘာ ၁၂ တွင် တစ်ဒေါ်လာ 35.93 ဘတ် ဖြစ်လာသည်။
သုံးပတ်အတွင်း ဒေါ်လာဈေးသည် ဘတ်နှင့်ယှဉ်လျှင် ၆.၂% ကျဆင်းသွားခဲ့သည်။
.
ထိုင်းနိုင်ငံ၏ စီးပွားရေး ပြန်စန်းထမည်ဟု စားသုံးသူများနှင့် လုပ်ငန်းများက ယုံကြည်မျှော်လင့်မှု မြင့်တက်လာသည့်အလျောက် ဘတ်ငွေအပေါ် ယုံကြည်မှုလည်း မြင့်တက်လာရာ  ထိုင်းဘတ်ငွေ တန်ဖိုး ပြန်မြင့်တက်သည်။
.
ထိုင်းနိုင်ငံတွင် စားသုံးသူယုံကြည်မှု consumer confidence သည် အောက်တိုဘာလတွင် ပဉ္စမလဆက်တိုက် မြင့်တက်ခဲ့ပြီး ၁၀ လတာကာလမှာ အမြင့်ဆုံးသို့ ရောက်ရှိနေသည်။
.
ထိုင်းနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် အနည်းဆုံးအုပ်စုတွင် ပါဝင်သည်။ကမ္ဘာ့နိုင်ငံပေါင်း ၁၃၀ တွင် အဆင့် ၁၀၇ တွင် အနိမ့်ဆုံး ရှိနေသည်။
.
လက်ရှိ နိုင်ငံစီးပွားရေးအရပ်ရပ်တို့၏ အခြေအနေများတွင် ဖွံ့ဖြိုးပြီးသော နိုင်ငံကြီးများ ဖြစ်ကြသည့် ဗြိတိန်၊ အမေရိကန်နှင့် ဂျာမနီတို့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေသည်။
.
Fed သည် အတိုးနှုန်း မြှင့်တင်ခြင်းကို ညင်ညင်သာသာ တိုးခြင်းမပြုဘဲ ခပ်ကြမ်းကြမ်း တိုးမြှင့်လျှင် ဒေါ်လာ ပြန်မာလာမည်။ ဒေါ်လာမာလာသည်ကို ဘတ် မယှဉ်သာသဖြင့် မာစပြုနေသည့်ဘတ် ပြန်အားပျော့သွား လိမ့်မည်။ 
အကယ်၍ ထိုင်းပြည်တွင်း ရွှေဈေးနှုန်းများ ကျလျှင်လည်း ဘတ်ငွေ တန်ဖိုးလျော့ကျမည်။
.
ဘတ်ငွေ မြင့်တက်နေသည့် အလားအလာ ရှိနေသော်လည်း  ထိုင်းဗဟိုဘဏ် Bank of Thailand က ထိုင်းနိုင်ငံ၏ သွင်းကုန်နှင့် ပို့ကုန်လုပ်ငန်းရှင်များကို ငွေကြေးဈေးကွက် မတည်ငြိမ်မှုအတွက် ကြိုတင်ထည့်တွက်ရန် သတိပေးထားပါသည်။
Source thethaiger

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 729 times