ထိုင်းဘဏ်များရှိ  အပ်နှံငွေ စာရင်းတစ်ခု ဘတ်တစ်သန်းအထိသာ DPA က တာဝန်ယူတော့မည်


06 August, 2021

ထိုင်းဘဏ် အပ်နှံငွေ အကာအကွယ်ကို ဩဂုတ်လ ၁၁ ရက်မှစ၍ ဘတ်တစ်သန်းအထိသာ တာဝန်ယူပေးတော့မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ပြဌာန်းထားတဲ့ အပ်နှံငွေအကာအကွယ် အက်ဉပဒေ Deposit Protection Agency Act B.E. 2551 (2008) အရ ဘဏ်မှာ စာရင်းဖွင့်ပြီးဘတ်ငွေဖြင့် ငွေအပ်နှံလိုက်တဲ့အခါ တကယ်လို့ ဘဏ်လိုင်စင် ရုပ်သိမ်းခဲ့ရင် အပ်နှံငွေ မဆုံးရှုံးရအောင် အလိုအလျောက် အတိုင်းအတာ တစ်ခုအထိ အကာအကွယ် ပေးပြီးသား ဖြစ်ပါတယ်။ ‌အပ်နှံငွေ ပြန်အမ်းပေးဖို့ကို အပ်နှံငွေ အကာအကွယ် အေဂျင်စီ Deposit Protection Agency (DPA) က တာဝန်ယူပေးထားပါတယ် 
DPAက ဩဂုတ်လ ၄ ရက်နေ့မှာ အသိပေးပြောကြားခဲ့တာမှာ ၎င်းအနေဖြင့် ငွေစာရင်းတစ်ခုလျှင် အကာအကွယ် ဘတ် ၅ သန်း ပေးနေခြင်းအစား ဘတ် ၁ သန်းသာ ပေးတော့မှာ ဖြစ်ကြောင်း၊ ဩဂုတ်လ ၁၁ ရက်မှာ သတ်မှတ်ချက် အသစ်ကို စတင်မှာ ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ပါတယ်။  

သတ်မှတ်ချက်အသစ်က ငွေကြေးအဖွဲ့အစည်း ၃၅ ခုမှာ ရှိနေတဲ့ ငွေစာရင်း ၈၂.၀၇ သန်း အကျုံးဝင်ပါတယ်။
ဘဏ်စနစ်မှာ ရှိနေတဲ့ ငွေစာရင်းရှင် စုစုပေါင်းရဲ့ ၉၈.၀၃% နဲ့ ညီမျှပါတယ်လို့ DPA မှ ဒါရိုက်တာ Songphol Chevapanyaroj က ပြောကြားပါတယ်။

DPA က  ငွေကြေးအဖွဲ့အစည်း ၃၅ ခုမှာ ဘတ်ငွေနဲ့ ဖွင့်ထားတဲ့ စာရင်းမှန်သမျှကို အကာအကွယ်ပေးတာဖြစ်လို့ ထိုင်းနိုင်ငံသားများကိုသာမက နိုင်ငံခြားသားတွေကိုလည်း ငွေစာရင်း အကာအကွယ် ပေးပါတယ်။

အဲဒီ ငွေကြေးအဖွဲ့အစည်း ၃၅ ခုမှာ စီးပွားရေးဘဏ် ၁၈ ခု ၊
ထိုင်းနိုင်ငံမှာ ဘဏ်ခွဲတွေ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ပြည်ပဘဏ် ၁၂ တို့အပြင် ငွေရေးကြေးရေး ကုမ္ပဏီ ၂ ခု၊ အိမ်ခြံမြေ အပေါင်ခံ ချေးငွေလုပ်ငန်း ၃ ခုတို့ ပါဝင်တယ်

အပ်နှံငွေလို့ ဆိုတာမှာ
current account, 
savings account, 
fixed deposit, 
deposit card နဲ့  
deposit receipt တို့ ပါဝင်တယ်။

ဘတ်ငွေ ငွေစာရင်းများကိုသာ အကာအကွယ်ပေးတာ ဖြစ်ပြီး ဘဏ် လိုင်စင် ရုပ်သိမ်းခံရရင် ငွေစာရင်း ပိုင်ရှင်ကို ရက်ပေါင်း ၃၀ အတွင်း သူအပ်နှံထားတဲ့ ငွေတွေကို DPA က သတ်မှတ်ထားတဲ့ ပမာဏထက် မကျော်လွန်တဲ့ ပမာဏဖြင့် ငွေအမ်းပေးပါတယ်။
 

Banking & Loan Read 3199 times