ထိုင်းဗဟိုဘဏ် မူဝါဒ အတိုးနှုန်း တိုးမြှင့်သတ်မှတ်


10 August, 2022

ထိုင်းဗဟိုဘဏ် မူဝါဒ အတိုးနှုန်း တိုးမြှင့်သတ်မှတ်

ထိုင်းနိုင်ငံ ဗဟိုဘဏ်သည်  ဗုဒ္ဓဟူးနေ့(ဩဂုတ်လ ၁၀) တွင်၎င်း၏ အဓိက အတိုးနှုန်းကို လေးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် မြှင့်တင်ခဲ့သည်။
ကိုဗစ်လွန်ကာလမှာ စီးပွားရေး ပြန်လည်ဦးမော့လာမှု အရှိန်ရလာသည်နှင့်အမျှ မြင့်တက်လာနေသော ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရန် မျှော်မှန်;ပြီး အတိုးနှုန်းကို ၀.၂၅%  တိုးမြှင့်လိုက်သည်။ 


ထိုင်းနိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော   Bank of Thailand (BOT) ငွေကြေးမူဝါဒ ကော်မတီက ၆ မဲ ၁မဲ ဖြင့် အတိုးနှုန်း တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။  အတိုးနှုန်းကို 0.25%  တိုးမြှင့်ကာ  0.75% ဟု သတ်မှတ်လိုက်သည်။ 

ထိုင်းဘဏ် (BOT) က ငွေကြေးမူဝါဒကို တင်းကျပ်ထားသော်လည်း Commercial bank များသည် ၎င်းတို့၏ အတိုးနှုန်းကို အလျင်စလို မမြှင့်တင်သင့်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Arkhom Termpittayapaisith က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဗဟိုဘဏ်သည် ဗုဒ္ဓဟူးနေ့ အစည်းအဝေးတွင် ၎င်း၏ အဓိကနှုန်းထားကို လေးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် မြှင့်တင်လိမ့်မည်ဟု အများက ထင်ကြေးပေးထားကြသည်။ 

စီးပွားရေးသည် သန်မာနေဆဲဖြစ်ပြီး ယခုနှစ် အနှောင်းပိုင်းတွင် လုပ်ခလစာ တိုးလာမှုကို နိုင်နိုင်နင်းနင်း ဖြစ်သွားကြလိမ့်မည်ဟု Mr Arkhom က သတင်းထောက်များအား ပြောကြားခဲ့သည်။

အစောပိုင်းတွင် နိုင်ငံပိုင်ဘဏ်များ၏ အကြီးအကဲများက  စားသုံးသူများသည်  ဗဟိုဘဏ် မူဝါဒအတိုးနှုန်းကြောင့် ထိခိုက်မှုမဖြစ်စေရန်အတွက် ၎င်းတို့၏ အတိုးနှုန်းကို တတ်နိုင်သ၍ တည်ငြိမ်အောင် ထိန်းထားရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့ကြပါသည်။

#MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U
Source: Bangkokpost

Banking & Loan Read 4530 times