မြန်မာနိုင်ငံရှိ ထိုင်းလုပ်ငန်းများကို ထိုင်း သို့မဟုတ် အခြားနေရာမှ ရန်ပုံငွေရှာပြီး ချေးငွေကိစ္စဖြေ


19 July, 2022

မြန်မာနိုင်ငံရှိ ထိုင်းလုပ်ငန်းများကို ထိုင်း သို့မဟုတ် အခြားနေရာမှ ရန်ပုံငွေရှာပြီး ချေးငွေကိစ္စဖြေရှင်းရန် DITP အကြံပြု

မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) မှ ချေးငွေပြန်ဆပ်ခြင်းကို ဆိုင်းငံ့ထားပြီးနောက် ထိုင်းနိုင်ငံ သို့မဟုတ် အခြားနိုင်ငံများတွင် ရန်ပုံငွေရှာရန် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေတဲ့ ထိုင်းစီးပွားရေးလုပ်ငန်းများကို အကြံပြုထားပါတယ်။ 


မြန်မာနိုင်ငံမှ နိုင်ငံခြားငွေပြန်ဆပ်ခြင်းကို ပိတ်ပင်ပြီးနောက် ထိုင်းမှ ချေးငွေ ထုတ်ပေးမည့်သူများ ပါဝင်လာကြကြောင်း  နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဌာန (DITP) ညွှန်ကြားရေးမှူးချုပ် Phusit Rattanakul Seriroengrit က အင်္ဂါနေ့ (ဇူလိုင် ၁၉)တွင် ပြောကြားခဲ့ပါတယ်။ 

နိုင်ငံခြားသုံးငွေဖြင့် ချေးငွေပြန်ဆပ်ခြင်းကို ဆိုင်းငံ့ထားရန် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကူးသန်းရောင်းဝယ်ရေးဘဏ်များအားလုံးကို  CBM မှ ဇူလိုင် ၁၃ ရက်က ညွှန်ကြားထားကြောင်းလည်း ၎င်းက ပြောကြားပါတယ်။ 

ဤရွှေ့ကွက်ကြောင့်  မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေဖြင့် အကြွေးမဆပ်နိုင်တော့သဖြင့် ၎င်းကုမ္ပဏီများကို ထိခိုက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါတယ်။ 

"မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိပြီး နိုင်ငံခြးာသုံးငွေဖြင့် ချေးငွေ ရယူထားသည့် ထိုင်းစီးပွားရေးလုပ်ငန်းများတွေ  သူတိုံရဲ့ ကြွေးမြီများကို ပြန်ဆပ်ရန် ပျက်ကွက်ရခြင်းမှ ကာကွယ်ဖို့ ထိုင်း သို့မဟုတ် အခြားနိုင်ငံများတွင် ရန်ပုံငွေအရင်းအမြစ်များကို ရှာဖွေရမယ်" လို့ ၎င်းက ပြောကြားပါတယ်။ 

 

Phusit Rattanakul Seriroengrit

 

ရန်ကုန်မြို့ရှိ DITP ရဲ့ နိုင်ငံတကာ ကုန်သွယ်မှုရုံးခွဲက မြန်မာနိုင်ငံရှိ ထိုင်းစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေထုတ်ပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံရှိ ကုန်သွယ်မှုဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း၎င်းက ဆက်လက်ပြောကြားပါတယ်။ 

#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U

 

Source: THE NATION

Banking & Loan Read 4664 times