ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ် ထုတ်ပေးခြင်း ယာယီရပ်ဆိုင်းထား


11 April, 2023

ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ် ထုတ်ပေးခြင်း ယာယီရပ်ဆိုင်းထား
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U


ထိုင်းနိုင်ငံတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တိုမှ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပန်းရောင်ကတ် ထုတ်ပေးခြင်းကို မေလ ၁၅ ရက်အထိ ဆိုင်းငံ့ထားသည်။
ပန်းရောင်ကတ် ထုတ်ပေးခြင်းကို မေလ ၁၆ ရက်တွင် ပြန်စမည်။
.
မေလ ၁၄ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ခရိုင်ရုံးများမှ ဝန်ထမ်းများ ပါဝင်ကူညီရမည်ဖြစ်သဖြင့် ကတ်ထုတ်ပေးခြင်း ယာယီရပ်နားထားသည်။ 
မေလ ၁၄ ရက် တနင်္ဂနွေနေ့တွင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ မဲပေးကြမည်ဖြစ်သည်။
,.
ဘန်ကောက်မြိုပြအုပ်ချုပ်ရေး  လက်ထောက် အမြဲတမ်းအတွင်းဝန် Chatree Wattanakhajorn က “ထိုင်းနှင့် ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်တိုအကြား သဘောတူညီချက်အရ လေ့ကျင့်သင်ကြားထားသူဖြစ်ပြီး ယေဘုယျအားဖြင့် နှစ်နှစ်သက်တမ်းရှိတဲ့ ပန်းရောင်ကတ် Thai Pink Identity Card ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသား အလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်နိုင်ပြီး ထိုင်းအလုပ်သမားဥပဒေပါအကာအကွယ်နဲ့ ပြဌာန်းထားတဲ့ အကျိုးခံစားခွင့်တွေကို ရရှိမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပန်းရောင်ကတ်ကို ၂၀၁၄ တွင် စတင်အသုံးပြုခဲ့ပါသည်။
Source bangkok post
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U

Labour Affairs Read 704 times