ထိုင်းအချိုရည် အခွန်တိုးမြှင့်စည်းကြပ်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်းအစိုးရက ခြောက်လကြာ ရွှေ့ဆိုင်းထားမှု သက်တမ်းကုန်ဆုံးပြီးနောက်တွင် သကြားပါသော အချိုရည်များ အခွန်တိုးကောက်ခြင်း တတိယအဆင့်သည် ဧပြီ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။
ထိုင်းအချိုရည် ထုတ်လုပ်သူများတွင် အချိုရည်တွင် သကြားပါဝင်မှုကို ကြိုတင်လျှော့ချထားကြသဖြင့် အချိုရည်တွင် သကြားပါဝင်မှုအပေါ်အခြေခံ၍ အခွန်တိုးမြှင့် စည်းကြပ်ခြင်းသည် သကြားပါသော အချိုရည် ထုတ်လုပ်သူများ နှင့် သောက်သုံးသူများအတွက် ကုန်ကျစရိတ်တိုးမည်မဟုတ်ဟု ယူဆကြောင်း အခွန်ဌာနမှ ပြောကြားသည်။
၎င်းအခွန် တတိယအဆင့်သည် ယခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်နေ့အထိ အကျုံးဝင်ပါသည်။
.
သကြားပါသော အချိုရည်များ အခွန်တိုးကောက်ခြင်းအတွက် အဖျော်ယမကာ ၁၀၀ မီလီလီတာတွင် သကြားပါဝင်မှုကို အဆင့် ခြောက်ဆင့် ခွဲခြားထားပါသည်။
၆ ဂရမ်အောက်၊ ၆-၈ ဂရမ်၊ ၈-၁၀ ဂရမ်၊ ၁၀-၁၄ ဂရမ်၊ ၁၄-၁၈ ဂရမ်၊ ၁၈ ဂရမ် အထက်တို့ ဖြစ်ပါသည်။
သကြားပါဝင်မှု ၆ ဂရမ်ထက် နည်းပါက ၎င်းအခွန် ကင်းလွတ်ခွင့် ရရှိသည်။
အဖျော်ယမကာ ၁ လီတာအပေါ် စည်းကြပ်မည့် အခွန်ပမာဏမှာ အဖျော်ယမကာ ၁၀၀ မီလီလီတာ သကြားပါဝင်မှု
၆-၈ ဂရမ်ကို ၀.၃၀ ဘတ်၊
၈-၁၀ ဂရမ်ကို ၁ ဘတ်၊
၁၀-၁၄ ဂရမ်ကို ၃ ဘတ်၊
၁၄-၁၈ ဂရမ်ကို ၅ ဘတ်၊
၁၈ ဂရမ် အထက်ကို ၆ ဘတ် ဖြစ်ပါသည်။
.
စားသောက်ကုန်တွင် ဆားပါဝင်မှုအရလည်း အခွန်စည်းကြပ်မည့် အစီအစဉ် ရှိသော်လည်း စတင်မည့်အချိန်ကို မသိနိုင်သေးပါ။ အခွန်ဌာနမှ လေ့လာဆန်းစစ်နေဆဲ ဖြစ်ပါသည်။
ဆား ဆိုဒီယမ် ပါဝင်မှု လျှော့ချကြရန် စားသောက်ကုန် လုပ်ငန်းများကို တိုက်တွန်းထားပါသည်။၎င်းအခွန် စည်းကြပ်ရန် ဆုံးဖြတ်ပြီးပါက စားသောက်ကုန်လုပ်ငန်းများ ဆားပါဝင်မှု လျှော့ချထုတ်လုပ်ဖို့ လုပ်ဆောင်ရန် အချိန် အနည်းဆုံး တစ်နှစ်ပေးမည် ဖြစ်ပါသည်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U