မြန်မာ Covid-19 အခြေအနေ ထိုင်းစတော့ဈေးကွက်အပေါ်အကျိုးသက်ရောက်နိုင်


05 February, 2021

ကျွမ်းကျင်သူတစ်ဦးက မြန်မာနိုင်ငံ၏ Covid-19 အခြေအနေသည်ထိုင်းစတော့ဈေးကွက်အပေါ်အကျိုးသက်ရောက်နိုင်သည်၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံမှာ ဝင်ငွေအခြေပြုထားသောကုမ္ပဏီများနှင့်သက်ဆိုင်သည်ဟု သုံးသပ်သည်။

ရန်ကုန်ရှိ Covid-19 လူနာအရေအတွက်မှာ ၆၇၅ အထိမြင့်တက်လာသောအခါ မြန်မာအစိုးရသည် အောက်တိုဘာ ၁ ရက်အထိ မြို့အဝင်အတွက်ကို အသွားအလာ ပိတ်ဆို့ထားခဲ့သည်။တနင်္လာနေ့ စက်တင်ဘာ ၁၄ ရက်အထိ Covid-19 လူနာပေါင်း ၃,၀၁၅ ဦး ရှိသည်။

Asia Plus Securities က မြန်မာနိုင်ငံ၏ ဗိုင်းရပ်စ်အခြေအနေက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသူများအပေါ် အကျိုးသက်ရောက်မှု ရှိသဖြင့် ထိုင်းစတော့ရှယ်ယာဈေးကွက်ကို ကျဆင်းစေရန် ဖိအားကျရောက်နိုင်သည်ဟု ပြောကြားခဲ့သည်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် ကိုဗစ်ဖြစ်ပွားမှုသည် ထိုင်းနိုင်ငံတွင်ဒုတိယကူးစက်မှုဖြစ်ရခြင်း၏ အကြောင်းရင်းခံ ဖြစ်လာခဲ့လျှင် ထိုင်းစတော့ရှယ်ယာဈေးကွက်ကို ကျုံ့ဝင်သွားစေလိမ့်မည်ဟု ဆိုသည်။

ဘဏ်ငွေချေးစာချုပ်ကုမ္ပဏီ၏ အမှုဆောင်ဒုဥက္ကဋ္ဌ Terdsak Taweethiratham က ထိုင်းစီးပွားရေးသ ည်လက်ရှိတွင် နှေးကွေးနေကြောင်း၊ ဒုတိယလှိုင်းဖြစ်ခဲ့ပါက ထိုင်းသည် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်လိမ့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

သူက ပြောကြားသည်မှာ ထိုင်းစတော့အိပ်ချိန်းစာရင်းဝင် ကုမ္ပဏီများအနက် ၀င်ငွေအရင်းအမြစ်သည် မြန်မာနိုင်ငံတွင်တည်ရှိသော စာရင်းဝင်ကုမ္ပဏီများအပေါ် မြန်မာနိုင်ငံတွင် ကိုဗစ်ဖြစ်ပွားမှုများ၏ သက်ရောက်မှု ရှိနေသည်ဟု ဆိုသည်။

သို့သော် သူက ဗိုင်းရပ်စ်ပိုးသည် ထိုင်းနိုင်ငံသို့ မပျံ့နှံ့ပါက မြန်မာနိုင်ငံတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုသည် နှိုင်းစာပါက ပမာဏ အလွန်နည်းပါးပြီး ထိုင်းနိုင်ငံတွင် ဒေသအချို့တို့ကိုသာ ပိတ်ဆို့ထားခြင်းခံရသည့်အတွက် ထိုင်းစတော့ရှယ်ယာ ဈေးကွက် တစ်ခုလုံးအနေဖြင့် သိသိသာသာ ထိခိုက်လိမ့်မည်မဟုတ်ဟု သုံးသပ်သည်။

၀င်ငွေရရန်အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားမှုများအပေါ် အားကိုးအားထားပြုသောကုမ္ပဏီများမှာ Carabao Group (CBG), Osotspa (OSP) နှင့် Siam Global House (GLOBAL) တို့ဖြစ်သည်။ သူတို့၏ရှယ်ယာများမှာ ၂၁.၆၄ ရာခိုင်နှုန်း၊ ၂.၆၁ ရာခိုင်နှုန်းနှင့် ၃.၆၅ ရာခိုင်နှုန်းအသီးသီး ကျဆင်းခဲ့ပြီး ဘတ် ၁၁၀.၅၊ ဘတ် ၃၇.၂၅၊ ဘတ် ၁၈.၅၀ တို့ဖြင့် ဈေးပိတ်ခဲ့သည်။

Terdsak က ပြောကြားရာတွင် ထိုင်းစတော့အိတ်ချိန်း အညွှန်းကိန်း Stock Exchange of Thailand (SET) Index ပြန်တက်အောင် ခုခံနိုင်မည်ဖြစ်ရာ ၁,၂၇၀ မှ ၁,၂၈၀ အထိရှိလိမ့်မည်ဟု သူ၏ကုမ္ပဏီက မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

သို့သော် Covid-19 နှင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်သည့် အခြေအနေတို့သည် စျေးကွက်ကိုဖိအားပေးနေသောကြောင့် ရင်းနှီးမြှုပ်နှံသူများသည် ဤခန့်မှန်းချက်ကို အားမကိုးသင့်ကြောင်း သူကပြောသည်။

Source: nationthailand.com

Global News Read 768 times