ထိုင်းနိုင်ငံ ဗီဇာစီးပွား


21 September, 2021

ထိုင်းနိုင်ငံက လာမည့်ငါးနှစ်အတွင်း လူပေါင်း ၁ သန်း ဆွဲဆောင်ရန် ရည်ရွယ်၍ အလားအလာမြင့်မားသောနိုင်ငံခြားသားများ ရေရှည်နေထိုင်ခွင့် အစီအမံများကို စက်တင်ဘာ ၁၄ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ 

အစိုးရပြောရေးဆိုခွင့်ရှိသူ Thanakorn Wangboonkongchana က အစိုးရအဖွဲ့က ရည်မှန်းထားသော အုပ်စုလေးစုဖြစ်သည့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံသားများ ၊ အငြိမ်းစားနိုင်ငံခြားသားများ ၊ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ရန် ရည်ရွယ်သည့် အဝေးရောက်အလုပ်သမား နှင့် စွမ်းရည်မြင့် ပညာရှင်များအား ရင်းနှီးမြှုပ်နှံမှု နှင့် စီးပွားရေးလှုံဆော်မှု အစီအမံများတွင် ဆွဲဆောင်ရန် မူအရ အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ 

အဓိကအစီအမံများအနက် တစ်ခုမှာ အလားအလာမြင့်မားသော နိုင်ငံခြားသားအုပ်စုများအတွက် သီးသန့်ခွင့်ပြုခဲ့သည့် ဗီဇာအမျိုးအစားသစ် တစ်ခုဖြစ်သည့် ကာလရှည်နေထိုင်ခွင့်ဗီဇာအား မိတ်ဆက်ခြင်း ဖြစ်သည်။ ယင်းအစီအမံအရ လူဝင်မှုကြီးကြပ်ရေးရုံးသို့ ရက် ၉၀ အကြာ အစီရင်ခံမှု ကင်းလွတ်ခွင့်ရခြင်းကဲ့သို့ အထူးအခွင့်အရေးများစွာ ပေးမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ Thanakorn ၏ ပြောကြားချက်အရ သိရသည်။ 

အဆိုပါအစီအမံတွင် မြေယာပိုင်ဆိုင်မှု ၊ နိုင်ငံခြားဝင်ငွေခွန် ကင်းလွတ်ခွင့် နှင့် ဥပဒေအရ မဖြစ်မနေလုပ်ရသည့် ပြည်တွင်း ဌားရမ်းခ ခွင့်ပြုသည့် ပမာဏအပေါ်  ကင်းလွတ်ခွင့် ကဲ့သို့ ဆက်စပ်ဥပဒေများ သို့မဟုတ် နည်းဥပဒေများအား ပြင်ဆင်ချက်အချို့လည်း ရှိကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့သည်။

အမျိုးသားစီးပွားရေး နှင့် လူမှုဖွံ့ဖြိုးရေးကောင်စီ(NESDC)ရုံး၏ ထုတ်ပြန်မှုအရ ယင်းအစီအမံများ အကောင်အထည်ဖော်ရေးကာလအား (၂၀၂၂-၂၀၂၆)ဘဏ္ဍာနှစ်အတွင်း ငါးနှစ်တာကာလ ဖြစ်ပြီး ခန့်မှန်းခြေ နိုင်ငံခြားသားနေထိုင်သူ ၁ သန်းခန့် ဝင်ရောက်ရန် မျှော်မှန်းထားကြောင်း ၊ စီးပွားရေးစနစ်တွင် ဘတ် ၁ ထရီလီယံ စီးဝင်လာရန် ၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွင် ဘတ် ၈၀၀ ဘီလီယံ တိုးလာစေရန် နှင့် အခွန်ဝင်ငွေ ဘတ် ၂၇၀ ဘီလီယံ ရရှိစေရန် မျှော်မှန်းထားကြောင်း သိရသည်။ အဆိုပါ အစီအမံများအား ငါးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်သွားမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ Thanakorn က ထည့်သွင်းပြောကြားခဲ့သည်။ 

၁၀ နှစ် ထိုင်းဗီဇာတွင် အထူးဧည့်သည်ကာမက ၎င်း၏ မိသားစုဝင်များပါ အကျုံးဝင်သည်။ အလုပ်လုပ်ကိုင်ခွင့် အလိုအလျောက် ရရှိမည်။ ဝင်ငွေခွန်းကိုလည်း ထိုင်းနိုင်ငံသားများနည်းတူကိုသာ ပေးဆောင်ရမယ်။ ပြည်ပမှာ ရရှိသော ဝင်ငွေများကို အခွန်ကင်းလွတ်ခွင့် ပေးမည်။ ပြည်ပရှိ အိမ်မြေအပါအဝင် ပိုင်ဆိုင်မှုများကိုလည်း အခွန်ကင်းလွတ်ခွင့် ပေးထားမည် ဖြစ်သည်ဟု  Thanakorn က ပြောကြားသည်။ 

ကာလရှည် ထိုင်းဗီဇာ ရရှိရန် လျှောက်ထားသူသည် ပထမအုပ်စုတွင်  အိမ်ရာအဆောက်အဦတွင် ဖြစ်စေ ထိုင်းအစိုးရ ချေးငွေစာချုပ်တွင် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အနေဖြင့်ဖြစ်စေ အနည်းဆုံး ကန်ဒေါ်လာ ၅၀၀,၀၀၀ ရင်းနှီးမြှုပ်နှံမှုပြုရမည် ဖြစ်သည်။ 
တစ်နှစ်တာအတွက် အနည်းဆုံး ဝင်ငွေ ကန်ဒေါ်လာ ၈၀,၀၀၀ ကို ပြီးခဲ့သော နှစ်နှစ်တွင် ရရှိထားသူ ဖြစ်ရမည်။ ပိုင်ဆိုင်မှုတန်ဖိုးမှာ အနည်းဆုံး ကန်ဒေါ်လာ တစ်သန်း ရှိရမယ်။ အနည်းဆုံး ကျန်းမာရေးအာမခံ ကန်ဒေါ်လာ ၁၀၀,၀၀ ထားရှိရမည်။ 

ဒုတိယအုပ်စုမှာ အငြိမ်းစား ယူထားသူများ ဖြစ်ပြီး အသက် အနည်းဆုံး ၅၀ နှစ် ရှိရမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် နေထိုင်ရန် လုံလောက်သော ပင်စင်ပမာဏ ရရှိနေသူ ဖြစ်ရမည်ဖြစ်ပြီး တစ်နှစ်ဝင်ငွေ အနည်းဆုံး ကန်ဒေါ်လာ ၄၀,၀၀၀ ရရှိနေသူ ဖြစ်ရမည်။  ပထမအုပ်စုအတိုင်း ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုရမည်ဖြစ်ပြီး အနည်းဆုံး ပမာဏ သတ်မှတ်ချက်မှာ ကန်ဒေါ်လာ ၂၅,၀၀၀ ဖြစ်သည်။ အနည်းဆုံး ကျန်းမာရေးအာမခံ ကန်ဒေါ်လာ ၁၀၀,၀၀ ထားရှိရမည်။ 

တတိယအုပ်စုမှ ထိုင်းနိုင်ငံမှာ လာရောက်နေထိုင်ပြီး ပြည်ပအလုပ်အကိုင်ကို အဝေးမှ လုပ်ကိုင်သူများ ဖြစ်သည်။ .ထိုသူများမှာ  အဆင်ပြေရာ နိုင်ငံတွင် သွားရောက်နေထိုင်ပြီး အဝေးမှ အလုပ်လုပ်ကြသည့် digital nomads များအတွက် ဖြစ်သည်။ ထို့ပြင် ကြီးမားသော ကုမ္ပဏီမှ အငြိမ်းစား ယူခါနီးသူများကိုလည်း ရည်ရွယ်သည်။ ဖူလုံသော ဝင်ငွေ ရရှိနေသူများ ဖြစ်ရမည်။ 

စတုတ္ထအုပ်စုမှာ တတ်ကျွမ်းမှု မြင့်မားသူများ ဖြစ်ပြီး  ထိုင်းအစိုးရမှ ဦးစားပး သတ်မှတ်ထားသည့် လုပ်ငန်းနယ်ပယ်များတွင် ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်မည့်သူများ ဖြစ်သည်။ ထိုလုပ်ငန်းနယ်ပယ်နှင် သက်ဆိုင်သော ဘာသာရပ်များကို တက္ကသိုလ်များတွင် သင်ပြပေးသူများလည်း အကျုံးဝင်သည်။  ထိုသူသည် လုပ်သက် အနည်းဆုံး ငါးနှစ် ရှိထားရမယ်။ တစ်နှစ်ဝင်ငွေ အနည်းဆုံး ကန်ဒေါ်လာ ၄၀,၀၀၀ ရရှိသူ ဖြစ်ရမည်။ အနည်းဆုံး ကျန်းမာရေးအာမခံ ကန်ဒေါ်လာ ၁၀၀,၀၀ ထားရှိရမည်။

Source: Bangkokpost, Xinhua

 


 

Investment/Divestment Read 2570 times