ဂျပန်ကားကုမ္ပဏီကြီးနှစ်ခု၏ ရင်းနှီးမြှုပ်နှံမှုများကိုခွင့်ပြုခဲ့တဲ့ ထိုင်းနိုင်ငံ


26 July, 2018

နှစ်မျိုးစပ် လျှပ်စစ်ကားများနှင့် ဘက်ထရီများ ထုတ်လုပ်ရေး ဂျပန်ကားကုမ္ပဏီကြီး နှစ်ခု၏ စီမံကိန်းများ အပါအဝင် ထိုင်းဘတ်ငွေ ၂၉ ဒသမ ၆၃ ဘီ လီယံ (ကန်ဒေါ်လာ သန်း ၉၀၀ ခန့်)အထိရှိသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ထိုင်းအစိုးရက ခွင့်ပြုခဲ့သည်ဟု ထိုင်းအာဏာပိုင်များက ပြောကြားသည်။

Nissan Motor (Thailand) သည် ထိုင်းဘတ် ၁၀ ဒသမ ၉၆ ဘီလီယံ စီမံကိန်းတွင် ရင်းနှီးမြှုပ် နှံမည်ဖြစ်ကာ Honda Auto-mobile (Thailand) ကလည်း ထိုင်းဘတ် ၅ ဒသမ ၈၂ ဘီလီယံ စီမံကိန်းတစ်ခု၌ ရင်းနှီးမြှုပ်နှံမည် ဟု ထိုင်းရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ က ထုတ်ပြန်ပြောကြားသည်။

ထို့အပြင် Thai AirAsiaX ၏ အဲဘတ်စ်လေယာဉ် ခြောက်စီး ငှားရမ်းမှု ဘတ် ၉ ဒသမ ၂၅ ဘီလီယံ စီမံကိန်းအပေါ် အခွန်ကင်း လွတ်ခွင့်ပေးရန်လည်း ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က အတည်ပြုခဲ့ သည်။

၂၀၁၈ ဇန်နဝါရီမှ ဇွန်လအ ထိ ခြောက်လအတွင်း ထိုင်းနှင့်နိုင်ငံခြားကုမ္ပဏီများက ထိုင်း ဘတ် ၂၈၄ ဒသမ ၆ ဘီလီယံအထိရှိသော စီမံကိန်းများကို တင်ပြခဲ့ပြီး ယင်းပမာဏသည် ၂၀၁၇ ပထမခြောက်လ ရင်းနှီးမြှုပ်နှံမှု များနှင့် ညီတူနီးပါးဖြစ်သည်ဟု BOI အဖွဲ့ကပြောသည်။

စီမံကိန်းအများစုကို ထိုင်း နိုင်ငံ အရှေ့ပိုင်း စီးပွားရေးစင်္ကြံ လမ်းမကြီး (EEC) တွင် လုပ်ကိုင် ရန်ဟု BOI အဖွဲ့က ပြောသည်။

EEC သည့် ဖွံ့ဖြိုးတိုးတက် မှု ပိုမိုရရှိရေးနှင့် အဆင့်မြင့်နည်း ပညာလုပ်ငန်းများကို ပစ်မှတ် ထားသော ထိုင်းအစိုးရ၏ စီမံ ကိန်းဖြစ်သည်။

၂၀၁၈ ဒုတိယနှစ်ဝက် တွင် ပိုမိုကြီးမားသော စီမံကိန်း လျှောက်ထားမှုများရှိမည်ဟု အစိုးရက မျှော်လင့်နေပြီး တစ်နှစ်လုံး အတွက် မူလက ပစ်မှတ်ထားခဲ့ သော ထိုင်းဘတ် ၇၂၀ ဘီလီယံ အထိ ရင်းနှီးမြှုပ်နှံမှု ရရှိမည်ဟု မျှော်လင့်နေသည်။

Ref: Reuters

Global News Read 665 times