ထိုင်း အနည်းဆုံး လုပ်ခလစာ တိုးမြှင့်မှု ယခုနှစ်ကုန်တွင် ထုတ်ပြန်မည်


16 September, 2023

ထိုင်း အနည်းဆုံး လုပ်ခလစာ တိုးမြှင့်မှု ယခုနှစ်ကုန်တွင် ထုတ်ပြန်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်းနိုင်ငံသည် ယခုနှစ်ကုန်တွင် နေ့စဥ်အနိမ့်ဆုံးလုပ်ခအသစ်ကို သတ်မှတ်ပေးမည်ဟု  အလုပ်သမားဝန်ကြီးက သောကြာနေ့ (စက်တင်ဘာ  ၁၅)တွင် ပြောကြားသည်။ 
 ယခင် ပြောဆိုခဲ့သည့်အတိုင်း ဘတ် ၄၀၀ (၁၁.၁၉ ဒေါ်လာ)သို့ တိုးမြှင့်မည် မဟုတ်ကြောင်း အသိပေး ပြောကြားသည်။

အနည်းဆုံး လုပ်ခလစာ တိုးမြှင့်မှုကြောင့် လုပ်ငန်း လည်ပတ်စရိတ်များ မြင့်တက်စေမည်။ တိုင်းပြည် စီးပွားရေး နှေးကွေးနေချိန်တွင် ရင်းနှီးမြုပ်နှံသူများအတွက် ယှဉ်ပြိုင်နိုင်စွမ်း နည်းပါးလာမည်ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

အလုပ်သမားဝန်ကြီး Pipat Ratchakitprakarn က ဘတ် ၄၀၀ သို့ တိုးမြှင့်မည် မဟုတ်သော်လည်း  လုပ်ခ အတက်နှုန်းသည် ကုန်ဈေးနှုန်း အတက်န‌ှုန်းထက်  မြင့်မားကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
ပျမ်းမျှ တစ်နေ့ အနိမ့်ဆုံးလုပ်ခသည် လက်ရှိတွင်  ၃၃၇ ဘတ်ဖြစ်သည်။
ဘတ် ၄၀၀ သို့ တိုးမြှင့်ပါက လက်ရှိပျမ်းမျှထက် ၁၉% မြင့်တက်မည် ဖြစ်သည်။

ဘတ် ၄၀၀ လုပ်ခမူဝါဒကို နေ့စဥ်အနိမ့်ဆုံးလုပ်ခအဖြစ် သတ်မှတ်ရန် မဟုတ်ဘဲ ကျွမ်းကျင်မှုအရ ပေးမည်ဟု Pipat မှ ပြောကြားသည်။

“အနိမ့်ဆုံးလုပ်ခ ၁၀% ထက် ပိုတက်လာရင် အလုပ်ရှင်တွေက ကိုင်တွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယူဆပါတယ်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (small-and-medium enterprises SMEs) ထိုင်းနိုင်ငံမှာ ပျောက်ကွယ်ကုန်လိမ့်မယ်" ဟု ပြောကြားသည်။ 

အနိမ့်ဆုံးလုပ်ခ အသစ်ကို နိုင်ငံ၏ သုံးပွင့်ဆိုင်လုပ်ခ ကော်မတီက နိုဝင်ဘာလတွင် အပြီးသတ်မည်။ "နှစ်သစ်လက်ဆောင်" အဖြစ်ကြေညာပေးမည် ဖြစ်သည်ဟု Pipat က ပြောကြားသည်။
 
ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries (FTI) ဥက္ကဋ္ဌ Kriengkrai Theinnukul က လုပ်ခကော်မတီ၏ ဆုံးဖြတ်ချက်ကို လက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လုပ်ခတိုးနှုန်းသည် ကုန်ဈေးနှုန်း တိုးနှုန်းထက် အနည်းငယ် ပိုမြင့်သင့်သည်ဟု ၎င်းက ပြောကြားသည်။

 "ကျွန်တော်တို့က Win-Win ဖြစ်မယ့် ကိန်းဂဏန်းကိုရှာရမယ်" ဟု သူက ပြောသည်။ ထိုင်းနိုင်ငံတွင် အလုပ်သမား အများအပြား သုံးစွဲရသည့် လုပ်ငန်းအမျိုးအစား အုပ်စု ၂၀ ရှိသည်ဟု ၎င်းက ပြောကြားသည်။

Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Labour Affairs Read 803 times