၂၀၁၇ ခုနှစ် အတွင်း သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်း တိုးတတ်လာပြီး လေးနှစ်ဆက်တိုက် ဓာတ်အားထုတ်လုပ်မှု မြင့်တတ်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာအထိ လျှပ်စစ်ခရီး၊လေးနှစ်တာ-ပြည်သူသို့ အစီအရင်ခံစာတွင် ဖော်ပြခဲ့ပါသည်။
အခြားနှစ်များထက် ၂၀၁၇ ခုနှစ် တစ်နှစ်တာမှာ Thermal Generation တိုးတတ်ထုတ်လုပ်မှု ပမာဏသည် ယခင်နှစ်တွေထက် ၁၃ ရာခိုင်နှုန်း ဆက်လက် တိုးတတ်လျက်ရှိပါသည်။
ယခုကဲ့သို့ တိုးတတ် ထုတ်လုပ်နိုင်ခြင်းသည် ဓာတ်အားပေးစက်ရုံ အသစ်များပြီးစီးခြင်းကြောင့်မဟုတ်ပဲ လက်ရှိဓတ်အားပေးစက်ရုံများမှ လျှပ်စစ်တိုးတတ် ထုတ်လုပ်နိုင်အောင် စီမံခန့်ခွဲဆောင်ရွက်ခဲ့သော ရလဒ်များဖြစ်သည်ဟု လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၎င်း၏ အစီအရင်ခံစာတွင် ပြောကြားခဲ့ပါသည်။
နှစ်အလိုက် သဘာဝဓာတ်ငွေ့သုံးနှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်လုပ်ပေးခဲ့သည့် ပမာဏကိုကြည့်ပါက ၂၀၁၄ ခုနှစ်တွင် ၄၈၇၂၈၀၈၊ ၂၀၁၅ ခုနှစ်တွင် ၆၂၁၅၄၇၂၊ ၂၀၁၆ ခုနှစ်တွင် ရ၅၄၅၇၉၄၊ ၂၀၁၇ ခုနှစ်တွင် ၈၅၁၆၉၄၇ ဖြစ်ပါသည်။
၂၀၁၇ ခုနှစ် အတွင်းတွင်မူ ဇန်နဝါရီလတွင် ရ၇၃၂၆၀၊ ဖေဖော်ဝါရီတွင် ၆၆၇၃၀၆၊ မတ်လတွင် ရ၆၇၂၀၁၊ ဧပြီတွင် ရ၃၇၀၂၁၊ မေတွင် ရ၈၇၈၈၁၊ ဇွန်တွင် ရ၆၉၇၇၂၊ ဇူလိုင်တွင် ၆၅၄၆၁၇၊ သြဂုတ်တွင် ၆၅၃၇၁၈၊စက်တင်ဘာတွင် ၆၂၆၃၀၄၊ အောက်တိုဘာတွင် ၆၂၈၄၈၀၊ နို၀င်ဘာတွင် ၆၆၇၇၈၂ နှင့် ဒီဇင်ဘာတွင် ရ၈၃၆၀၅ ဖြစ်ပြီး မေတွင် အများဆုံး ထုတ်လုပ်ခဲ့ပါသည်။
၂၀၁၅ ခုနှစ် တွင် တစ်နှစ်တာတွင် Thermal Generation တိုးတတ်ထုတ်လုပ်မှု ပမာဏမှာ ယခင်ထက် ၂၈ ရာခိုင်နှုန်းပိုမိုများပြားလာခဲ့ပါသည်။
အလားတူ ၂၀၁၆ ခုနှစ် တွင် Thermal Generation တိုးတတ် ထုတ်လုပ်မှုပမာဏမှာ ယခင်ထက် ၂၁ ရာခိုင်နှုန်းပို၍ များပြားခဲ့ပါသည်။
ပြီးခဲ့သည့်လေးနှစ်အတွင်း သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတို့မှာ ဆက်တိုက်မြင့်တတ်လာပြီး ရေအားမှ လျှပ်စစ်ထုတ်လုပ်မှုမှာလည်း မြင့်တတ်လျက်ရှိနေပါသည်။
လျှပ်စစ်ဓာတ်အား တိုးတတ်ထုတ်လုပ်နိုင်မှု ကိန်းဂဏန်းများက ကောင်းမွန်သည့် လက္ခဏာဖြစ်သော်လည်း အဆိုပါအချက်အလက်များမှာ လျှပ်စစ်ထုတ်လုပ်မှုစရိတ် များစွာမြင့်တတ်လာခြင်းဖြစ်ကြောင်းကိုလဲ ဒုဝန်ကြီးက ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား အသုံးပြုမှုသည် ၂၀၁၇ ခုနှစ် နို၀င်ဘာတွင် မဂ္ဂါ၀ပ် ၃၁၉၀ ၀န်းကျင်အထိ ရှိလာပြီး နှစ်စဉ်မဂ္ဂါ၀ပ် ၃၀၀၊၄၀၀ တိုးတတ်သုံးစွဲနေပြီး ဓာတ်အားပေးစက်ရုံသစ်များ ဆက်လက်တည်ဆောက်နိုင်ရန်စိန်ခေါ်မှုများလဲရှိနေသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ရေအားလျှပ်စစ်၊သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားတို့ဖြင့် အဓိကဆောင်ရွက်နေပြီး ရေအားလျှပ်စစ်ဖြင့် ဓာတ်အား ထုတ်လုပ်မှုသည် ၂၀၁၅ ခုနှစ်တွင် လေးရာခိုင်နှုန်း၊၂၀၁၆ ခုနှစ်တွင် ခြောက်ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ယခင်နှုန်းထားများထက်ပိုမိုတိုးတတ်လာခဲ့ပါသည်။