စက်တင်ဘာလ ၁၁ ရက်နေ့၌ မြန်မာ့သစ်ထုတ်လုပ်ငန်းတစ်ခုဖြစ်သည့် Diamond Mercury Wood Products Ltd. သည်ဒိန်းမတ်သံအမတ်ကြီး John Nielsen ရောက်ရှိလာခြင်းနှင့်အတူ မြန်မာနိင်ငံကို photovoltaic system နှင့် စတင်မိတ်ဆက်ပေးနိင်ခဲ့ပါသည်။
ယင်းဆိုလာပြားများ တပ်ဆင်မှုအတွက် ဒိန်းမတ်- မြန်မာ နိုင်ငံဆိုင်ရာ အစီအစဉ်မှတစ်ဆင့်ရရှိခဲ့သည့် တာဝန်ရှိ စီးပွားရေးရန်ပုံငွေအဖွဲ့ ( Responsible Business Fund (RBF)) ၏ငွေကြေးများက အရေးပါခဲ့ပါသည်။ ထိုအစီအစဉ်သည် မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်မှုနှင့် တာဝန်ယူသည့် အပြုအမူများ တိုးတက်လာစေရန်အတွက် ရည်ရွယ်ပါသည်။
Diamond Mercury Wood Products Ltd. သည် စက်ယန္တရားကြီးများကိုလည်ပတ်ရန်အတွက် ဆိုလာ PV စနစ်ကိုအသုံးပြုသည့် မြန်မာ့ပထမဦးဆုံးသော အသေးစားစီးပွားရေးလုပ်ငန်းဖြစ်ပါသည်။
RBF သည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာရန်အတွက် ထောက်ပံကူညီပေးသွားမည့် ဒိန်းမတ်နိင်ငံ၏ အကူအညီအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
RBF ငွေများသည် -
• စွမ်းအင်ကို ထိရောက်စွာ အသုံးပြုနိင်သည့်နေရာ၊
• ရေသယံဇာတကို ထိရောက်စွာ အသုံးပြုနိင်သည့်၊
• စွန့်ပစ်မှုတွေကို ကုသခြင်းနှင့် ပြန်လည်အသုံးပြုနိင်သည့်နေရာ၊
• အလုပ်ခွင်စိတ်ချလုံခြုံမှုနှင့် ကျန်းမာရေး အစောင့်ရှောက်များကို ပေးနိင်သည့်နေရာ၊
• စားနပ်ရိက္ခာဖူလုံသည့်နေရာ၊
• စီမံခန့်ခွဲမှုစွမ်းရည်နှင့်
• လုပ်ငန်းခွင်ကျွမ်းကျင်မှုနှင့် နည်းပညာပိုင်းဆိုင်ရာစွမ်းရည်မြင့်မားမှု စသည့်
အရည်အသွေးများပြည့်မီသည့်ဒေသများ၌ ဆန်းသစ်သည့်စီမံကိန်းများကို အကောင်အထည်ဖော်ရန်အတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များသို့ တစ်စိတ်တစ်ပိုင်းအနေဖြင့် ထောက်ပံ့ပေးသည့် ငွေများဖြစ်ပါသည်။