အိမ်ရှင်မများ၏ စိုးရိမ်မှုများ မြင့်တက်လာစေသည့် ကြက်သွန်နီဈေးနှုန်းများ


21 September, 2018

ရှမ်းပြည်နယ်၌ စက်တင်ဘာလအတွင်း ကြက်သွန်နီဈေးနှုန်းမှာ ယခင်လများနှင့် နှိုင်းယှဉ်ပါက ဆက်တိုက်မြင့်တက်လာမှုကြောင့် တောင်သူများ ဈေးကောင်းရရှိနေသော်လည်း ထပ်မံမြင့်တက်လာမည်ကို အိမ်ရှင်မများ စိုးရိမ်နေကြကြောင်းသိရသည်။

အဆင်ပြေ

*******

"ကြက်သွန်က ဒီရာသီမှာတစ်လျှောက်လုံး ဈေးနိမ့်လာခဲ့တာ။ ဒီတစ်ပတ်အတွင်းမှာပဲ ချက်ချင်းတက်လာတယ်။ တစ်ပိဿာကိုကျပ် ၁၀ဝ၀ ကျော်သွားတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက ကျပ် ၇၀ဝ ကျော်လောက်မှာ ရှိသေးတယ်။ခုတော့ ဈေးကစတက်နေပြီ။ ဈေးကွက်ထဲတော့ တစ်ပိဿာကို ကျပ် ၁၅၀ဝ အထက်အထိ တက်သွားလိမ့်မယ်ထင်တယ်။ အခုဆို အခြေခံ လူတန်းစားတွေ အများဆုံးဝယ်ယူစားသုံးနေတဲ့ အမျိုးအစားဆိုရင် တစ်ပိဿာကို ကျပ် ၆၀ဝ ကနေကျပ် ၁၀ဝ၀ ကြားရှိပါတယ်။အဲဒီလို ဈေးကောင်းရတော့ ဒေသခံတောင်သူတွေအတွက် အဆင်ပြေတာပေါ့ဗျာ။ ဒါပေမဲ့ အိမ်ရှင်မတွေကတော့ ဈေးထပ်တက်လာမှာကို စိုးရိမ်နေကြတယ်"ဟု တောင်ကြီး မြို့မဈေးမှ ကြက်သွန်နီရောင်းချသူ ဦးလှမြင့်က စက်တင် ဘာ ၁၅ ရက်၌ ပြောဆိုသည်။

ကြက်သွန်နီဈေးနှုန်းများမှာ ယခုနှစ် အစပိုင်း ရာသီပေါ်ချိန်ကတည်းက တစ်ပိဿာလျှင် ကျပ် ၅၀ဝ ဝန်းကျင်ခန့်သာ ပေါက်ဈေးရှိသည့်အတွက် ကြက်သွန်စိုက် တောင်သူများအနေဖြင့် အခက်အခဲများ ကြုံတွေ့ခဲ့ရကာ ယခုတစ်ပတ်အတွင်း၌ ဈေးနှုန်းပြန်လည် မြင့်တက်လာခဲ့ခြင်းကြောင့် တောင်သူများ ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိနေကြသော်လည်း အိမ်ရှင်မများကမူ ဈေးထပ်မံမြင့်တက်လာမည်ကို စိုးရိမ်လျက်ရှိနေခြင်းဖြစ်သည်။

"အခုလို ဈေးကောင်းရလို့ တောင်သူ တွေအတွက်ကတော့ အဆင်ပြေတာပေါ့။ ဒါပေမဲ့ ဈေးတက်တာ ကျွန်မတို့လို ဝယ်စားသူတွေအတွက်ကျတော့ အဆင်မပြေဘူး။ ဈေးဝယ်တဲ့သူကတော့ ဈေးနည်းတာပဲကြိုက်ကြတယ်။ ဝယ်သုံးကြတာလေ။ တရုတ်ကြက်သွန်နီကိုတော့မကြိုက်ဘူး။ ဒေသထွက်ကြက်သွန်နီပဲ သုံးလို့ကောင်းတာ။ ကုန်ဈေးနှုန်းဆိုတာမျိုးက နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ ဈေးနှုန်းဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ ဈေးအရမ်းတက်နေရင်အဆင်မပြေဘူး" ဟု တောင်ကြီးမြို့နေ မဝင့်ဝါဟိန်းက ပြောဆိုခဲ့သည်။

ပြည်တွင်း၌ ကြက်သွန်နီဈေးနှုန်း စတင်မြင့်တက်လာလျှင် တရုတ်နိုင်ငံမှ အရည်အသွေးနိမ့်၊ ဈေးနိမ့်သော ကြက်သွန်နီများ ဝင်ရောက် လာလေ့ရှိကာ ယခုနှစ်တွင်လည်း တရုတ်နိုင်ငံမှ ကြက်သွန်နီများ စတင်ဝင်ရောက်လာနေပြီဖြစ်ပြီး လက်ရှိနယ်စပ်ဈေးကွက်တွင် ကြက်သွန်နီ တစ်ကီလိုလျှင် တရုတ်ယွမ် ၁ ဒသမ ၃ ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရသည်။

ကြက်သွန်နီဈေးနှုန်း

ၾကက္သြန္နီအမ်ိဳးအစားမ်ား

ဈေးနှုန်း

ဆိပ်ဖြူရှယ် (သစ်)

၁၀၀၀

ဆိပ်ဖြူလတ်ကြီး

၉၅၀

ဆိပ်ဖြူလတ်သန့်

၉၀၀

ဆိပ်ဖြူလတ်ချော

၈၀၀

 

Source: Myanmar times/ Pissaya info

Food Industry Local News Export, Import Read 403 times