မြန်မာနိုင်ငံ၏ အကောင်းဘက်ဆောင်သော အလယ်အလတ်ကာလစီးပွားရေးရှုမြင် သုံးသပ်ချက်များ (၂)


03 August, 2018

ရင်းနှီးမြှုပ်နှံမှုနှင့် နယ်စပ်ရေးရာကဏ္ဍ

*********************

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားလျက်ရှိသော အကျပ်အတည်းပြသနာများနှင့် လုံခြုံရေးကင်းမဲ့မှုများ၊ နိုင်ငံတကာမှ တုံ့ပြန်မှုများကြောင့် ပြည်တွင်းစီးပွားရေးမျှော်မှန်းချက်များ ဆုံးရှုံးနိုင်ချေအလားအလာ ပြင်းထန်လာမှုများ ရှိနေပါတယ်။

ပထဝီအနေအထားအရ ကန့်သတ်မှုများရှိနေသော်လည်း စီးပွားရေးတစ်ရပ်လုံးအပေါ်တွင်တော့ တိုက်ရိုက်မဟုတ်ပဲ သွယ်ဝိုက်သော နည်းလမ်းများဖြင့် သက်ရောက်နိုင်သည့် အခြေအနေများလည်း ရှိနေပါတယ်။

တရားဝင်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ပေးနေမှုအတိုင်းအတာ ကျဆင်းသွားဖွယ်ရှိခြင်းနှင့် အစိုးရချင်းချေးငွေပေးခြေရာတွင် အရေးပါသောရင်းမြစ်ဖြစ်သော တိုးနှုန်းလျော့ပေါ့မှုကိုပါ ထိခိုက်လာဖွယ်ရာလည်း ရှိနေပါတယ်။ ကမ္ဘာလှည့်ခရီးသွားများ ရောက်ရှိမှုအတိုင်းအတာ (level & composition) သည် ခရီးသွားလုပ်ငန်းအသုံးစရိတ်နှင့် ဟိုတယ်နှင့်သယ်ယူပို့ဆောင်ရေးကဲ့သို့သော ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ၏ ဝယ်လိုအားကိုလည်း အားလျော့နည်းစေပါတယ်။

ရင်းနှီးမြှုပ်နှံသူများကလည်း မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခြင်းကြောင့် ၎င်းတို့၏နာမည်ဂုဏ်သတင်းထိခိုက်မှုများ ရှိလာမည်ကိုစိုးရိမ်နေပြီး လက်ရှိလည်ပတ်နေသောရင်းနှီးမြှပ်နှံမှုများနှင့် ရင်းနှီးမြှပ်နှံမှုအသစ်များကို ဆိုင်းငံ့ခြင်းများရှိလာနိုင်ပါတယ်။ ရင်းနှီးမြှပ်နှံမှုများ အရှိန်လျော့လာခြင်းသည် ကုန်ထုတ်လုပ်ခြင်း၊ ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍများ၏ တိုးတက်မှုနှုန်းတို့ကို များစွာ နှောင့်နှေးသွားစေပါသည်။ စက်မှုလက်မှုကဏ္ဍတွင်လည်း SME များနှင့် စွမ်းအင်ကဏ္ဍသို့ ရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်မှုနှုန်းလျော့နည်းလာခဲ့လျှင် နိုင်ငံ၏အခြေခံအဆောက်အအုံတည်ဆောက်မှုမှာပါ လာရောက်ထိခိုက်မှုများ (spillover effects) ရှိလာနိုင်ပါသည်။

သို့သော် အချက်အလက်မပါပဲပြောရလျှင် ရင်းနှီးမြှပ်နှံသူများသည် ရခိုင်ပြည်နယ်တွင်ဖြစ်နေသော လုံခြုံရေးပြသနာများထက် အစိုးရ၏ပြုပြင်ပြောင်းလဲမှုနှုန်းအပေါ်တွင်သာ များစွာဂရုပြုပူပန်နေမှုများကို ပြသနေပါတယ်။

ဘဏ်လုပ်ငန်းကဏ္ဍ နှင့် ဆောက်လုပ်ရေးကဏ္ဍ

**************************

ဘဏ်လုပ်ငန်းကဏ္ဍသည် နိုင်ငံတကာစံချိန်စံညွှန်းများမီရန်လိုက်နာရာတွင် အကူးအပြောင်းကာလစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

လိုအပ်သောပြုပြင်ပြောင်းလဲမှုများ (reforms) ပြုလုပ်ခြင်းသည် ချေးငွေများထုတ်ချေးနိုင်ရန်နှင့် ငွေပိုထုတ်ယူခြင်း (overdrafts) အပေါ်တွင် မှီခိုနေရသောကြောင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် အားနည်းချက်များအား ရှိလာနေပါတယ်။ စံချိန်စံညွှန်းအသစ်များနှင့်အသားကျမှုရှိလာစေရန် ဗဟိုဘဏ်အနေဖြင့် စီးပွားဖြစ်ဘဏ်များနှင့် အတူတကွပူးပေါင်း၍ နောက်ထပ်သုံးနှစ်ထပ်မံခွင့်ပြုပေးရန် လုပ်ဆောင်နေသော်လည်း ထိုအားနည်းချက်များ ဆက်လက်တည်ရှိနေပါတယ်။

အကယ်၍ ဘဏ်များအနေဖြင့် ပတ်ဝန်းကျင်အသစ်တွင် လိုက်လျောညီထွေစွာနေရင်း ချေးငွေပေးမှုကို လျှော့ချလိုက်ပါက ပြင်ပငွေကြေးများအပေါ်တွင် များစွာမှီခိုနေရသောကဏ္ဍများဖြစ်သည့် ဆောက်လုပ်ရေးကဏ္ဍအပေါ် အပြင်းအထန် သက်ရောက်မှုများရှိလာမှာ ဖြစ်ပါတယ်။

ထိုသက်ရောက်မှုများရှိလာခဲ့လျှင် Unskilled Labour မပြေလည်သော အိမ်ထောင်စုများအပေါ် ဆိုးရွားစွာ အကျိုးသက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။

Tips Industry Reviews Read 834 times