အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် တီထွင်ကြံဆမှု၊ ဆန်းသစ်မှုနှင့် ကြိုးစားမှုများပေါ်ထွန်းလာရေး စွန့်ဦးတီထွင်သူလုပ်ငန်းရှင်များ ထွက်ပေါ်ရန်လိုအပ်ကြောင်းဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားခဲ့သည်။
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီကကြီးမှူး၍ ပဉ္စမအကြိမ် MSMEs Products ဒေသတွင်းပြပွဲနှင့် ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၁၇ ရက် နံနက်ပိုင်းက မုံရွာမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားရာ၌ ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
MSMEs လုပ်ငန်းတွေအနေနဲ့ မိရိုးဖလာ စီးပွားရေးလုပ်ငန်းတွေက လုပ်ငန်းရှင်တွေရဲ့ တီထွင်ကြံဆမှု၊ ဆန်းသစ်မှုနဲ့ ကြိုးစားမှုတွေ ပေါ်ထွန်းလာဖို့ဆိုတာဟာ စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်တွေ ထွက်ပေါ်လာဖို့လိုအပ်ပါတယ်။ အခုလိုနိုင်ငံတော်က ဦးဆောင်ကျင်းပ ပေးတဲ့ပြပွဲမှာ လုပ်ငန်းရှင်တွေရဲ့ စိတ်ကူး စိတ်သန်းကြိုးစားမှုဈေးကွက်ကို ထိထိမိမိ မိတ်ဆက်နိုင်မှုတွေကို အတုယူဖို့လိုအပ်ပါတယ်။ စီးပွားရေးဆိုင်ရာ ဆန်းသစ်တဲ့ အတွေးအခေါ် အသိအမြင်တွေ ဖွံ့ဖြိုးတိုးတက်လာပြီး ပိုမိုကောင်းမွန်တဲ့ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးနိုင်မှသာ ဒေသအတွင်း လုပ်ငန်းများနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး နိုင်ငံတကာဈေးကွက်ကို ထိုးဖောက် ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်"ဟု ဒုသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
အခွင့်ထူးများရရှိမည်
********
ဒေသအလိုက်ပြိုင်ပွဲများတွင် လိုအပ်သည်များကို ထောက်ပြဆွေးနွေးခွင့်ရခြင်းနှင့်အတူ ဈေးကွက်အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရာတွင် အခုကဲ့သို့ ပြပွဲပြိုင်ပွဲများတွင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရမည်ဖြစ်သည့်အပြင် ပြည်ပပြပွဲပြိုင်ပွဲများမှာ နိုင်ငံဒေသကိုယ်စားပြု ပြသယှဉ်ပြိုင်ခွင့်ရခြင်းနှင့်အတူ ငွေကြေးအခက်အခဲအတွက် ဘဏ်များဖြင့် ချိတ်ဆက်ပေးမည့်အခွင့်ထူး များရရှိလာစေမည်ဖြစ်သည်။
Source:myanmar times