ယခုနှစ်တွင်ဆန်တင်ပို့မှု စံချိန်တင် တင်ပို့ထား


20 December, 2017

လက်ရှိဘဏ္ဍာနှစ် ရှစ်လကျော်အတွင်း လယ်ယာထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ နှစ်ဘီလျံနီးပါးရရှိထားပြီး ပြည်ပသို့ ဆန်တင်ပို့မှုမှ ယခင် ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာ ၁ ဒသမ ၂၈ သန်းကျော် ပိုမိုကုန်သွယ်နို်င်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါသည်။

ထို့ပြင် အခြားပို့ကုန်ပစ္စည်းများမှလည်း ယခင်ဘဏ္ဍာနှစ် ကာလတူထက် ပိုမိုကုန်သွယ်မှုပြုထားပြီး ပို့ကုန်ပစ္စည်းများမှ တန်ဖိုး အမေရိကန် ဒေါ်လာ ၈ ဒသမ ၉ ဘီလျံ၊ သွင်းကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၁၁ ဒသမ ရ ဘီလျံဖြစ်သည့်အတွက် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၂၀ ဒသမ ၆ ဘီလျံ ဆောင်ရွက်နို်င်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ပို့ကုန် ၁ ဒသမ ၆ဘီလျံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ဘီလျံ စုစုပေါင်း ကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၃ ဒသမ ၉ ဘီလျံခန့် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန စာရင်များအရသိရပါသည်။

လယ်ယာထွက်ကုန်ပစ္စည်းများမှ ပဲမျိုးစုံတန်ချိန် ၉ ဒသမ ရ သိန်းကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၁၀၄ သန်း၊ နှမ်းတန်ချိန် သုည ဒသမ ၈၁ သိန်း၊ တန်ဖိုး ကန်ဒေါ်လာ ၉၇ သန်း၊သစ်သီးဝလံမျိုးစုံတန်ချိန် တန်ချိန် ၄ ဒသမ ရ သိန်းခန့်၊ တန်ဖိုး ကန်ဒေါ်လာ သန်း ၉၀ နှင့် ပြောင်းတန်ချိန် ရှစ်သိန်းခန့်၊ တန်ဖိုး ကန်ဒေါ်လာ ၁၅၇ သန်းတင်ပို့နို်င်ခဲ့ကြောင်း သိရပါသည်။

လယ်ယာထွက်ကုန်ပစ္စည်းဖြစ်သည့် ပဲမျိုးစုံတင်ပို့မှုတွင် ကာလတူတင်ပို့မှုကို နှိုင်းယှဉ်ပါက ယခင်ဘဏ္ဍာနှစ်ထက် ပိုမိုတင်ပို့ထားသော်လည်း စျေးနှုန်းကျဆင်းခဲ့သည့်အတွက် တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၃၄၃ သန်းလျော့နည်းခဲ့ကြောင်း၊ အလားတူပင် ပြန်လည်တင်ပို့ကုန်စနစ်ဖြင့် သကြားတင်ပို့မှုအား ၂၀၁၇ ခုနှစ်၊စက်တင်ဘာလ ၂၂ ရက်တွင် ရပ်ဆိုင်းခဲ့ခြင်းကြောင့် သကြားတင်ပို့မှုသည်လည်း ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၃၁၆ သန်းလျော့နည်းခဲ့ကြောင်း သိရပါသည်။

ဆန်နှင့် ဆန်ကွဲတင်ပို့မှုတွင် ယခင်နှစ်က နယ်စပ်ကုန်သွယ်ရေးတင်ပို့မှု အားလုံး၏ ရ၂ ရာခိုင်နှုန်းဖြင့် အဓိက တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှ တင်ပို့မှုတွင် ၆၀ရာခိုင်နှုန်းနှင့် နယ်စပ်ကုန်သွယ်ရေးတင်ပို့မှု ၄၀ ရာခိုင်နှုန်းဖြစ်သဖြင့် ပင်လယ်ရေကြောင်းမှ ဆန်နှင့်ဆန်ကွဲ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ ပင်လယ်ရေကြောင်းမှ ဆန်နှင့် ဆန်ကွဲတင်ပို့သည့်နို်င်ငံများအနေဖြင့်လည်း ယခင်နှစ်က ၂၉ နို်င်ငံသာ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်မှ ၄၈ နို်င်ငံတင်ပို့နိုင်ခဲ့သဖြင့် ၁၉ နိုင်ငံသို့ စျေးကွက်တိုးချဲ့တင်ပို့နိုင်သည့်အပြင် မြန်မာ့ဆန် တင်ပို့မှုမှာစံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရပါသည်။

လက်ရှိဘဏ္ဍာနှစ်မြန်မာ့ဆန်နှင့် ဆန်ကွဲတင်ပို့မှု အများဆုံးသုံးနိုင်ငံမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှားနို်င်ငံတို့ဖြစ်ပြီး ဆန်ကို နိုင်ငံပေါင်း ၅၀ သို့လည်းကောင်း၊ ဆန်ကွဲကို နိုင်ငံပေါင်း၃၃ နို်င်ငံသို့လည်းကောင်း အသီးသီးတင်ပို့နိုင်ခဲ့ကြောင်းသိရပါသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် ပင်လယ်ရေကြောင်းမှ ၆၉၁၁၃၉ ဒသမ ၁၈ တန်၊ နယ်စပ်မှ ၁၀၅၉၀၄၂၂ ဒသမ ၃၅ တန် ရှိပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဆန်၊ဆန်ကွဲတင်ပို့မှုသည် ပင်လယ်ရေကြောင်းမှ ၉၈၈၃၈၉ ဒသမ ၅၄၅ တန်၊ နယ်စပ်မှ ၈၇၃၂၂၀ ဒသမ ၃၅၂ တန် တင်ပို့နို်င်ခဲ့ခြင်းကြောင့် ဘဏ္ဍာနှစ်အလိုက် နှိုင်းယှဉ်ကြည့်ပါက ဆန်၊ဆန်ကွဲတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့မှု ပိုမိုတိုးတက်လာပြီး နယ်စပ်မှ တင်ပို့မှုလျော့နည်းနေကြောင်းသိရပါသည်။

ထို့ပြင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၅၃ ဒသမ ၉၆၁ သန်းတန်ဖိုးရှိ ဆန်၊ ဆန်ကွဲတန်ချိန် ၁၀၇၅၀၅၆၁ ဒသမ ၅၃ တန်ကို ၅၄ နိုင်ငံသို့ တင်ပို့နို်င်ခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၊နိုဝင်ဘာလ ၃ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၅၅၈ ဒသမ ၁၄၃ သန်း တန်ဖိုးရှိ ဆန်၊ ဆန်ကွဲတန်ချိန် ၁၈၆၁၆၀၉ ဒသမ ၈၉၇ တန်ကို နိုင်ငံပေါင်း ရ၈ နိုင်ငံသို့ တင်ပို့နို်င်ခဲ့ခြင်းကြောင့်ကမ္ဘာ့နိုင်ငံအများအပြားသို့ မြန်မာ့ဆန်စျေးကွက် ပိုမိုချဲ့ထွင်နိုင်ခဲ့ကြောင်း သိရပါသည်။

ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့ရာတွင် ဆန်ဖြူ ၅ မှတ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၅ မှ ၄၂၀ ကြား၊ ဆန်ဖြူ ၁၀ မှတ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၅ မှ ၃၈၅ ကြား၊ ဆန်ဖြူ၂၅ မှတ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၃၃၅ ကြားရရှိပြီး နယ်စပ်မှတင်ပို့ရာတွင် ဆန်ဖြူ ၅ မှတ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၅ မှ ၄၂၀ ကြား၊ ဆန်ဖြူ ၁၀ မှတ် တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၄၁၀ မှ ၄၁၅ ကြား၊ ဆန်ဖြူ ၂၅ မှတ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၀ မှ ၃၅၅ ကြားရရှိကြောင်း သိရပါသည်။

Source:the farmer media

Export, Import Read 735 times