ပုဂ္ဂလိကပိုင် facemask ပြုလုပ်သည့်ကုမ္ပဏီ Iris Ohyama Inc. နှင့် Sharp ကော်ပိုရေးရှင်း အပါအ ၀ င်ကုမ္ပဏီပေါင်း ၅၇ ခုသည် ဂျပန်အစိုးရ၏ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်သွယ်ရေး ၀ န်ကြီးဌာန(METI )မှ အစိုးရထောက်ပံ့မှုများအနေဖြင့် ယန်း ၅၇.၄ ဘီလီယံ (ဒေါ်လာ ၅၃၆ သန်း) ကိုရရှိမည်ဖြစ်သည်။ နောက်ထပ်ကုမ္ပဏီ ၃၀ သည် ဗီယက်နမ်၊ မြန်မာ၊ ထိုင်းနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုများအတွက် ငွေများလက်ခံရရှိလိမ့်မည်ဟု သီးခြားကြေငြာချက်တစ်ခုတွင် ဖော်ပြထားသည်။
ဂျပန်အစိုးရသည် အချို့သောကုမ္ပဏီများအား ဂျပန်နှင့်အရှေ့တောင်အာရှရှိ စက်ရုံများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုအပေါ်မှီခိုမှုကို လျှော့ချရန် ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် စတင်လုပ်ကိုင်မည်ဖြစ်သည်။
METI ၏ကြေညာချက်တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်မှုများကို ခေါ်ထုတ်ရန်အတွက် ငွေပမာဏအတိအလင်း ဖော်ပြခြင်း မရှိသော်လည်း ၀ န်ကြီးချုပ် Shinzo Abe က မတ်လတွင် ဂျပန်သည်ထုတ်လုပ်မှုများကို ဂျပန်သို့ ပြန်ရွှေ့ရန် သို့မဟုတ် အာဆီယံနိုင်ငံများနှင့်အခြားနိုင်ငံများသို့ ပြောင်းရွှေ့ခြင်းြဖင့် တရုတ်နိုင်ငံအပေါ် မှီခိုမှုကို လျှော့ချရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
Hindustan Times