ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်မှု အများဆုံးနိုင်ငံများ


25 July, 2018

စားအုန်းဆီထုတ်လုပ်ရန်သုံးသောဆီအုန်းအမျိုးစားအများစုမှာမှာ မာရီပါ အမျိုးအစားဆီအုန်းပင်ပင်၊ အမေရိကန် ဆီအုန်းပင်နှင့် အာဖရိကဆီအုန်းပင်တို့ ဖြစ်သည်။

ဆီအုန်းအသီးများ၏ အရောင်သည် များသောအားဖြင့် beta-carotene အများအပြားပါရှိသောကြောင့် အနီရောင်ရှိပါသည်။

Kenel ဆီအုန်းပင်နှင့် ပုံမှန်ဆီအုန်းပင်များတွင် ကြီးမားသောခြားနားချက်တစ်ခုရှိသည်။ Kenel ဆီအုန်းပင်မှ အသီးများသည် carotenoids ကင်းမဲ့သောကြောင့် အနီရောင်မရှိပေ။

စာအုန်းဆီနှင့် အုန်းဆီတို့တွင် အသီးအရွက်များတွင်ပါဝင်သော ကဆီဓာတ်ကို တွေ့ရလေ့ရှိသည်။ ၎င်းတို့ကို အခန်းအပူချိန်အတွင်းထားရှိပါက အဆီအခဲအဖြစ်ပြောင်းလဲသွားသည်။

စားအုန်းဆီကို အရှေ့တောင်အာရှ၊ ဘရာဇီးနှင့် အာဖရိက တို့တွင် အချက်အပြုတ်အတွက်သုံးသောဆီအဖြစ် တွင်ကျယ်စွာ အသုံးပြုကြသည်။

ကမ္ဘာတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရခြင်းမှာ စားအုန်းဆီသည် ကြော်လှော်ရာတွင် ကြာရှည်အသုံးခံခြင်းနှင့် ကုန်ကျစရိတ် နည်းပါးသောကြောင့် ဖြစ်သည်။

မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသည် စားအုန်းဆီထုတ်လုပ်မှုအများဆုံးနိုင်ငံများဖြစ်ပြီး ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းခန့်ရှိသည်။

(၁) အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံတွင် ဆီအုန်းစိုက်ပျိုးမှုဧက အများအပြားရှိသောကြောင့် ကမ္ဘာပေါ်တွင် စားအုန်းဆီထုတ်လုပ်မှု အများဆုံးနှင့် တင်ပို့နိုင်မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။

၂၀၁၆ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီ ၃၆,၀၀၀,၀၀၀ မတ်ထရစ်တန် ထုတ်လုပ်ခဲ့ပြီး ၂၅ ဒသမ ၁ သန်းတန်ချိန် တင်ပို့ခဲ့သည်။

လာမည့် ၂၀၂၀ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ဆီအုန်းစိုက်ခင်းစီမံကိန်းများမှာ ခန့်မှန်းခြေ ၁၂ ဟန်တာခန့်ရှိလာမည်ဟု ခန့်မှန်းထားသည်။

၂၀၁၂ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့စားအုန်းဆီတင်ပို့မှု၏ ၃၅ ရာခိုင်နှုန်းကျော်တင်ပို့နိုင်ခဲ့ပြီး အများဆုံးတင်သွင်းခဲ့သောနိုင်ငံများမှာ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ ဖြစ်သည်။

(၂) မလေးရှား

မလေးရှားနိုင်ငံကတော့ စားအုန်းဆီထုတ်လုပ်မှုတွင် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပြီး နိုင်ငံ၏ထုတ်ကုန်များ၏ စုစုပေါင်းရာခိုင်နှုန်းမှာ ကမ္ဘာ့ထုတ်ကုန်များ၏ ၃၉ ရာခိုင်နှုန်းရှိပြီး ၎င်းတွင် စားအုန်းဆီတင်ပို့မှုက နိုင်ငံထုတ်ကုန်၏ ၄၄ ရာခိုင်နှုန်းခန့်ရှိသည်။

မလေးရှားနိုင်ငံသည် ဆီအုန်းအများအပြားစိုက်ပျိုးသောနိုင်ငံဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံ၏ စုစုပေါင်း စားအုန်းဆီထုတ်လုပ်မှုမှာ ၂ ဒသမ ၁ မက်ထရစ်တန်ချိန် ရှိသည်။

နိုင်ငံအတွင်း စားအုန်းဆီထုတ်လုပ်မှုကို ပုဂ္ဂလိက၊ အသေးစားနှင့် ဖက်စပ်ဟူ၍ အမျိုးအစားသုံးမျိုး ခွဲခြားနိုင်သည်။

သို့သော်လည်း ထိုကဲ့သို့ စီးပွားရေးလှုပ်ရှားမှုသည် နိုင်ငံ၏ ဇီဝမျိုးစိတ်များနှင့် သစ်တောပြုန်းတီးမှုများဖြစ်စေသောကြောင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်လာလျက်ရှိပြီး ရေအရင်းအမြစ်ကို ညစ်ညမ်းစေခြင်းကြောင့် နိုင်ငံအတွက် အလေးအနက်ထားဖြေရှင်းရမည့် သဘာဝပတ်ဝန်းကျင် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေသည်။

မလေးရှားနိုင်ငံသည် ဥရောပနိုင်ငံများ၊ ပါကစ္စတန်၊ တရုတ်၊ အမေရိကန်နှင့် အိန္ဒိယနိုင်ငံများသို့ စားအုန်းဆီ အဓိက တင်ပို့လျက်ရှိသည်။

(၃) ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံသည် စားအုန်းဆီတင်ပို့မှုတွင် တတိယနေရာတွင် ရပ်တည်လျက်ရှိပြီး ထုတ်လုပ်မှုရာခိုင်နှုန်း၏ ၇၆ ရာခိုင်နှုန်းကျော်ကို စိုက်ပျိုးသည်မှာ တစ်နိုင်တစ်ပိုင်လုပ်ကိုင်သော လယ်သမားအများစုဖြစ်ကြသည်။

စားအုန်းဆီထုတ်လုပ်မှုမှာ ၂၀၀၇ ခုနှစ်တွင် တန်ချိန် ၆ ဒသမ ၃၉ သန်းရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် တန်ချိန် ၁၀ ဒသမ ၇၈ သန်းအထိ ထုတ်လုပ်နိုင်လာခဲ့သည်။

Surat Thani ပြည်နယ်သည် နိုင်ငံ၏ စားအုန်းဆီးထုတ်လုပ်မှု၏ ၂၆ ဒသမ ၅၉ ရာခိုင်နှုန်းကို ထုတ်လုပ်လျက်ရှိသည်။

နိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်သော လယ်သမားများ၊ ကုမ္ပဏီကြီးများ၊ သမဝါယမအဖွဲ့များနှင့် ကိုယ်ထူကိုယ်ထအဖွဲ့များ စသည်ဖြင့် တွေ့ရသည်။

ထိုင်းနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှု အများစုကို နိုင်ငံအတွက် အများဆုံးအသုံးပြုပြီး ကျန်ပမာဏကိုသာ တင်ပို့ခြင်းဖြစ်သည်။

စားအုန်းဆီထုတ်လုပ်ရေးအတွက် ရင်ဆိုင်နေရာသောအခက်အခဲများတွင် စီမံခန့်ခွဲနိုင်မှု အသိပညာနည်းပါးခြင်း၊ ဘဏ္ဍာငွေမရှိခြင်း၊ ပျိုးပင်အရည်အသွေးမကောင်းခြင်းနှင့် မိုးခေါင်ခြင်းစသည့် ပြဿနာများ ပါဝင်သည်။

တစ်နိုင်တစ်ပိုင်စိုက်ပျိုးသော လယ်သမားများသည်လည်း ငွေကြေးရှိသော စီးပွားရေးလုပ်ငန်းရှင်များကြောင့် ဈေးကွက်တွင် ရဈေးဖြင့်ရောင်းနေရသော ပြဿနာများ ရင်ဆိုင်ရလျက်ရှိသည်။

စားအုန်းဆီအသုံးပြုမှု သမိုင်း

********************

စားအုန်းဆီအသုံးပြုမှုကို လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ခန့်ကပင် စတင်ခဲ့ပါသည်။ ရှေးဟောင်းသုတေသနပညာရှင်များက လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ ဘီဆီခန့်က Abydos ၏ ဂူသချိုင်းမှာ တွေ့ရှိခဲ့ကြောင်း သက်သေအထောက်အထားများ တူးဖော်ရရှိခဲ့ပါသည်။

စားအုန်းဆီကို အာဖရိက အလယ်ပိုင်းနှင့် အနောက်ပိုင်း အစိတ်အပိုင်းတော်တော်များများတွင် အသုံးပြုကြပြီး ဥရောပကုန်သည်များကလည်း ချက်ပြုတ်ရာတွင် အသုံးပြုရန် ရံဖန်ရံခါ ဝယ်ယူလေ့ရှိကြသည်။

စက်မှုတော်လှန်ရေးကာလအတွင်း စားအုန်းဆီကို စက်မှုလုပ်ငန်းသုံး ချောဆီအဖြစ်လည်း အသုံးပြုခဲ့ကြပါသည်။

စားအုန်းဆီကို ဆပ်ပြာထုတ်လုပ်သော လုပ်ငန်းများတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ပြီး အစောဆုံးအသုံးပြုခဲ့သည်ဟု လူသိများကြသည်မှာ လီဗာညီအကိုဖြစ်သည်။ ၁၈၇၀ ခုနှစ်တွင် စားအုန်းဆီသည် ဂါနာနှင့် နိုင်ဂျီးရီးယားတို့၏ အဓိက တင်သွင်းကုန်စည်အဖြစ် ရပ်တည်လာခဲ့ပါသည်။

Source: worldatlas

Myanmar Industrial Directory

Tips Read 1598 times