မြဝတီ နယ်စပ် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် မြင့်တတ်


05 August, 2020

Covid-19 ဖြစ်ပွားနေသော်လည်း ထိုင်းနိုင်ငံသို့ ကုန်သွယ်မှု ကောင်းမွန်လာသဖြင့် မြဝတီနယ်စပ် ကုန်သွယ်မှု ပမာဏသည် ယမန်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် မြင့်တတ်လာကြောင်း စီးပွားရေး နှင့် ကူးသန်း

၂၀၁၉-၂၀ ဘဏ္ဍာနှစ် အစပြီးခဲ့သည့် အောက်တိုဘာမှ ဇူလိုင် ၁၇ ရက်အထိ မြဝတီနယ်စပ်မှ ကုန်သွယ်မှု ပမာဏ US$ သန်း ၉၈၀ ကျော်ရှိခဲ့ပြီး ပြီးခဲ့သည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် သန်း ၇၆၀ ဖိုးသာ ကုန်သွယ်နိုင်ခဲ့သည်။

မြဝတီနယ်စပ်မှ တဆင့် မြန်မာ-ထိုင်းကုန်သွယ်မှုတွင် ပို့ကုန်ကဏ္ဍ၌ ယမန်နှစ်ထက် US$ သန်း ၁၇၀ ကျော်မြင့်တတ်လာပြီး သွင်းကုန်ကဏ္ဍ၌ ၄၈ သန်းခန့် မြင့်တတ်ခဲ့သည်။

ယခုဘဏ္ဍာနှစ်တွင် ထိုင်းသို့ ပြောင်းတင်ပို့မှု ပမာဏမြင့်တတ်လာပြီး ပြည်တွင်းသုံးစွဲမှုဖူလုံရေးအတွက် ချင့်ချိန်တင်ပို့နေရသည်။

Bloomberg Myanmar

Export, Import Read 680 times