မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်တာနက်ဆက်သွယ်ရေးကွန်ရက်ဈေးနှုန်း များသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ဈေးနှုန်းများထက် သုံးဆကျော်ပိုများပြားနေကြောင်းကမ္ဘာတစ်ဝန်းမှ မိုဘိုင်းလ်အော်ပရေတာများ ကိုယ် စားပြုဆောင်ရွက်နေသည့် ကုန်သွယ်ရေးလုပ်ငန်းစု GSM Association (GSMA) ၏ အစီရင်ခံစာအရ သိရသည်။
ယင်းကဲ့သို့ ဈေးနှုန်းမြင့်မားမှုမှာ အာဆီယံ နိုင်ငံများအနက် မြန်မာနိုင်ငံသည်နံပါတ် (၈) နေရာတွင် ရပ်တည်နေကြောင်း GSMA ၏ ဖွံ့ဖြိုးဆဲနိုင်ငံများမှ အင်တာနက်ဆက်သွယ် ရေးကွန်ရက် ဈေးနှုန်းသတ်မှတ်ချက်များ အမည်ရှိ အစီရင်ခံ၌ ဖော်ပြပါရှိသည်။
အာရှ−ပစိဖိတ်နိုင်ငံများအနက် မြန်မာနိုင်ငံသည်ဆက်သွယ်ရေးကဏ္ဍ၌ အတိုးတက်ဆုံးနိုင်ငံအဖြစ် စာရင်းသွင်းခံထားရသော်လည်း လူဦးရေ ၃၅ သန်းခန့်သည် အင်တာနက်ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း ကမ္ဘာ့အော်ပရေတာ ၇၅၀ ခန့်ကို ကိုယ်စားပြုသည့် GSMA ဆက်သွယ်ရေးအဖွဲ့အ စည်းက ထုတ်ပြန်သည်။
ထို့အပြင် လူဦးရေ ၄၅ သန်း ခန့်ဆီသို့ 4G ကွန်ရက်ရောက်ရှိ ရန်ကျန်ရှိနေသေးကြောင်း၊ မြန်မာနိုင်ငံသည် အခြေခံအဆောက် အအုံတည်ဆောက်မှုတွင် လိုအပ်ချက်များရှိနေပြီး ကွန်ရက်အရည်အသွေး၊ ကွန်ရက်ဖြန့်ကြက်မှုနှင့် ကွန်ရက်ဆက်သွယ်မှုတွင် ဒေသ တွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက (ပေးမှတ် ၃၃ တွင် ရမှတ် ၂၀ သာရှိ) အဘက်ဘက်၌ လိုအပ် ချက်ရှိသဖြင့် ပြောင်းလဲရန် လို အပ်ကြောင်း GSMA ကအကြံပြုသည်။
မြန်မာနိုင်ငံ၌ ဝန်ဆောင်မှု ပေးနေသည့် ဆက်သွယ်ရေး အော်ပရေတာများက ၎င်းတို့၏ ကွန်ရက်သည် လူဦးရေ ၉၀ ရာခိုင်နှုန်းခန့်ကို ဖြန့်ကြက်ထားပြီး ဆင်းမ်ကတ်အသုံးပြုမှု၏ ထက်ဝက်ခန့် အင်တာနက်ကို အသုံးပြုနေကြောင်းထုတ်ပြန်ထားသည်။
GSMA သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်တာနက်ဆက်သွယ်ရေးကွန်ရက်ဈေးနှုန်း သတ်မှတ်ချက်များ အမည်ရှိတင်ပြချက်ကို သြဂုတ် ဒုတိယပတ်တွင် မြန်မာဘာသာဖြင့် ထုတ်ပြန်သည်။
တင်ပြချက်တွင် အင်တာနက်ဝန်ဆောင်ခ ဈေးနှုန်းမြင့်မားခြင်းသည် ကြွေးမြီ မြင့်မားနေသော နိုင်ငံများနှင့် ဆက်စပ်နေကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်တာနက်ဆက်သွယ်ရေး ကွန်ရက် လေလံကြမ်းခင်းဈေးနှုန်းသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ဈေးနှုန်းများထက် ငါးဆကျော်ပိုမိုမြင့်မားကြောင်း ဖော်ပြထားသည်။
‘‘လေလံတင်ရောင်းချမှုတွေမှာ အမြတ်အစွန်းဘယ်လောက် တက်လာမလဲဆိုတာကိုပဲ ကြည့် ကြပြီး လူတွေအချင်းချင်းချိတ်ဆက်မှုကနေ စီးပွားရေးအရ၊လူမှု ရေးအရအကျိုးအမြတ် ဘယ်လောက်ရမလဲဆိုတာကို မကြည့် ကြသေးပါဘူး။ ရေတိုအကျိုးအမြတ်တွေကိုသာ ကြည့်တဲ့အင် တာနက်ဆက်သွယ်ရေးကွန်ရက်မူဝါဒတွေဟာ ဈေးနှုန်းချိုသာတဲ့ မိုဘိုင်း Broadband ဝန်ဆောင်မှုကို ပေးဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဦးတည်ရည်ရွယ်ချက်တွေနဲ့ မ ကိုက်ညီလှပါဘူး’’ ဟု GSMA ဆက်သွယ်ရေးဌာနအကြီးအကဲ Mr.Brett Tarnutzer ကပြော သည်။
မြန်မာနိုင်ငံသည် ၂၀၁၇ က 4G ကွန်ရက်အတွက်လိုအပ်သော လှိုင်းနှုန်းစဉ်ကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချရာ ဒေသတွင်း နိုင်ငံ အချို့တွင် အမြင့်မားဆုံးဝင်ငွေကို အစိုးရက ရရှိကြောင်း ဝေဖန်မှု များရှိခဲ့သည်။
မြန်မာကြိုးမဲ့ Broad band အသင်း အကြံပေး Roland Berger အဖွဲ့ကမူ ၂၀၁၇ စာရင်း အရ မြန်မာနိုင်ငံတွင် အင်တာ နက်အသုံးပြုသူ ၁၉ သန်းခန့်ရှိပြီး လာမည့် ၂၀၂၅ ၌ အင်တာနက် အသုံးပြုသူ ခုနစ်သန်းခန့်တိုးပွားလာမည်ဟု ခန့်မှန်းသည်။
7 day/ myanmar times