ဘဏ်များတွင် ပြည်သူများဧ။် စုဆောင်းမှုအပ်ငွေပမာဏမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၂၁၂၂၁ ဘီလျံကျော်အထိ ရှိနေပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍနှစ်တွင် ကျပ် ၂၅၁၀၆ ဘီလျံကျော်အထိ ရှိလာကာ ကျပ် ၃၈၈၅ ဘီလျံကျော်မြင့်တက််ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဧ။် စာရင်းများအရ စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာနမှ သိရပါသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍနှစ်တွင် ဘဏ်များ၌ပြည်သူများဧ။် စုဆောင်းမှုအပ်ငွေမှာ ကျပ် ၂၁,၂၂၁,၀၇၄ သန်းအထိ ရှိနေခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍနှစ် ဒီဇင်ဘာလကုန် အထိ ဘဏ်များတွင် ပြည်သူများဧ။် အပ်ငွေ ကျပ် ၂၅,၁၀၆,၅၂၄ သန်းအထိ စုဆောင်းကာ ကျပ် ၃၈၈၅ ဘီလျံကျော်အထိ တိုးမြှင့်စုဆောင်းလာခြင်းဖြစ်ပါသည်။
ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်သည့် စာရင်းများအရ ၂၀၁၆ ခုနှစ် မတ်လကုန်(၂၀၁၅-၂၀၁၆ ဘဏ္ဍနှစ်အကုန်)အထိ ပြည်တွင်းလှည့်လည်သုံးစွဲငွေပေါင်း ၁၀၁၅၇ ဘီလျံကျော်အထိရှိခဲ့ပြီး စုဆောင်းမှုအပ်ငွေအပါအဝင်ဘဏ်စာရင်းရှင်အပ်ငွေ ကျပ် ၄၆၆၂ ဘီလျံနှင့် စုဆောင်းမှုအပ်ငွေကျပ် ၂၁၂၂၁ ဘီလျံကျော်ရှိသဖြင့် စုစုပေါင်းကျပ် ၂၅၈၈၃ ဘီလျံကျော်ရှိခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဧ။် ငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက်အစီအရင်ခံစာ(၂၀၁၅-၂၀၁၆)တွင် ဖော်ပြထားမှုအရ သိရပါသည်။
၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့မှုများအရ ပုဂ္ဂလိကဘဏ်များဧ။် အပ်ငွေများ၊ချေးငွေနှင့်ကြိုတင်ချေးငွေများဧ။် နှစ်စဉ်ဖွံ့ဖြိုးတိုးတတ်မှုနှုန်းသည် ၃၈ ရာခိုင်နှုန်းနှင့် ၄၄ ရာခိုင်နှုန်းအထိ ရှိနေပါသည်။
ထို့အပြင် ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်တွင် အပ်နှံငွေများသည်လည်းကောင်း၊ချေးငွေနှင့်ကြိုတင်ချေးငွေ နှစ်မျိုးလုံးဧ။် ဖွံ့ဖြိုးတိုးတတ်မှုနှုန်းသည် ၈၄ ရာခိုင်နှုန်းရှိခဲ့ကြောင်းနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍရေးနှစ်တွင် ဧရာဝတီဘဏ်သည်အတိုးတက်ဆုံးဘဏ်ဖြစ်ပြီး အပ်နှံငွေများဧ။် ဖွံ့ဖြိုးတိုးတတ်မှုနှုန်း ၄၄ရာခိုင်နှုန်းနှင့် ချေးငွေနှင့်ကြိုတင်ချေးငွေများ ဖွံ့ဖြိုးတိုိးတတ်မှုနှုန်းသည် ၃၉ ရာခိုင်နှုန်း အသီးသီးရှိနေကြောင်း သိရပါသည်။
GIZဧ။် ၂၀၁၆ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် စစ်တမ်းများအရ ပြည်တွင်းဘဏ်များတွင် ကမ္ဘောဇဘဏ်သည် Total Assets ၌ ကျပ် ၈၆၉၃ ဘီလျံဖြင့် အကြီးဆုံးဖြစ်နေပြီး ဧရာဝတီဘဏ်သည် ကျပ် ၂၉၁၃ ဘီလျံနှင့် ဒုတိယအကြီးဆုံးဖြစ်နေကြောင်း ဖော်ပြထားပါသည်။
ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ လုပ်ဆောင်နိုင်ရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍနှစ်အထိ ပုဂ္ဂလိက ဘဏ်များမှ ဘဏ်ခွဲပေါင်း ၁၄၈၁ ဘဏ် ဖွင့်လှစ်ထားပြီး နိုင်ငံခြားဘဏ် ၁၃ခု၊ပြည်တွင်းငွေရေးကြေးရေးကုမ္ပဏီ ၁၆ ခု၊နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးခွဲပေါင်း ၄၆ ခု၊နိုင်ငံခြားငွေရေးကြေးရေး ကုမ္ပဏီ နှစ်ခု၊ပုဂ္ဂလိကဘဏ်များမှ ငွေလွဲကောင်တာ ၈၈၇ ခု၊ပုဂ္ဂလိကကုမ္ပဏီများမှ ငွေလွဲကောင်တာ ၄၈၂ ခုအား ဖွင့်လှစ်ထားသည့် အပြင် မိုဘိုင်းဘဏ်လုပ်ငန်းသုံးခုကို လက်ရှိကာလတွင် ဖွင့်လှစ်ဆောင်ရွက်ခွင့် ပေးအပ်ထားကြောင်းသိရပါသည်။