၂၀၁၉ နှစ်အစမှာတင် အရင်ဘဏ္ဍာနှစ်ထက် ပိုများနေတဲ့ မြန်မာ့ပို့ကုန်တန်ဖိုး


26 March, 2019

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်ကာလ (ဖေဖော်ဝါရီလကုန်) အထိ  မြန်မာနိုင်ငံမှ ပြည်ပကို ချုပ်ပြီးအထည်၊ သဘာဝဓာတ်ငွေ့၊ သတ္တုနဲ့ သတ္တုရိုင်းများ၊ ငါး၊ ဆန်၊ ရာဘာစိမ်း၊ ပြောင်း၊ ဆန်ကွဲ၊ သကြား၊ ပုစွန် စတဲ့ ပို့ကုန် (၁၀) မျိုးကို အဓိက တင်ပို့ထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဲဒီပို့ကုန် ( ၁၀ ) မျိုး တင်ပို့ခြင်းကနေ အမေရိကန်ဒေါ်လာ ၈၀၈.၂၁ သန်း ရရှိထားပါတယ်။

အခု ဘဏ္ဍာနှစ်မှာတော့ မြန်မာနိုင်ငံက ပထမဦးစားပေးအနေနဲ့ ချုပ်ပြီးအထည်တွေကို ပမာဏ ၆၁၀၄၄၂၃၂.၆၈၃ နဲ့ အများဆုံးတင်ပို့ထားပြီး  အမေရိကန်ဒေါ်လာ ၃၃၃.၈၃ သန်းရရှိထားပါတယ်။ ဒုတိယအနေနဲ့ သဘာဝဓာတ်ငွေ့ကို တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၃၂၂.၃၂ သန်း ရရှိထားပါတယ်။

  • သတ္တုနဲ့ သတ္တုရိုင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆.၈၉ သန်း၊ 
  • ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၉.၁၅ သန်း၊ 
  • ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈.၈၂ သန်း၊ 
  • ရာဘာစိမ်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၁.၄၄ သန်း၊ 
  • ပြောင်းတင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၁၃.၄၂ သန်း၊ 
  • ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀.၂၇ သန်း၊ 
  • သကြားတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆.၃၈ သန်း၊
  • ပုစွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅.၇၀ သန်း အသီးသီး ရရှိထားပါတယ်။

အဓိကပို့ကုန် (၁၀) မျိုးအပြင် မြန်မာနိုင်ငံဟာ ပြည်ပကို လယ်ယာထွက်ပစ္စည်း၊ တရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနဲ့ အခြားပစ္စည်းတွေကိုလည်း တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၅၈၆၄.၁၅၄ သန်း ရရှိထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒီပို့ကုန် (၁၇) မျိုး တင်ပို့ခြင်းကနေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၆၇၂.၃၆၄ သန်းအထိ ရရှိထားပါတယ်။

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနဲ့ အခြားပစ္စည်း စတဲ့ အဓိကပို့ကုန် (၇) မျိုးကိုသာ တင်ပို့ထားပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၂၂၉.၂၆၃ သန်းသာ ရရှိခဲ့ပါတယ်။

အရင် ဘဏ္ဍာနှစ်တုန်းကတော့ လယ်ယာထွက်ပစ္စည်းကို အများဆုံး တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၅၇.၁၂၉ သန်း ရရှိခဲ့ပါတယ်။ အခြားပစ္စည်းတင်ပို့တာကတော့ အနည်းဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅၉၅.၇၂၂ သန်းသာ ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အခုဘဏ္ဍာနှစ်မှာ ပို့ကုန် ( ၁၀ ) မျိုးကို ထပ်တိုးကာ ပြည်ပကို တင်ပို့ထားတာကြောင့် အရင်နှစ်ကာလတူက ပို့ကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ ၁၄၄၃.၁၀၁ သန်း ပိုရရှိထားတာ ဖြစ်ပါတယ်။

MYANTRADE

Export, Import Read 788 times