ကမ္ဘာ့စီးပွားရေးထိပ်တန်း (၁၀) နိုင်ငံ


25 June, 2018

အမေရိကန်သည် ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံအဖြစ်ရပ်တည်လျက်ရှိပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၂၀ ဒသမ ၄ ထရီလီယံရှိပြီး ယမန်နှစ် ဒေါ်လာ ၁၉ ဒသမ ၄ ထရီလီယံထက်တိုးတက်လာခဲ့ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ထုတ်ပြန်သောအချက်အလက်များအရသိရပါသည်။

အမေရိကန်ရဲ့နောက်ကနေကပ်လိုက်နေတဲ့တရုတ်နိုင်ငံကတော့ တန်ဖိုးငွေ ဒေါ်လာ ၁၄ ထရီလီယံရှိပြီး ယမန်နှစ် ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၂ ထရီလီယံတိုးလာကြောင်းသိရပြီး အဆင့် ၃ နေရာမှာရပ်တည်နေတာကတော့ ဂျပန်နိုင်ငံဖြစ်ပြီး ဒေါ်လာ ၅ ဒသမ ၁ ထရီလီယံ ရှိပြီး ယမန်နှစ်က ဒေါ်လာ ၄ ဒသမ ၈၇ ထရီလီယံ ထက်အနည်းငယ်တိုးလာခဲ့ကြောင်း သိရပါသည်။

၎င်းတို့၏နောက်တွင် ဂျာမနီက ဒေါ်လာ ၄ ဒသမ ၂ ထရီလီယံဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်လျက်ရှိပြီး UK ကတော့ အဆင့် ၅ နေရာတွင် ၂ ဒသမ ၉၄ ထရီလီယံဖြင့်ရပ်တည်နေလျက် ပြင်သစ်နိုင်ငံကတော့ အဆင့် ၆ နေရာတွင် ၂ ဒသမ ၉၃ ထရီလီယံဖြင့် ရပ်တည်လျက်ရှိကြောင်း သိရပါသည်။

UK နှင့် ပြင်သစ်တို့၏နောက်တွင်အစဉ်လိုက်ရပ်တည်နေတာကတော့ အိန္ဒိယနိုင်ငံ ဒေါ်လာ ၂ ဒသမ ၈၅ ထရီလီယံ၊ အီတလီ ဒေါ်လာ ၂ ဒသမ ၁၈ ထရီလီယံ၊ ဘရာဇီးက ၂ ဒသမ ၁၄ ထရီလီယံ နှင့် ကနေဒါနိုင်ငံက ၁ ဒသမ ၈ ထရီလီယံတို့ဖြစ်ကြောင်း သိရပါသည်။

တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးသည် လွန်ခဲ့သော ၁၀ နှစ်ခန့်က တစ်ကမ္ဘာလုံးဆိုင်ရာ e-commerce ဈေးကွက်၏ ၁ ရာခိုင်နှုန်းသာရှိသော်လည်း ယခုအခါ ၄၂ ရာခိုင်နှုန်းထိရောက်ရှိလာချိန်တွင် အမေရိကန်နိုင်ငံ၏ဈေးကွက်မှာ ၃၅ ရာခိုင်နှုန်းမှ ၂၄ ရာခိုင်နှုန်းသို့ကျဆင်းလာကြောင်း သိရပါသည်။

ခန့်မှန်းချက်အနေဖြင့် ၂၀၅၀ ခုနှစ်ခန့်တွင် တရုတ်နိုင်ငံ၏စီးပွားရေးသည် အမေရိကန်ကို ကျော်တက်သွားနိုင်ဖွယ်ရှိကြောင်း PwC ကုမ္ပဏီ၏ အစီအရင်ခံစာတစ်ခုမှ သိရပါသည်။

 World Economic Forum

Tips Read 4589 times