ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ အမိန့်အမှတ် ၁၀၇/ ၂၀၂၀ နှင့် ၁၀၈/ ၂၀၂၀ အရ စက်ရုံအလုပ်ရုံများတွင် ခွင့်ပြုထားသောလုပ်ငန်းများမှအပ CMP လုပ်ငန်းများအား စက်တင်ဘာလ (၂၄) ရက်မှ အောက်တိုဘာ လ (၇) ရက်ထိ လုပ်ငန်းလည်ပတ်ခြင်းမပြုဘဲ ရပ်နားထားရန် ကြေငြာခဲ့ပါတယ်။
ယင်းကြေငြာချက်အရ လှိုင်သာယာ စက်မှုမြို့ အပိုင်း( ၁၊၂၊၃၊၄၊၆၊၇) ရှိ စက်မှုလုပ်ငန်းရှင်များအနေဖြင့်လည်း အမိန့်ကြေငြာစာအရ ခြွင်းချက်ဖြင့် ခွင့်ပြုထားသော လုပ်ငန်းများမှလွဲပြီး ကျန်လုပ်ငန်းများအားလုံး လုံးဝလုပ်ကိုင်ခြင်းမပြုဘဲ ရပ်ဆိုင်းထားရန် လှိုင်သာယာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ က ထုတ်ပြန်ပါတယ်။
"ကျွန်တော်ရည်ညွှန်းထားတာက အမိန့်ကြော်ငြာစာအမှတ် ၂ ခုကိုဘဲ ရည်ညွှန်းပြီးတော့ ထုတ်ထားတာ ၊ကျွန်တော်တို့ အဝန်းအဝိုင်းက ပါတဲ့ ဟာကို သတိပေးထားပါ။
ဖွင့်ချင်တာတွေဘာတွေ ရှိနေကြလို့ ထုတ်ပေးလိုက်တာ၊ ဖမ်းတာတွေဘာတွေ ကြ ကျွန်တော်တို့လည်း မသိဘူး၊ ထပ်ဆင့်ထုတ်ပေးလိုက်တာကျွန်တော်တို့က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်လိုက်တဲ့ စာက ပိုပြီးတော့ ပြည့်စုံတာပေါ့ " လို့ လှိုင်သာယာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အမှုဆောင်အရာရှိ ဦး အောင်ကျော် ဦးက Myanmar Labour News ကိုပြောပါတယ်။
MyanmarLabourNews