သီလဝါအထူးစီးပွားရေးဇုန်ကိုစွမ်းအားတိုးမြှင့်မည့်စီမံကိန်း


20 December, 2017

ဟတ်ချီစင်ဆိပ်ကမ်းလုပ်ငန်းကမြန်မာနိင်ငံတွင်ဆောင်ရွက်လျှက်ရှိသည့့်မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသီလဝါ(MITT)ဧ။်ကုန်ကိုင်တွယ်နိင်စွမ်းအားတိုးမြှင့်ရေးအစီအစဉ်အရကုန်သေတ္တာကိုင်တွယ်သည့်ယန္တရားအသစ်များသည်ဒုတိယအသုတ်အဖြစ် MITT ဆိပ်ကမ်းသို့ရောက်ရှိခဲ့ပြီဖြစ်သည်။

အဆိုပါယန ္တရားများမှာတရုတ်ပြည်သူ့သမ္မတနိင်ငံ ZPMC ကုမ္ပဏီထုပ်ယန ္တရားများဖြစ်ပြီးကုန်သေတ္တာ ကိုင်တွယ်မှုကိုအားဖြည့်ပေးမည့်တံတားဦးဝန်ချီကရိန်းနှစ်လက်နှင့်ကုန်သေတ္တာလွင်ပြင်ကရိန်းငါးလက်တို့ပါ၀င်ကြောင်းသိရပါသည်။

MITT သည်မြန်မာနိင်ငံဧ။်တိုးတက်လျှက်ရှိသောရေကြောင်းကုန်သွယ်မှုပမာဏ နှင့်သီလဝါအထူးစီးပွားရေးဇုန်တို့ဧ။်ကုန်စည်များအတွက်ဝန်ဆောင်မှုပေးနိင်ရန်နှင့်ဆိပ်ကမ်းဧ။်ကုန်သေတ္တာ ကိုယ်တွယ်နိင်မှုစွမ်းအားတိုးမြှင့်ဆောင်ရွက်ပေးနိင်ရေးအတွက်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့်မြန်မာနိင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်တို့ဧ။်ရင်းနှီးမြှပ်နှံတိုးမြှင့်ခံစားခွင့်အတည်ပြုချက်ရယူကာစီမံကိန်းကိုယခုနှစ်ဧပြီလမှစတင်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။

အဆိုပါစီမံကိန်းကို ၂၀၁၈ ခုနှစ်နှစ်ဆန်းပိုင်းတွင်ပြီးစီးမည်ဟုခန့်မှန်းထားပြီးစီမံကိန်းပြီးစီးပါကရန်ကုန်မြို့ရှိ ဆိပ်ကမ်းများအနက် MITT သည်ကုန်သေတ္တာကိုင်တွယ်နိင်မှုစွမ်းအားအမြင့်မားဆုံးကုန်သေတ္တာဆိပ်ကမ်း ဖြစ်လာမည်ဟုသိရသည်။

Source:myawaddy newspaper

Local News Read 1386 times