အကောင်အထည်ဖော်လျက်ရှိသော ဆောက်လုပ်ရေးစီမံကိန်းများ


13 June, 2018

ပြည်ထောင်စု လွှတ်တော်တွင် ပြည်ပချေးငွေရယူပြီး စီမံကိန်းများ အကောင်အထည်ဖော်နေသည်နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြချက်များဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်နေသည့် စီမံကိန်းလုပ်ငန်းများကို စံချိန်စံညွှန်းနှင့် အရည်အသွေးသတ်မှတ်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိတွင် ပြည်ပချေးငွေများ ရယူပြီး အကောင်အထည်ဖော်နေသည့် စီမံကိန်းများကို အရည်အသွေးကောင်းမွန်စေရန် သီးခြားကော်မတီများကို ဦးစီးဌာနအသီးသီးအလိုက် အင်ဂျင်နီယာချုပ်များ နှင့်ဦးဆောင်ဖွဲ့စည်းပေးထားပြီး ကြီးကြပ်ဆောင်ရွက်နေသည်ဟု သိရသည်။

ကန်ဒေါ်လာ သန်း ၈ဝနှင့် ဆောင်ရွက်နေသည့် မအူပင်-ကျိုက်လတ်-ဖျာပုံလမ်းစီမံကိန်းလုပ်ငန်းမှာ ၉၂ ရာခိုင်နှုန်း ကျော် ပြီးစီးနေပြီဖြစ်ပြီးတည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် မူလခန့်မှန်းကုန်ကျစရိတ်ထက် လျော့နည်းခဲ့သောကြောင့်ပိုလျှံငွေ ကန်ဒေါ်လာ သန်း ၃ဝ အား ADB အား ပြန်လည် အပ်နှံသွားမည်ဟု သိရသည်။

နိုင်ငံခြားချေးငွေ နှင့် ဆောင်ရွက်ရသည့် စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် စီမံကိန်းကာလ သုံးနှစ်အဖြစ် သတ်မှတ်လေ့ရှိသော်လည်း ပထမတစ်နှစ်မှာ အကြိုပြင်ဆင်မှုများကိုလုပ်ဆောင်နိုင်သောကြောင့် နှစ်နှစ်အတွင်း ပြီးစီးအောင် အကောင်အထည်ဖော်မည်ဟု သိရသည်။

သို့သော်မမျှော်မှန်းနိုင်သည့် အကြောင်းမာျးကြောင့် စီမံကိန်းလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုရှိခြင်း၊ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အားနည်းချက်များကြောင့် အဖြစ်များပြီး ကန်ထရိုက်တာ၏အားနည်းချက်ကြောင့်ဖြစ်ပါက ဒဏ်ကြေးငွေပေးဆောင်စေခြင်းကို စာချုပ်ပါသတ်မှတ်ချက်အတိုင်း ပေးဆောင်စေသည် ဟု သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးမှ စီမံကိန်းလုပ်ငန်းများ လုပ်ဆောင်ရာတွင် အရည်အသွေး စံချိန်စံညွှန်းများအတိုင်း လုပ်ဆောင်နိုင်ရန်အတွက် ပွင့်လင်းမြင်သာစွာ ပြသရန်သက်ဆိုင်ရာစီမံကိန်း တာဝန်ခံများအား ညွှန်ကြားထားသည်။

Kumudra

Local News Read 533 times