ယခုဘဏ္ဍာနှစ်အတွင်း သွင်းကုန်ပစ္စည်းများတင်သွင်းမှု လျော့နည်းကျဆင်းလာ


05 February, 2021

ယခုဘဏ္ဍာနှစ်စမှ ငါးလတာကာလအတွင်း ပြည်တွင်းကို ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအပါအဝင် သွင်းကုန်ပစ္စည်းများတင်သွင်းမှုဟာ ကန်ဒေါ်လာ ၇၁၇၁ ဒသမ ၁၇ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာ ၃၆၅ သန်းကျော် လျော့နည်းကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။


ပြည်တွင်းကို တင်သွင်းနေတဲ့ သွင်းကုန်အုပ်စုများဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းမှ ကန်ဒေါ်လာ ၁၇၈ သန်းကျော်၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းမှ ကန်ဒေါ်လာ ၂၁၉ သန်းကျော်၊ လူသုံးကုန်ပစ္စည်းမှ ကန်ဒေါ်လာ ၁၁၆ သန်းကျော် လျော့ကျခဲ့ပါတယ်။ ဒါပေမယ့် CMP မှ ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ ၁၄၇ သန်းကျော် ပိုမိုတင်သွင်းမှုပြုလုပ်ခဲ့ပါတယ်။

အရင်နှစ်တွေမှာ  ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းက သွင်းကုန်အုပ်စုထဲမှာ အမြင့်ဆုံးဖြစ်ခဲ့ပေမယ့် မနှစ်ကစပြီး လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းတင်သွင်းမှုတွေလည်း တက်လာခဲ့ပါတယ်။ ဒါပေမယ့် အခုနှစ်မှာတော့ ရင်းနှီးမြှုုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းအားလုံး တင်သွင်းမှုတွေ ကျလာခဲ့ပေမယ့် CMP ကတော့တက်လာပါတယ်။

 

သွင်းကုန်အစားထိုးထုတ်ကုန်တွေ တိုးမြှင့်ထုတ်လာနိုင်အောင် ကြိုးစားနေတာဖြစ်တဲ့အတွက် အခုလိုသွင်းကုန်တွေ လျော့နည်းလာတာလို့ မြင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သွင်းကုန်ပစ္စည်းများတင်သွင်းမှု လျော့ကျလာခဲ့ပေမယ့် ပို့ကုန်ပစ္စည်းများကတော့ အရင်နှစ်ကာလတူထက် ကန်ဒေါ်လာ ၈၄၅ သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

Democracy

Myanmar Industry Directory

Export, Import Read 404 times