ပြည်တွင်း၌ ပထမဦး ဆုံး ၅၀၀ ကေဗီဓာတ်အားလိုင်း ကွန်ရက် ချိတ်ဆက်ရန် လှိုင်သာယာ-ပဲခူး၊ ဘုရားကြီးကြားဓာတ်အားလိုင်း မိုင် ၆၀ ကို ဂျပန်ချေးငွေဖြင့် တည်ဆောက်ရန် ဂျပန်ကုမ္ပဏီ နှင့် ဂျပန်- မြန်မာဖက်စပ် ကုမ္ပဏီများကို ဖိတ်ခေါ်ကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ထားခဲ့ပါတယ်။
ဓာတ်အား ပို့လွှတ်ရာတွင် ပြည်တွင်း၌ ၂၃၀ ကေဗီဓာတ်အား အထိသာ အမြင့်ဆုံးရှိပြီး လက်ရှိ တွင် ဓာတ်အားပို့လွှတ်မှု ပိုမိုများ ပြားလာခြင်းနှင့် ဒေသတွင်း နိုင်ငံ များကြား ဓာတ်အားကွန်ရက် ချိတ်ဆက်ရန် ပထမဦး ဆောင် ရွက်ခြင်းဖြစ်သည်ဟု ဝန်ကြီးဌာန က ဆိုခဲ့ပါတယ်။
‘‘ဓာတ်အားစနစ်တည်ငြိမ် လာမယ်။ အာဆီယံမဟာဓာတ် အားလိုင်း ကွန်ရက်ကိုလည်း ချိတ်ဆက်လာဖို့ပါ’’ ဟု လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦး ဆောင်ညွှန်ကြားရေးမှူး ဦးစော ဝင်းမောင်က ပြောခဲ့ပါ်တယ်။
ဓာတ်အားလိုင်း တည်ဆောက်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီများသည် ဂျပန်ကုမ္ပဏီများသာဖြစ်ရမည်ဖြစ်သည်။ အကယ်၍ ဂျပန်-မြန်မာ ဖက်စပ်ဆောင်ရွက်မည်ဆိုပါက ဂျပန်ကုမ္ပဏီသည် ရှယ်ယာ ၅၀ ရာခိုင်နှုန်းပိုင်ဆိုင်ရမည်ဖြစ်ပြီး ဂျပန်နိုင်ငံ ဦးဆောင်ကုမ္ပဏီကြီးတစ်ခု ဖြစ်ရမည်ဟု ဆိုခဲ့ပါတယ်။
အဆိုပါသတ်မှတ်ချက်သည် ဂျပန် ODA ချေးငွေက သတ်မှတ် ချက်ဖြစ်သည်ဟု လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။ တင်ဒါ တင်သွင်းရမည့် ကုမ္ပဏီသည် ဂျပန်ယန်း သန်း ၂၀၀ အနည်းဆုံးတင်သွင်းရမည် ဟု လည်း ဆိုထားခဲ့ပါတယ်။
အဆိုပါ ၅၀၀ ကေဗီ ဓာတ်အားလိုင်းအတွက် မိတ္ထီလာ-တောင်ငူတွင် စတင်တည်ဆောက်ပြီး တောင်ငူ-ဘုရားကြီးအထိ ချိတ်ဆက်မည်ဖြစ်သည်။ ထို့နောက် ဘုရားကြီး-လှိုင်သာယာ-ဧရာဝတီတိုင်းအထိနှင့် ဘုရားကြီးမှတစ်ဆင့် မော်လမြိုင်-ထားဝယ်အထိ ချိတ်ဆက်ရန်ဖြစ်သည်ဟု ဦးစောဝင်းမောင်က ပြောသည်။ ထားဝယ်-မော်လမြိုင်-ဘုရားကြီး ဓာတ်အားလိုင်းသည် LNG ဓာတ်အားပေးစက်ရုံ စီမံ ကိန်းအရ တည်ဆောက်ခြင်းဖြစ် ပြီး လှိုင်သာယာ-ဧရာဝတီ ဓာတ် အားလိုင်းသည် မီးလောင်ချိုင့် LNG ဓာတ်အားပေးစက်ရုံ စီမံ ကိန်းကို ချိတ်ဆက်မည်ဖြစ်သည်။ ထိုအပိုင်းများကို LNG စီမံကိန်း လုပ်ပိုင်ခွင့်ရ ကုမ္ပဏီများကတည် ဆောက်မည်ဟု လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီး ဦးဝင်းခိုင်က ပြော ကြားထားပါတယ်။
လက်ရှိပြည်တွင်းတွင်ဓာတ် အားပို့လွှတ်ရာ၌ ၂၃၀ ကေဗီ၊ ၁၃၂ ကေဗီ၊ ၆၆ ကေဗီ၊ ၃၃ ကေဗီနှင့် ၁၁ ကေဗီဟူ၍ရှိခဲ့ပါတယ်။
7 Day Daily