နိုင်ငံခြားငွေ ငွေသားအပ်နှံမှုအပေါ်မှာ ပုဂ္ဂလိကဘဏ်များ သတ်မှတ်ကောက်ခံလျက်ရှိတဲ့ ဘဏ်စရိတ်နှုန်းထား ( Deposition Commission Rate ) ဖြေလျော့ရန် နိုင်ငံတော်ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း ( A. D ) လိုင်စင်ရ ပုဂ္ဂလိကဘဏ်များက နိုင်ငံခြားငွေ ငွေသားအပ်နှံမှုအပေါ်မှာ Bank Note အမျိုးအစား ( Denomination ) အပေါ် မူတည်၍ ဘဏ်စရိတ်နှုန်းထား ( Deposition Commission Rate ) များ ကောက်ခံလျက်ရှိပါတယ်။
နိုင်ငံပိုင်ဘဏ်များမှာ နိုင်ငံခြားငွေ ငွေသားအပ်နှံခြင်းအပေါ် ဘဏ်စရိတ်နှုန်းထားနှင့် စာရွက်စာတမ်းကြေးကောက်ခံမှုများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ ကောက်ခံခြင်းမပြုတော့ကြောင်း နိုင်ငံပိုင်ဘဏ်များက ကြေညာချက်ထုတ်ပြန်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။
သို့ဖြစ်ပါ၍ ဘဏ်များ၏ ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေ၊ ငွေသားကိုင်တွယ်သုံးစွဲမှုကို လျော့ချရန် ( A. D ) လိုင်စင်ရ ပုဂ္ဂလိကဘဏ်များအနေဖြင့် နိုင်ငံပိုင်ဘဏ်များနည်းတူ နိုင်ငံခြားသုံးငွေ ငွေသားအပ်နှံခြင်းအပေါ် ဘဏ်စရိတ်နှုန်းထားများ ကောက်ခံခြင်းမပြုပါရန် တိုက်တွန်းအကြောင်းကြားကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါထုတ်ပြန်ချက်ကို ၂၀၁၉ ခုနှစ် ဧပြီ ၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်း ( A. D ) လိုင်စင်ရ ပုဂ္ဂလိကဘဏ်များ အားလုံးကို ဖြန့်ဝေထားပါတယ်။
Dailly Eleven