ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦး
၁။ဂျက်ဖ်ဘီဇို့စ်
Amazon.com ကိုစတင်တည်ထောင်သူတစ်ဦးဖြစ်သည်။
၅၃ နှစ်အရွယ်ရှိပြီဖြစ်သော ဘီဇို့စ်သည် Amazon ၏ CEO အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
ယခုဆိုလျှင် Amazon သည် ကမ္ဘာ့အကြီးဆုံး online စျေးကွက်တစ်ခုဖြစ်လာခဲ့ပြီး တန်ဖိုးအားဖြင့် $430 ဘီလီယံကျော်ရှိလာခဲ့သည်ဟု CNBC မှတ်တမ်းများအရသိရပါသည်။
ယခုဆိုလျှင် ဘီဇို့စ်ရဲ့အသားတင်အမြတ်ငွေဟာ ဒေါ်လာ ၉၀.၆ ဘီလျံအထိရှိလာပြီဖြစ်သည်။
၂။ဘီလ်ဂိတ်
လူတိုင်းသိကြတဲ့ Microsoft ကိုစတင်ခဲ့သည့် ဘီလ်ဂိတ်ကတော့ Microsoft’s CEO အဖြစ် ၂၀၀၀ ခုနှစ်အထိဆောင်ရွက်ခဲ့ပြီးတော့ ၂၀၁၄ခုနှစ်အထိ ကုမ္ပဏီရဲ့ရှယ်ယာအများစုကိုပိုင်ဆိုင်ထားခဲ့ပါသည်။
ဂိတ်ဟာဆိုလျှင် ယခုချိန်အထိ ကုမ္ပဏီ၏ ဘုတ်အဖွဲ့တွင်းမှာ နည်းပညာအကြံပေးအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။
သူရဲ့ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၉၀ ဘီလျံဖြစ်ပါသည်။
၃။အာမန်စီယို အော်တီဂါ
သူကတော့ စပိန်နိုင်ငံရဲ့ နာမည်ကြီး Zara clothing store များရဲ့ ပိုင်ရှင်ဖြစ်ပြီး ဥရောပရဲ့ အချမ်းသာဆုံးဖြစ်ပါသည်။
အော်တီဂါ ယခုဆိုလျှင် အသက် ၈၁ ရှိပြီးဖြစ်ပြီး ကမ္ဘာ့အကြွယ်ဝဆုံး အဝတ်အထည် လက်လီရောင်းချသူအဖြစ် ရပ်တည်နေပြီး ဆိုင်ပေါင်း ရ၀၀၀ကျော်ကို ကမ္ဘာနေရာအနှံ့အပြားမှာ ဖွင့်လှစ်ထားပါသည်။
သူရဲ့ကြွယ်ဝမှုကတော့ ဒေါ်လာ ၈၃.၂ ဘီလျံရှိိပါသည်။
၄။၀ါရိန်းဘတ်ဖက်ဒ်
Berkshine Hathaway CEO ဖြစ်၍ ငယ်စဉ်ကတည်းကပင် အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်၍ ရင်းနှီးမြှုပ်နှံမှု ပညာရှင်တစ်ဦးအဖြစ် ၁၁ နှစ်သားထဲကပင် သူရဲ့ ပထမဆုံးကုန်ပစ္စည်းကိုစတင်ရောင်းချနိုင်ခဲ့ပြီး ၁၃ နှစ်သားတွင် သူရဲ့ပထမဆုံးအခွန်ငွေကို စတင်ပေးဆောင်ခဲ့ပါသည်။
ဘတ်ဖက်ဒ် ဟာအခုဆိုရင် ကုမ္ပဏီပေါင်း ၆၀ ကျော်ပိုင်ဆိုင်ထားပါသည်။
ကမ္ဘာပေါ်တွင် အတော်ဆုံးရင်းနှီးမြှုပ်နှံသူဖြစ်သော ဘတ်ဖက်ဒ်ဟာဆိုလျှင် သူရဲ့ဘဝနေထိုင်မှုတွင်လည်း သာမန်လူတန်းစားမျှသာ နေထိုင်လေ့ရှိပါသည်။
သူရဲ့ breakfast ကို ၄ ဒေါ်လာအောက်သာအသုံးပြု၍ McDonald’s မှာမနက်တိုင်းစားလေ့ရှိသည်။
သူရဲ့ကြွယ်ဝမှုကတော့ ဒေါ်လာ ရ၄.၃ ဘီလျံရှိပါသည်။
၅။မတ််ဇူကာဘတ်
ဇူကာဘတ်ကတော့ သူရဲ့ပထမဆုံး Facebook လုပ်ဆောင်မည့်အတွေးကို ၂၀၀၄ ခုနှစ်တွင် ဟားဗက်စ် တက္ကသိုလ်တွင် ဒုတိယနှစ်တက်နေစဉ်မှာပင် ရရှိခဲ့ပါသည်။
သူရဲ့လူမှုကွန်ရက်ကို တက္ကသိုလ်နယ်မြေများတွင် စတင်လုပ်ဆောင်ခဲ့ပြီး ယခုဆိုလျှင် ၁.၂ ဘီလျံနီးပါး အသုံးပြုနေပြီဖြစ်သည်။
Facebook ကုမ္ပဏီ၏ တန်ဖိုးဟာ ယခုဆိုလျှင် ဒေါ်လာ ၄၀၀ ဘီလျံနီးပါးရှိပါသည်။
ဇူကာဘတ်ဟာ အသက် ၃၃ နှစ်မှာပဲ ဘီလျံနာဖြစ်လာခဲ့ပြီး သူဟာလည်း အခြားသော ဘီလျံနာများနည်းတူ ငွေအမြောက်အမြားကို လူမှုကူညီရေးလုပ်ငန်းများအတွက် ပေးလှူခဲ့ပါသည်။
သူရဲ့ကြွယ်ဝမှုကတော့ ဒေါ်လာ ရ၂.၂ ဘီလျံပဲဖြစ်ပါသည်။
၆။ကားလိုစ်စလင်း ဟီလူ
မက္ကဆီကိုရဲ့ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဘဏ်လုပ်ငန်း၊ လက်လီရောင်းဝယ်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများပြုလုပ်ကြသော ကုမ္ပဏီပေါင်း ၂၀၀ ကျော်ကို ပိုင်ဆိုင်ထားပါသည်။
လက်တင်အမေရိကမှာဆိုရင်ဖြင့် အကြီးမားဆုံးသော မိုဘိုင်းဖုန်း ကုမ္ပဏီကြီးကိုပိုင်ဆိုင်ထားပြီး စားသောက်ကုန်များကို အခြားလုပ်ငန်းများသို့ ဒိုင်အဖြစ် ရောင်းချသော Grupo Carso conglomerate ကုမ္ပဏီကိုလည်း ပိုင်ဆိုင်ထားပါသည်။
သူရဲ့ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၆၉.၇ ဘီလျံဖြစ်ပါသည်။
၇။လာရီအယ်လီဆင်
Oracle software ကုမ္ပဏီ၏ စတင်တည်ထောင်သူနှင့် CEO လည်းဖြစ်ပါသည်။
အသက် ရ၂ နှစ် ရှိပြီဖြစ်သော အယ်လီဆင်ဟာဆိုလျှင် ၁၉၇၇ ခုနှစ်တွင် သူရဲ့ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သော်လည်းယခင်က သူသည် ကွန်ပျူတာနှင့်ပတ်သက်သော သင်တန်းများကိုပင် သင်ယူခဲ့ဖူးခြင်းမရှိပေ။
သူဟာ ကောလိပ် ၂နှစ်ကျပြီးသောအခါတွင်မူ Chicago မှ California သို့ပြောင်းသွားခဲ့ပြီး အလုပ်ပေါင်းစုံရင်းမှ ကွန်ပျူတာ programming အကြောင်းကိုစတင် သိရှိခဲ့ပါသည်။
၎င်းနှင့်အတူ အလုပ်သမား ၂ ယောက်ဖြင့် Oracle ကိုစတင်ခဲ့ရာမှ ယခုဆိုလျှင် ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး အချက်အလက်များသိမ်းဆည်းသော ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါသည်။
အယ်လီဆင်ဟာ သူရဲ့ပိုင်ဆိုင်သောငွေကြေးများကို ဇိမ်ခံပစ္စည်းများအတွက် အသုံးပြုလေ့ရှိပြီး အထင်ရှားဆုံးတစ်ခုအနေဖြင့် ဟာဝေယံရှိ လာနိုင်းကျွန်း တစ်ခုလုံးကို၀ယ်ယူခဲ့ပါသည်။
သူရဲ့ကြွယ်ဝမှုကတော့ ဒေါ်လာ ၆၂.၁ ဘီလျံရှိပါသည်။
၈။မိုက်ကယ်လ်ဘလွန်းဘဒ်
သူကတော့ စီအီးအို၊ ပရဟိတနှင့် နိုင်ငံရေးသမားစသည်ဖြင့် ကျော်ကြားပြီး ၁၉၈၁ ခုနှစ်တွင် Bloomberg L.P ဟုခေါ်သော သတင်းအချက်အလက်နှင့် နည်းပညာ ကုမ္ပဏီကို တည်ထောင်ခဲ့ပါသည်။
ကုမ္ပဏီရဲ့တန်ကြေးသည် ဒေးလာ ၄၅ ဘီလျံရှိပြီး နိုင်ငံပေါင်းများစွာတွင် ရုံးခွဲ ၁၀၀ ကျော်ကို ဖွင့်လှစ်ခဲ့ပါသည်။
သူ၏ကုမ္ပဏီမတည်ထောင်ခင်တွင်လည်း Salomon Brother, Wall Street investment bank တို့နှင့် တွဲဖက်လုပ်ကိုင်ခဲ့ပါသည်။
ပရဟိတအနေဖြင့် သူ၏ကြွယ်ဝမှုများထဲမှ ဒေါ်လာ ၅ ဘီလျံကိုလှူဒါန်းခဲ့ဖူးပြီး နိုင်ငံရေးလုပ်ရှားမှုအနေဖြင့် New York မြို့တော်ဝန်အနေဖြင့် ၂၀၀၂ မှ ၂၀၁၃ ခုနှစ်တိုင် ၃ ကြိမ်တိတိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
သူရဲ့ကြွယ်ဝမှုကတော့ ဒေါ်လာ ၅၃.၃ ဘီလျံရှိပါသည်။
၉။ဘားနတ်ဒ်အာနတ်
ဖက်ရှင်လောကတွင်နာမည်ကြီးသော Bulgari,Louis Vuitton,Dom Perignon နှင့် Sephora တို့ဟာ ဘားနတ်ဒ်ရဲ့ ပိုင်ဆိုင်သော ကုန်ပစ္စည်းအမှတ်တံဆိပ်တွေဖြစ်ကြပါသည်။
အဆိုပါ ပြင်သစ် ဘီလျံနာဟာ LVMH ရဲ့ chairman နှင့် CEO လည်းဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး
ဇိမ်ခံပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။
အသက် ၆၈ နှစ်ရှိပြီးဖြစ်သော ဘားနတ်ဒ်ဟာ အစပိုင်းတွင် ဆောက်လုပ်ရေး အင်ဂျင်နီယာဖြစ် ပြီး သူ၏မိသားစုပိုင် ကုမ္ပဏီဖြစ်သော Groupe Arnault တွင်လုပ်ကိုင်ခဲ့သည်။
သို့သော်လည်း ၁၉၈၀ ခုနှစ်မှာတော့ ဒေဝါလီခံတော့မည့် ဖက်ရှင်ကုမ္ပဏီ Christian Dior ကို၀ယ်ယူပြီး ဖက်ရှင်လုပ်ငန်းလောကထဲသို့ စတင်ဝင်ရောက်ခဲ့ပါသည်။
သူရဲ့ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၅၃ ဘီလျံရှိပါသည်။
၁၀။ချားလ်စ်နှင့် ဒေးဗစ်ကုတ်ခ်
ချားလ်စ်ကတော့ Koch စက်မှုလုပ်ငန်းရဲ့ CEO နှင့် ပူးတွဲပိုင်ရှင်ဖြစ်ပြီး ဒေးဗစ်ကတော့ အမှုဆောင် ဒုဌက္ကဥအဖြစ် တာဝန်ယူလျက်ရှိပါသည်။
၎င်းတို့၏ကုမ္ပဏီဟာ အမေရိကန်မှာ ဒုတိယအကြီးဆုံး ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေပါသည်။
သူတို့ ညီအကိုနှစ်ဦး၏ ကုမ္ပဏီသည် Dixieဖလား၊ Quilted Northern စက္ကူလက်သုတ်ပဝါများနှင့် Stainmaster ကော်ဇောသန့်စင်စက်များကို ထုတ်လုပ်လျက်ရှိပါသည်။
သူတို့ရဲ့ကြွယ်ဝမှုကတော့ ဒေါ်လာ ၄၈.၅ ဘီလျံရှိသည်။