TotalEnergies မြန်မာမှ ထွက်ခွာရန် ဆုံးဖြတ်


22 January, 2022

TotalEnergies မြန်မာမှ ထွက်ခွာရန် ဆုံးဖြတ်
 
ရတနာ ဓာတ်ငွေ့သိုက်မှာ ပူးတွဲလုပ်ကိုင်နေတဲ့ပြင်သစ်မှ စွမ်းအင် မဟာလုပ်ငန်းကြီး TotalEnergies က မြန်မာနိုင်ငံမှ ထွက်ခွာမယ်လို့ ၂၀၂၂ ဇန်နဝါရီလ ၂၁ ရက်မှာ ကြေညာပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပလုပ်ငန်းများ မြန်မာနိုင်ငံကို စွန့်ခွာကြတာမှာ နောက်ထပ်ကုမ္ပဏီကြီးတစ်ခု ထပ်တိုးသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် ရှိနေတာကြောင့် ကုမ္ပဏီရဲ့ လုပ်ငန်းနယ်ပယ် အပြင်ဘက် အပါအဝင် ကုမ္ပဏီရဲ့ တန်ဖိုးထားမှုများကို မြှင့်တင်ပေးတယ်လို့ ယူဆထားချိန်မှာ လူအခွင့်အရေးများအရ၊ ပို၍ ယေဘုယျကျတာက တရားဥပဒေစိုးမိုးရေး အ‌ခြေအနေ မြန်မာမှာ ပိုမိုဆိုးဝါးလာတာ အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ကတည်းက ဖြစ်တာကြောင့် အခြေအနေကို ပြန်အကဲဖြတ်ခဲ့ရပြီး TotalEnergies က တိုင်းပြည်မှာ လုံလောက်စွာ ကောင်းကျိုးကျေးဇူး  ပြုခွင့် ဆက်မရတော့ကြောင်း TotalEnergies က ပြောကြားပါတယ်။

ရလဒ်အဖြစ် TotalEnergies က ရတနာ လုပ်ကွက်နှင့် MGTC (Moattama Gas Transportation Company Limited )တို့မှ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 
TotalEnergies အတွက် ငွေကြေးဆိုင်ရာ နစ်နာကြေး မရရှိဘဲ ထွက်ခွာမှာ ဖြစ်ပါတယ်။

TotalEnergies  က ရတနာ ကမ်းလွန်ဓာတ်ငွေ့လုပ်ကွက်မှာ အော်ပရေတာနှင့် ရှယ်ယာဝင်အဖြစ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ 

MGTC (Moattama Gas Transportation Company Limited) မှာ  ပြင်သစ်မှ Total (၃၁.၂၄%)၊ အမေရိကန်မှ Chevron (၂၈.၂၆%)၊ ထိုင်းမှ PTTEP (25.5%) နှင့် နိုင်ငံပိုင်လုပ်ငန်း MOGE (၁၅%) တို့ ပါဝင်ပါတယ်။
၂၀၂၁ ဧပြီလမှ စ၍ အစုရှယ်ယာဝင်များကို ငွေသားခွဲဝေပေးခြင်း ဆိုင်းငံ့ကြောင်း ၂၀၂၁ မေလ ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။

MGTC ရဲ့  ဓာတ်ငွေ့ပေးပို့စနစ်က ရတနာလုပ်ကွက်မှ ထုတ်လုပ်တဲ့ ဓာတ်ငွေ့များကို ‌မြန်မာ-ထိုင်းနယ်စပ်သို့ ကီလိုမီတာ ၄၀၀ အကွာအဝေးကို ပိုက်လိုင်းဖြင့် ပေးပို့ပါတယ်။ Total Exploration & Production Myanmar က အော်ပရေတာ ဖြစ်ပါတယ်။

 

Investment/Divestment Read 368 times