ရန်ကုန်မြို့နယ်အချို့တွင် အင်္ဂါနေ့နှင့် ကြာသပတေးနေ့တွင် အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု ရှိနိုင်


13 November, 2018

ရန်ကုန်မြို့နယ်အချို့တွင် အင်္ဂါနေ့နှင့် ကြာသပတေးနေ့တို့ဝယ် အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ် ရှိနိုင်ကြောင်း           

၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် 66kV၊ 33kV ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းမာျး၊ ရေရှည်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော 11kV ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်း လုပ်ငန်းများကို (၁၃.၁၁.၂၀၁၈) ရက်နေ့(အင်္ဂါနေ့)နှင့် (၁၅.၁၁.၂၀၁၈) ရက်နေ့ (ကြာသပတေးနေ့)တို့တွင် (၉း၀၀)နာရီမှ (၁၂း၀၀)နာရီအချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

လုပ်ငန်းဆောင်ရွက်စဉ်အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင် ၊ ရန်ကင်း ၊ ပုဇွန်တောင် ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း ၊ ဗိုလ်တထောင် ၊ သာကေတ ၊ အလုံ ၊ ကမာရွတ် ၊ လမ်းမတော်၊ ကြည့်မြင်တိုင် ၊ပန်းဘဲတန်း ၊ မရမ်းကုန်း၊ လသာ၊ လှိုင်၊ အင်းစိန် ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး ၊ မှော်ဘီ၊ ထောက်ကြန့်၊ ဒါးပိန်၊ အင်းတိုင် ၊ ဥက္ကံ ၊ မြောင်းတကာ ၊ အဖျောက် ၊ ထန်းတပင်မြို့နယ်များရှိ ရပ်ကွက် အချို့တို့တွင် အဆိုပါရက်များတွင် အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ် ရှိနိုင်ပါတယ်။

၂။ ထိုသို့လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရခြင်းဖြစ်ပါသဖြင့် ယာယီဓာတ်အားပြတ်တောက်ရခြင်းအတွက် လူမှုရေးအခက်အခဲများ ပေါ်ပေါက်လာနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အများပြည်သူသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါတယ်။

Popular News Journal

Local News Read 699 times