၂၀၁၈ ဧပြီမှ ဇူလိုင်အထိ သုံးလကျော်ကာလအတွင်း ကုန်သွယ်မှုစုစုပေါင်း အမေရိကန်ဒေါ်လာ ကိုးဘီလီယံခန့်ရရှိ


20 July, 2018

၂၀၁၈ ဧပြီမှ ဇူလိုင် ပထမပတ်အထိ သုံးလကျော်အတွင်း ကုန်သွယ်မှု စုစုပေါင်း အမေရိကန် ဒေါ်လာ ကိုးဘီလီယံခွဲရှိပြီး ပြီးခဲ့သည့်နှစ် ကာလတူထက် ၁ ဒသမ ၁ ဘီလီယံ ပိုမိုကုန်သွယ်ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကထုတ်ပြန်သော စာရင်းများတွင်ဖော်ပြထားသည်။

၂၀၁၈ ဘဏ္ဍာနှစ် အကူးအပြောင်းကာလ၏ ဧပြီ ၁ ရက်မှ ဇူလိုင် ၆ ရက်အထိ သုံးလကျော် အတွင်းပို့ကုန် တန်ဖိုးကန်ဒေါ် လာ ၄ ဒသမ ၁ ဘီလီယံနှင့် သွင်း ကုန်တန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံရှိသည်။

ထို့ကြောင့် သုံးလကျော်အတွင်း ကုန်သွယ်မှုလိုငွေသည် ၁ ဒသမ ၂ ဘီလီယံ ကျော်ရှိပြီး ပြီးခဲ့ သည့်နှစ် ကာလတူတွင်ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီ လီယံရှိသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပို့ကုန်များအနက် အထည်ချုပ်အပါအဝင် စက်မှုကုန်ချော ပို့ကုန်များသည် ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာသန်း ၉၀၀ ကျော် ပိုမို တင်ပို့ခဲ့သည်။ သို့သော် လယ်ယာထုတ်ကုန် တင်ပို့မှုတွင် ဒေါ်လာ သန်း ၇၀၀ ကျော်ရှိပြီး ပြီးခဲ့သည့် နှစ်ထက် သန်း ၁၄၀ ကျော် လျော့နည်းခဲ့သည်။

သွင်းကုန်များတွင် လုပ်ငန်းသုံး ကုန်ကြမ်းတင်သွင်းမူ အများဆုံးဖြစ်ပြီး ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် လုပ်ငန်းသုံးကုန်ကြမ်းတင်သွင်းမှုသည် သန်း ၃၂၀ ခန့် ရှိသည်ဟု သိရသည်။

‘‘အစိုးရရဲ့ ကိန်းဂဏန်း တွေမှာတော့ စီးပွားရေးက တက်တယ်။ တကယ် လက်တွေ့အပြင် မှာတော့ ပြည်သူတွေက စီးပွား ရေးကျပ်နေတယ်။ ဒါကိုဖြေရှင်း ပေးဖို့လိုပါတယ်’’ ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကပြောသည်။

နိုင်ငံ၏ ကုန်သွယ်မှုလို ငွေမြင့်တက်နေသော်လည်း လက်ရှိ သွင်းကုန်များသည် နိုင်ငံအတွက် မရှိမဖြစ် လိုအပ်သည့်ပစ္စည်းများသာဖြစ်၍ လျှော့ချရန် မဖြစ်နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောခဲ့ပါသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃၃ ဒသမ ၅၂ ဘီလီယံရှိပြီး ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၁၄ ဒသမ ၈ ဘီ လီယံနှင့် သွင်းကုန် တန်ဖိုး ၁၈ ဒသမ ၆ ဘီလီယံရှိကာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ လေး ဘီလီယံခန့်ရှိသည်။

7 Day Daily

Export, Import Read 436 times