၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကာလ ငါးလတာအတွင်းမှာ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ငွေကြေးပမာဏ ပြန်လည်မြင့်တက်လာခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇၀၁.၅၈၄ မီလီယံထိ ရရှိခဲ့ပါတယ်။
အခြားနိုင်ငံတွေကနေ ဝင်ရောက်လာတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေမှာ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍဟာ အမေရိကန်ဒေါ်လာ ၆၈၀.၅၆၃ မီလီယံ ရရှိထားပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိထားတာပါ။
ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံမှု ရရှိထားတဲ့ ကဏ္ဍကတော့ ကုန်ထုတ်လုပ်ငန်းတွေ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅၂၀.၇၈၅ မီလီယံ ရင်းနှီးမြှုပ်နှံမှု ရရှိထားတာ ဖြစ်ပါတယ်။
တတိယ ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိထားတဲ့ လုပ်ငန်းတွေကတော့ အထွေထွေ ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၃၉. ၈၂၁ မီလီယံ ရရှိထားပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်လုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၃ မီလီယံကျော်၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွေက ၅၄ မီလီယံကျော်၊ စက်မှုဇုန်တွေက ၄၈ မီလီယံကျော်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းတွေက ၃၃ မီလီယံကျော်၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေက ၁၄ မီလီယံကျော်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေက ၁၀ မီလီယံကျော် ရရှိထားပါတယ်။
ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေကတော့ အခြားကဏ္ဍတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တာ အနည်းဆုံး ဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆.၃၄၀ မီလီယံပဲ ရှိပါတယ်။
မြန်မာနိုင်ငံကို စင်ကာပူ၊ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ ယူကေ၊ ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှား၊ နယ်သာလန်၊ ဂျပန် စတဲ့ နိုင်ငံတွေက အများဆုံး လာရောက် ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။
အဲဒီထဲကမှ စင်ကာပူက ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၆.၂၂ မီလီယံနဲ့ ပမာဏ အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၅.၇၀ မီလီယံနဲ့ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားပါတယ်။
DICA