ခရီးသွားလုပ်ငန်းအတွက် “travel bubbles”


20 June, 2020

Coronavirus ကူးစက်ရောဂါကြောင့်နိုင်ငံတကာခရီးသွားလုပ်ငန်းသည် ယခုနှစ် ၈၀% အထိကျဆင်းသွားနိုင်သည်ဟု ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့၏အဆိုအရ သိရသည်။

ခရီးသွားလုပ်ငန်း ရပ်တန့်နေသည်ကို ပြန်အသက်ဝင်ရန် လုပ်ဆောင်ကြရာ “Free travel zones” “corona corridors” “travel bubbles” စသည့် အသုံးအနှုန်းဖြင့် နိုင်ငံများအကား သဘောတူညီချက် ရယူကာ ခရီးသွားများ သွားလာခွင့်ကို စီမံခဲ့ကြရာ ယခုအခါ “travel bubbles” အသုံးအနှုန်းကို အသုံးပိုများလာသည်ကို တွေ့ရသည်။

“travel bubbles” ၏ အဓိကအချက်မှာ ဆိုက်ရောက်ခရီးသည်ကို quarantine ကင်းလွတ်ခွင့်ပေးရန် သဘောတူခြင်း ဖြစ်သည်။ ထို့အတွက် ထွက်ခွာမည့်နိုင်ငံတွင် ကိုဗစ်အတွက် ဆေးစစ်ချက် ရယူပြီး ကိုဗစ်ကင်းရှင်းကြောင်း လက်မှတ်ကို ထုတ်ပေးနိုင်ရမည် ဖြစ်သည်။

ထို့အတွက် ခရီးသွား လက်ခံပေးမည့် နိုင်ငံသည် မည်သည့်နိုင်ငံများမှ ရောက်ရှိလာသူများကို လက်ခံမည် ဖြစ်ကြောင်း ရွေးချယ်မည်ဖြစ်ပြီး ထိုနိုင်ငံအသီးသီးနှင့် “travel bubbles” နှစ်နိုင်ငံ သဘောတူညီချက် ရယူပြီး အကောင်အထည်ဖော်မည် ဖြစ်သည်။

စစချင်းတွင် ခရှီးသွား ရာဇဝင် နောက်ကြောင်းခြေရာခံဖို လွယ်သောသူများ ဖြစ်သည့် စီးပွားရေး အလုပ်ကိစ္စဖြင့် လာရောက်သူများကို “travel bubbles” ဖြင့် ခရီးသွားလာနိုင်အောင် စီစဉ်ပေးကြမည် ဖြစ်သည်။ ထိုသိုံ “travel bubbles” သဘောတူညီချက် ရယူထားပြီး ဆိုက်ရောက်ခရီးသည်ကို

quarantine ကင်းလွတ်ခွင့် ပေးမည်ဖြစ်သော်လည်း ကျန်းမာရေးဆေးစစ်ချက် အကျအန လုပ်ဆောင်မည် ဖြစ်သည်။ ထို့ အတွက် ကုန်ကျစရိတ်ကို ခရီးသည်က ကျခံပေးရခြင်းမျိုးလည်း ရှိနိုင်သည်။

သို့ရာတွင် ပြည်ပသို့ ခရီးသွားခဲ့ပြီးနောက် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိသောအခါတွင် quarantine ကင်းလွတ်ခွင့် ပေးဖို့ လိုအပ်ပြီး ထိုလိုအပ်ချက်ကို မိခင်နိုင်ငံအနေဖြင့် ခွင့်ပြုပေးဖို့ ခဲယဉ်းနေဆဲဖြစ်သည်။

Global News Read 572 times