နိုင်ငံတကာ ခရီးသွားလုပ်ငန်း အောက်တိုဘာလအထိ ဆိုင်းငံ့ထားဦးမည်


04 August, 2020

အောက်တိုဘာလအထိ ပြည်ပလေကြောင်းများ ဆိုက်ရောက်နိုင်မည် မဟုတ်။ ခရီးသည်တင် ပြည်ပလေကြောင်းလိုင်းများ ဆိုက်ရောက်ခြင်းကို ပိတ်ပင်ထားဆဲဖြစ်ပြီး ၁၅ ရက်တစ်ကြိမ် လဝက် သက်တမ်းတိုးမြှင့် သတ်မှတ်လျက် ရှိပါတယ်။ ပြည်တွင်းမှ နိုင်ငံတကာလေကြောင်းလိုင်းများအနေဖြင့် ပြည်ပခရီးစဉ်များကို အောက်တိုဘာလ မတိုင်ခင်အထိ ပုံမှန်ပျံသန်းနိုင်ဉီးမှာ မဟုတ်ဘူးလို့ တွက်ဆကြရပါတယ်။ ပြည်ပ လေကြောင်းများအနေဖြင့်လည်း ခရီးစဉ်များ ရပ်ဆိုင်းထားကြရပါတယ်.

လောလောဆယ်မှဦ ပြည်ဝင်ခွင့် ဗီဇာများ ထုတ်ပေးခြင်း မပြုပါ။ ပြည်ပရောက် မြန်မာနိုင်ငံသားများကို အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန်နှင့် ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံခြားသားများ ထွက်ခွာရန်အတွက်သာ ကယ်ဆယ်ရေး လေကြောင်းလိုင်းများနှင့် ကုန်တင်လေယာဉ်များဖြင့် လိုက်ပါဖို့ ခွင့်ပြုပေးထားပြီး ဆိုက်ရောက်လာကြတဲ့အခါ ကိုဗစ်ကာကွယ်ရေး စီမံချက်နဲ့အညီ quarintine စခန်းဝင်ကြရပါတယ်၊

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကျင်ပးခဲ့တဲ့ 9th Mekong Tourism Advisory Group အစည်းအဝေးမှာ တာဝန်ရှိသူတွေ ပြောကြားခဲ့ရာမှာ ကိုဗစ်ကာကွယ်ရေးအတွက် ဖြေလျော့မှုတွေ ရှိလောပြီ ဖြစ်ပေမဲ့ နိုင်ငံတကာ ခရီးသွားလုပ်ငန်းကိုတော့ အောက်တုိဘာလအထိ ဆိုင်းငံ့ထားဦးမယ်ဆိုတာ အသိပေးပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍအနေဖြင့် ဟိုတယ်ပေါင်း ၁၃၀၀ ဝန်းကျင်ဟာ ပြည်ပ ခရီးသည် မရနိုင်တာမို့ ပြည်တွင်းခရီးသည်များကို လုံးဝအားပြုကြရတာ တွေ့ရပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး အစရှိတဲ့နေရာတွေမှာ ပြည်တွင်းခရီးသွားတွေ လာရောက်တည်းခိုတဲ့အပေါ် တည်မှီကြရပါတယ်။

COVID-19 ရောဂါ နှင့် ပတ်သက်၍ ဖြေလျှော့မှုများ ပြုပြီးနောက်မှာ ခရီးသွားလာသူများ ပြန်လည်များပြားလာခဲ့ပါတယ်။ ရုံးပိတ်ရက် ၄ ရက် ဆက်တိုက်ပိတ်လိုက်တာကြောင့်လည်း ခရီးထွက်သူ ပိုများပြားစေခဲ့ပါတယ်၊ ပုဂံကို လာရောက်သူတွေနဲ့ ပြန်လည်စည်းကားခဲ့ပေမဲ့ ၂၀၁၉ ခုနှစ် ကာလတူ နှင့် နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ဆင်ဟွာကိုပြောကြားခဲ့ပါတယ်။

ပုဂံနဲ့ မန္တလေးတို့မှာ ဟိုတယ်နဲ့ တည်းခိုခန်းတွေ ၇၅% ဝန်းကျင် အခန်းပြည့်ခဲ့တယ်လို့ TTR WEEKLY မှာ ဖော်ပြထားပါတယ်။

အပန်းဖြေခရီးထွက်တဲ့သူတွေအနေဖြင့် တည်းခိုဖို့နေရာ မရလို့ လိုက်ရှာရတာမျိုးလည်း ရှိခဲ့ပါတယ်။ မော်လမြိုင်ကို ခရီးထွက်ဖို့ စီစဉ်ခဲ့တဲ့ သှျှင်မင်းဘိုက "မော်လမြိုင်ဘက် အလည်အပတ် ခရီးထွက်ဖို့ Golden Dream Resort ကြိုတင် စာရင်းပေးတယ်။ ပထမ ရတယ်လို့ ပြောတယ်။ နောက်တော့ ဖုန်းပြန်ဆက်တယ်။ အခန်းတွေ ပြည့်နေလို့ မရနိုင်တော့ဘူးတဲ့။ အဲဒါကြောင့် ခရီးစဉ် ပြောင်းပစ်လိုက်တယ်။ ပြည်ကိုပဲ နေ့ချင်းပြန် ခရီးထွက်ဖြစ်တယ်။ ကံဖယ်တာလို့ ပြောရမယ် ထင်တယ်။ အခု မော်လမြိုင် သွားတဲ့လမ်းမှာ ရေကြီးလို့ လမ်းပေါ် ရေကျော်နေတယ်လို့ ကြားတယ်" လို့ ပြောပါတယ်။ မြွေပူရာကင်းနှောက် ဆိုသလို ကိုဗစ်ကြောင့် သွားလာမှုတွေ ကျုံ့နေချိန်မှာ သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းဟာလည်း ခရီးသွားလာမှုကို အနည်းနဲ့အများ ထိခိုက်စေပါတယ်။

အဆိုးထဲမှ အကောင်းလို့ ဆိုရမှာက ပြည်တွင်းဧည့်ခရီးသည်များဟာ ပြည်ပဧည့်ခရီးသည်များကြောင့် မှေးမှိန်နေခဲ့ပြီး ပြည်ပဧည့်ခရီးသည် ဉီးစားပေး လုပ်ဆောင်မှုတွေ အခုအခါမှာ ကွယ်ပျောက်သွားတာ ဖြစ်ပါတယ်။ ရန်ကုန်မှာ ရှိနေတဲ့ ဟိုတယ် အခန်း ၇၀၀ ဝန်းကျင်ဟာ quarantine နှစ်ပတ်နေထိုင်ဖို့ ကြိုတင်အခန်းယူထားခြင်း ရရှိကြပါတယ်။

ခရီသွားလုပ်ငန်း ကုမ္ပဏီတွေအနေဖြင့် နိုင်ငံခြားသား ဧည့်ခရီးသွားများအစား ပြည်တွင်း ဧည့်ခရီးသွားတွေဘက်ကို အချိုးအကွေ့တစ်ခု ဖြစ်ပေါ်လာစေမယ့် မောင်းနှင်အားလည်း ဖြစ်ပေါ်နေပါတယ်။

Local News Read 544 times