မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေးစိစစ်မှုပြုရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ (၁၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပြုလွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား အတည်ပြု (၂) ခု ၊ခွင့်ပြု (၁) ကို ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။
အတည်ပြု (၂) ခု ခုထဲတွင် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၁) ခု၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုုပ်နှံမှု (၁) ခု ၊ ခွင့်ပြုခဲ့သည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်း(၁)ခု ပါဝင်ပါသည်။
● ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
=================
(၁) မြေကွက်အမှတ်-၁၂၂ ၊ မြေတိုင်းရပ်ကွက် အမှတ်-၁၄ ၊ မင်းဧရာလမ်း နှင့် သံလွင်လမ်းထာင့်၊ ရွှေသံလွင်စက်မှုဇုန်၊ လှိုင်သာယာမြိုန့ယ်၊ ရန်ကုန်တိုင်းဒေသကြီး ။ CMP စနစ်ဖြင့် အထညချုပ်လုပ်ခြင်း လုပ်ငန်း။Textile Handiworks Co., Ltd.
● မြန်မာနိုင်ငံသားများ ရင်းနှီးမြှုုပ်နှံမှု
=================
(၁) တိုက်အမှတ်-၁၄၊ မြေညီထပ် နှင့် ပထမထပ် ၊ MICT Park ၊ တက္ကသိုလ်များ လှိုင်နယ်မြေ ၊ ၁၂ ရပ်ကွက် လှိုင်မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး။ Fortune TV Channel Production and Broadcasting လုပ်ငန်း။ Fortune Broadcasting Co., Ltd.
● ခွင့်ပြုခဲ့သည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်း
=========================
(၁) အမှတ် အေ/၉၊ ပထမထပ်၊ ရွှေကမ္ဘာအိမ်ယာ၊ မင်းဓမ္မလမ်း၊မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ။
ဆက်သွယ်ရေး ဝန်ဆာင်မှုလုပ်ငန်း။ Stream Net Co., Ltd.
မြန်မာနိုင်ငံခြားရင်းနှီးမြှုပ်နံှမှု့ ကော်မရှင် ၁၅/၂၀၁၈ ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့သည့် ရင်နှီးမြှုပ်နှံမှု့ လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်း (၁၄၈)ခု ၊ အတည်ပြုခဲ့သည့် ရင်နှီးမြှုပ်နှံမှု့ လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်း (၈၀၅)ခု ဖန်တီး ပေးနိုင်ခဲ့ပါတယ်။