အောက်တိန်းဆီ နှစ်မျိုး တစ်လီတာလျှင် ၁၀ ကျပ်စီ ပြန်ကျ


22 October, 2018

လေးလဆက်တိုက်စံ ချိန်တင်မြင့်တက်သည့် အောက် တိန်းဆီနှစ်မျိုး ယမန်နေ့က တစ် လီတာလျှင် ကျပ် ၁၀ စီ ပြန်လည် ကျဆင်းခဲ့သည်။

ဇွန်လက စ၍ ပြည်တွင်းစက် သုံးဆီဈေးနှုန်း ဆက်တိုက်မြင့် တက်ပြီး အောက်တိုဘာ ၂၀ ရက်တွင် အောက်တိန်း-92 တစ်လီ တာလျှင် ၁,၀၅၅ ကျပ်နှင့် အောက် တိန်း-95 တစ်လီတာလျှင် ၁,၁၀၅ ကျပ်ရှိခဲ့ရာ တစ်လီတာလျှင် ကျပ် ၁၀ စီ ကျဆင်းခဲ့သည်။

သို့သော် ဒီဇယ်တစ်လီတာ လျှင် ၁,၀၉၅ ကျပ်နှင့် ပရီမီယမ်ဒီ ဇယ်တစ်လီတာလျှင် ၁,၁၀၅ ကျပ် ဖြင့် ရောင်းချပြီး ယင်းစက်သုံးဆီ နှစ်မျိုးသည် ဈေးအပြောင်းအလဲ မရှိပေ။ ပြည်တွင်းစက်သုံးဆီဈေး နှုန်းများသည် ကန်ဒေါ်လာလဲနှုန်း နှင့် ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက် ခြင်းတို့ကြောင့် ဈေးလိုက်တက် ခဲ့ပြီး စက်သုံးဆီ သုံးစွဲသူများအ ကြား ဝေဖန်မှုများ ထွက်ပေါ်ခဲ့ သည်။

‘‘အခု ဒေါ်လာဈေးက ငြိမ်နေပြီး ကမ္ဘာ့ရေနံစိမ်းဈေးက ပြန်ကျ နေတာကြောင့် ပြည်တွင်းဈေး ကွက်ပါ အပြောင်းအလဲရှိလာတဲ့ သဘောပဲ’’ဟု စက်သုံးဆီရောင်း ဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုအောင်ထွန်းက ပြောသည်။

ဒေါ်လာလဲနှုန်းသည် အောက်တိုဘာ ၂၀ ရက်က တစ်ဒေါ်လာ လျှင် ၁,၅၈၂ ကျပ်ရှိပြီး ယခုလဆန်းပိုင်းကထက် တစ်ဒေါ်လာ လျှင် ကျပ် ၅၀ ခန့် မြင့်တက်နေသည်။

ကမ္ဘာ့ရေနံစိမ်းဈေးသည် ယခု လဆန်းပိုင်းကထက် တစ်စည်လျှင် ငါးဒေါ်လာခန့် ကျဆင်းလာကြောင်း ဈေးကွက်စာရင်းများက ဖော်ပြသည်။

7 day

Local News Read 591 times